ရေတွင်းပျက်ထဲကမြည်း

တခါတုန်းက လယ်သမား တယောက်ရဲ့ မြည်းဟာ ရေတွင်း ပျက်ထဲ ပြုတ်ကျ ပါလေရော။ မြည်းက စနားစဖွယ် ငိုကြွေး နေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လို လုပ်ရမလဲ ဆိုတာ အကြံ ထုတ်နေ ခဲ့တယ်။

မြည်းဟာ အိုမင်းနေပြီး ရေတွင်းဟောင်း ကလည်း ဟောင်းနေလို့ မြေဖို့ပစ်ဖို့ လိုနေပြီ။ ဒါကြောင့် မြည်းကို ကယ်တင်ဖို့ မထိုက်တန် တော့ဘူးလို့ လယ်သမားက ဆုံးဖြတ်လိုက်တယ်။

လယ်သမားဟာ အိမ်နီးချင်း တွေကို ဖိတ်ခေါ်ပြီး အကူအညီ တောင်းခဲ့တယ်။ အိမ်နီးချင်း တွေလည်း ဂေါ်ပြား ကိုယ်စီ ကိုင်ပြီး ရောက်လာ ကြပါတယ်။

ရေတွင်းကို အမှိုက်တွေ မြေကြီး တွေနဲ့ စတင် ဖို့ကြ ပါတယ်။ ပထမတော့ မြည်းဟာ သူ့ကို ရေတွင်း ထဲမှာ မြေကြီးနဲ့ ဖို့သတ် နေတယ် ဆိုတာသိပြီး တုန်လှုပ် ငိုကြွေးနေ ပါတော့တယ်။

နောက်တော့ မြည်းဟာ ငြိမ်သက် သွားတယ်။ မြေကြီးတွေ အတော် ဖို့ပြီးတော့ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့် လိုက်တယ်။ လယ်သမားဟာ မြင်လိုက်ရတဲ့ အရာကို အံအားသင့် သွားတယ်။

မြည်းဟာ သူ့ရဲ့ ကျောပေါ် ကျလာတဲ့ အမှိုက်တွေ မြေကြီးတွေကို ခါချပြီး မြင့်တက်လာတဲ့ မြေသားနဲ့ အတူ အပေါ်ကို တဖြည်းဖြည်း ရောက်လာတယ်။

နောက်ဆုံးမှာ မြည်းဟာ သူ့ကို ဖို့တဲ့ မြေကြီး တွေကို အသုံးချရင်း ရေတွင်းထဲက လွတ်မြောက် လာခဲ့ပါတယ်။

ကျနော်တို့တွေရဲ့ ဘဝကလည်း အလားတူပါပဲ။ လောကကြီး ကတော့ ကျနော်တို့ ကျောကုန်းပေါ်ကို အခက်အခဲတွေ ဒုက္ခတွေ ပစ်ချမှာပဲ။ ဒါပေမယ့် ကျနော်တို့ လဲကျ သွားလို့မှ မရတာ။

အဲဒီလို အခက်အခဲတွေ ဒုက္ခတွေ ကနေ လွတ်ချင်ရင်တော့ ကျနော်တို့ရဲ့ ကျောပေါ်က အခက်အခဲတွေ ဒုက္ခတွေကို ခါချ နိုင်အောင် ကြိုးစားပြီး အဲ့ဒီ အတွေ့အကြုံတွေကို အသုံးပြုကာ နောက်တဆင့်ကို တက်ရမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒုက္ခ ဆိုတာ ဘဝ အောင်မြင်ဖို့ အတွက် လှေခါးထစ် တွေပဲ ဖြစ်ပါတယ်။ ဘယ်လို နက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲ ကျရောက်ပါစေ အရှုံးမပေးပါနဲ့၊ ဒုက္ခတွေကို ခါထုတ်ပစ် လိုက်ပြီး လှေခါးထစ်လို အသုံးချလိုက်ပါ။

Crd

Zawgyi

ေရတြင္းပ်က္ထဲကျမည္း

တခါတုန္းက လယ္သမား တေယာက္ရဲ႕ ျမည္းဟာ ေရတြင္း ပ်က္ထဲ ျပဳတ္က် ပါေလေရာ။ ျမည္းက စနားစဖြယ္ ငိုေႂကြး ေနခဲ့ၿပီး၊ လယ္သမားကလည္း ဘယ္လို လုပ္ရမလဲ ဆိုတာ အႀကံ ထုတ္ေန ခဲ့တယ္။

