တခါတုန်းက လယ်သမားအိုကြီး တယောက်မှာ သူ့လယ်ကို ထွန်ယက်ပေးဖို့ မြင်းအိုကြီး တကောင် ရှိပါတယ်။ တနေ့မှာတော့ သူ့မြင်းကြီးဟာ တောင်တန်းတွေ ရှိတဲ့ဘက် ဆီကို ထွက်ပြေး သွားပါလေရော။
အဲဒီတော့ လယ်သမားကြီးရဲ့ အိမ်နီးချင်းတွေက လယ်သမားကြီး "ကံဆိုးလိုက်တာ" ဆိုပြီး သနားနေကြ သတဲ့။ လယ်သမားကြီးက "ကံဆိုးတာလား ကံကောင်းတာလား ဘယ်သူက သိမှာလဲ" လို့ ပြန်ပြောသတဲ့။
တပတ်လောက်လည်း ကြာရော မြင်းအိုကြီးဟာ တခြား မြင်းရိုင်းအုပ်ကြီးကို ခေါ်လာပြီး ပြန်ရောက်လာ သတဲ့။ အဲဒီ အချိန်လည်း ကျရော အိမ်နီးချင်း တွေက လယ်သမားကြီးရဲ့ ကံကောင်းမှုကို ချီးကျူး ဂုဏ်ပြုကြ ပြန်တယ်။
လယ်သမားကြီးကတော့ "ကံဆိုးတာလား၊ ကံကောင်းတာလား၊ ဘယ်သူက သိမှာလဲ" လို့ပဲ ပြောသတဲ့။
အဲဒီနောက် ရက်နဲနဲ ကြာလာတော့ လယ်သမားကြီးရဲ့ သားဟာ မြင်းရိုင်းတွေကို ယဉ်ပါးအောင် လုပ်ရင်းနဲ့ မြင်းရိုင်းတကောင်ကို တက်အစီးမှာ ပြုတ်ကျပြီး ခြေထောက် သွင်သွင် ကျိုးသွား ပါလေရော ။
အိမ်နီးချင်း အားလုံးကတော့ "ကံဆိုးလိုက်လေခြင်း" ဆိုပြီး တွေးသတဲ့။ လယ်သမားကြီး ကတော့ သူ့ရဲ့ ထုံးစံ အတိုင်းပါပဲ" ကံဆိုးတာလား၊ ကံကောင်းတာလား၊ ဘယ်သူက သိမှာလဲ" တဲ့။
ဒီလိုနဲ့ ရက်သတ္တပတ် အနည်းငယ် အကြာမှာ စစ်တပ် တခုဟာ အဲဒီ ရွာလေးဆီကို ချီတက် လာလေသတဲ့။
ကျန်းမာ သန်စွမ်းတဲ့ လူငယ်ယောက်ျားလေး မှန်သမျှ စစ်မှုမထမ်း မနေရ စနစ်ကြောင့် ဒီရွာမှာ စစ်သားသစ်တွေ လာရှာကြတာတဲ့။
အဲဒီအချိန်မှာ လယ်သမားကြီးရဲ့ သားဟာ ခြေထောက် ကျိုးနေတဲ့ အတွက် ကင်းလွတ်ခွင့် ရသွားခဲ့တယ်။
ဒါကြောင့် အကြောင်း တစုံတရာ ဖြစ်ပေါ်လာခြင်းဟာ "ကံဆိုးဖို့ ဖြစ်လာတာလား ၊ ကံကောင်းဖို့ ဖြစ်လာတာလား ဆိုတာ ဘယ်သူက သိနိုင်မှာလဲ" Crd
Zawgyi
ဘယ္သူ သိႏိုင္မွာလဲ
တခါတုန္းက လယ္သမားအိုႀကီး တေယာက္မွာ သူ႔လယ္ကို ထြန္ယက္ေပးဖို႔ ျမင္းအိုႀကီး တေကာင္ ရွိပါတယ္။ တေန႔မွာေတာ့ သူ႔ျမင္းႀကီးဟာ ေတာင္တန္းေတြ ရွိတဲ့ဘက္ ဆီကို ထြက္ေျပး သြားပါေလေရာ။
အဲဒီေတာ့ လယ္သမားႀကီးရဲ႕ အိမ္နီးခ်င္းေတြက လယ္သမားႀကီး "ကံဆိုးလိုက္တာ" ဆိုၿပီး သနားေနၾက သတဲ့။ လယ္သမားႀကီးက "ကံဆိုးတာလား ကံေကာင္းတာလား ဘယ္သူက သိမွာလဲ" လို႔ ျပန္ေျပာသတဲ့။
တပတ္ေလာက္လည္း ၾကာေရာ ျမင္းအိုႀကီးဟာ တျခား ျမင္း႐ိုင္းအုပ္ႀကီးကို ေခၚလာၿပီး ျပန္ေရာက္လာ သတဲ့။ အဲဒီ အခ်ိန္လည္း က်ေရာ အိမ္နီးခ်င္း ေတြက လယ္သမားႀကီးရဲ႕ ကံေကာင္းမႈကို ခ်ီးက်ဴး ဂုဏ္ျပဳၾက ျပန္တယ္။ လယ္သမားႀကီးကေတာ့ "ကံဆိုးတာလား၊ ကံေကာင္းတာလား၊ ဘယ္သူက သိမွာလဲ" လို႔ပဲ ေျပာသတဲ့။
အဲဒီေနာက္ ရက္နဲနဲ ၾကာလာေတာ့ လယ္သမားႀကီးရဲ႕ သားဟာ ျမင္း႐ိုင္းေတြကို ယဥ္ပါးေအာင္ လုပ္ရင္းနဲ႔ ျမင္း႐ိုင္းတေကာင္ကို တက္အစီးမွာ ျပဳတ္က်ၿပီး ေျခေထာက္ သြင္သြင္ က်ိဳးသြား ပါေလေရာ ။ အိမ္နီးခ်င္း အားလုံးကေတာ့ "ကံဆိုးလိုက္ေလျခင္း" ဆိုၿပီး ေတြးသတဲ့။ လယ္သမားႀကီး ကေတာ့ သူ႔ရဲ႕ ထုံးစံ အတိုင္းပါပဲ" ကံဆိုးတာလား၊ ကံေကာင္းတာလား၊ ဘယ္သူက သိမွာလဲ" တဲ့။
ဒီလိုနဲ႔ ရက္သတၱပတ္ အနည္းငယ္ အၾကာမွာ စစ္တပ္ တခုဟာ အဲဒီ ႐ြာေလးဆီကို ခ်ီတက္ လာေလသတဲ့။ က်န္းမာ သန္စြမ္းတဲ့ လူငယ္ေယာက္်ားေလး မွန္သမွ် စစ္မႈမထမ္း မေနရ စနစ္ေၾကာင့္ ဒီ႐ြာမွာ စစ္သားသစ္ေတြ လာရွာၾကတာတဲ့။ အဲဒီအခ်ိန္မွာ လယ္သမားႀကီးရဲ႕ သားဟာ ေျခေထာက္ က်ိဳးေနတဲ့ အတြက္ ကင္းလြတ္ခြင့္ ရသြားခဲ့တယ္။
ဒါေၾကာင့္ အေၾကာင္း တစုံတရာ ျဖစ္ေပၚလာျခင္းဟာ "ကံဆိုးဖို႔ ျဖစ္လာတာလား ၊ ကံေကာင္းဖို႔ ျဖစ္လာတာလား ဆိုတာ ဘယ္သူက သိႏိုင္မွာလဲ" Crd
0 Comments