ျမည္းဟာ အိုမင္းေနၿပီး ေရတြင္းေဟာင္း ကလည္း ေဟာင္းေနလို႔ ေျမဖို႔ပစ္ဖို႔ လိုေနၿပီ။ ဒါေၾကာင့္ ျမည္းကို ကယ္တင္ဖို႔ မထိုက္တန္ ေတာ့ဘူးလို႔ လယ္သမားက ဆုံးျဖတ္လိုက္တယ္။

လယ္သမားဟာ အိမ္နီးခ်င္း ေတြကို ဖိတ္ေခၚၿပီး အကူအညီ ေတာင္းခဲ့တယ္။ အိမ္နီးခ်င္း ေတြလည္း ေဂၚျပား ကိုယ္စီ ကိုင္ၿပီး ေရာက္လာ ၾကပါတယ္။

ေရတြင္းကို အမႈိက္ေတြ ေျမႀကီး ေတြနဲ႔ စတင္ ဖို႔ၾက ပါတယ္။ ပထမေတာ့ ျမည္းဟာ သူ႔ကို ေရတြင္း ထဲမွာ ေျမႀကီးနဲ႔ ဖို႔သတ္ ေနတယ္ ဆိုတာသိၿပီး တုန္လႈပ္ ငိုေႂကြးေန ပါေတာ့တယ္။

ေနာက္ေတာ့ ျမည္းဟာ ၿငိမ္သက္ သြားတယ္။ ေျမႀကီးေတြ အေတာ္ ဖို႔ၿပီးေတာ့ လယ္သမားဟာ ေရတြင္းထဲကို ငုံ႔ၾကည့္ လိုက္တယ္။ လယ္သမားဟာ ျမင္လိုက္ရတဲ့ အရာကို အံအားသင့္ သြားတယ္။

ျမည္းဟာ သူ႔ရဲ႕ ေက်ာေပၚ က်လာတဲ့ အမႈိက္ေတြ ေျမႀကီးေတြကို ခါခ်ၿပီး ျမင့္တက္လာတဲ့ ေျမသားနဲ႔ အတူ အေပၚကို တျဖည္းျဖည္း ေရာက္လာတယ္။

ေနာက္ဆုံးမွာ ျမည္းဟာ သူ႔ကို ဖို႔တဲ့ ေျမႀကီး ေတြကို အသုံးခ်ရင္း ေရတြင္းထဲက လြတ္ေျမာက္ လာခဲ့ပါတယ္။

က်ေနာ္တို႔ေတြရဲ႕ ဘဝကလည္း အလားတူပါပဲ။ ေလာကႀကီး ကေတာ့ က်ေနာ္တို႔ ေက်ာကုန္းေပၚကို အခက္အခဲေတြ ဒုကၡေတြ ပစ္ခ်မွာပဲ။ ဒါေပမယ့္ က်ေနာ္တို႔ လဲက် သြားလို႔မွ မရတာ။

အဲဒီလို အခက္အခဲေတြ ဒုကၡေတြ ကေန လြတ္ခ်င္ရင္ေတာ့ က်ေနာ္တို႔ရဲ႕ ေက်ာေပၚက အခက္အခဲေတြ ဒုကၡေတြကို ခါခ် ႏိုင္ေအာင္ ႀကိဳးစားၿပီး အဲ့ဒီ အေတြ႕အႀကဳံေတြကို အသုံးျပဳကာ ေနာက္တဆင့္ကို တက္ရမွာ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒုကၡ ဆိုတာ ဘဝ ေအာင္ျမင္ဖို႔ အတြက္ ေလွခါးထစ္ ေတြပဲ ျဖစ္ပါတယ္။ ဘယ္လို နက္ရႈိင္းတဲ့ ဒုကၡ ေရတြင္းထဲ က်ေရာက္ပါေစ အရႈံးမေပးပါနဲ႔၊ ဒုကၡေတြကို ခါထုတ္ပစ္ လိုက္ၿပီး ေလွခါးထစ္လို အသုံးခ်လိုက္ပါ။

Crd

Post a Comment

0 Comments