ဦးပန်းမွှေးနှင့် မြေးနှစ်ယောက်

တခါတုန်းက ရွာတရွာမှာ ဦးပန်းမွှေးဆိုတဲ့ အဖိုးအို တယောက်ဟာ သူ့မြေး၂ ယောက်နဲ့ နေထိုင်ကြတယ်။ တနေ့ကျတော့ ဦးပန်းမွှေးဟာ သူ့မြေး၂ ယောက်နဲ့ အတူ ရေနွေးကြမ်း သောက်ရင်း မြည်းဖို့ဆိုပြီ ကြံသကာတွေ ဝယ်လာတယ်။

ဦးပန်းမွှေးဟာ အိမ်လည်း ရောက်ရော ကြံသကာ အတူစားဖို့ သူ့မြေး၂ ယောက်ကို အော်ခေါ် သတဲ့။ "ဟေ့ မြေး ၂ ကောင်၊ မြောင် ၂ ကေး၊ အယ် ဒီကလေးတွေ ဘယ်ကို သွားနေတာပါလိမ့်။ မြေးတွေရေ အဖိုး ရေနွေးကြမ်းနဲ့ မြည်း ဖို့ ကြံသကာတွေ ဝယ်လာတယ် မြေး၂ ကောင်ရေ"

အဖိုး ဘယ်လောက် ခေါ်ခေါ် သူ့ရဲ့ မြေးလေးတွေက ထွက်မလာကြဘူး။ အဲလိုနဲ့ အဖိုးခေါ်တာကို မကြားချင်ယောင် ဆောင်ပြီး ပုန်းနေတဲ့မြေး၂ ယောက်ကို မခေါ်တော့ဘဲ အဖိုးဦးပန်းမွှေး တယောက် ရေနွေးအိုး တည်မယ် ဆိုပြီး ကြံသကာထုပ်လေးကို အိမ်ရှေ့မှာ ချကာ ထွက်သွားသတဲ့။

အဲ့အချိန်ရောက်မှ အဖိုးမမြင်အောင် ပုန်းနေတဲ့မြေး ၂ ယောက်က ထွက်လာပြီး အဖိုးမသိအောင် ကြံသကာတွေကို အတူတူ ခိုးစားလိုက်ကြတယ်။ သူတို့မောင်နှမ နှစ်ယောက် စားရင်း စားရင်နဲ့ ကြံသကာတွေ လုံးဝ ကုန်သွားပါလေရော။ အဲတော့မှ ၂ ယောက်လုံး အလန့်တကြားနဲ့ တယောက်ကို တယောက် အပြစ်တွေ ပြောနေကြပါရော။

"ဟာ ကြံသကာတွေ ကုန်သွားပြီး အဲ့တာ ညီမလေး စားလိုက်လို့ ကုန်သွားတာ"

"မဟုတ်ဘူး ကိုကြီးစားတာ၊ ကိုကြီးစားတာ ပိုများတယ်"

"ဘယ်လိုပဲ ဖြစ်ဖြစ် အဖိုးလာရင် မသိစေနဲ့နော်၊ ငါတို့မစားဘူးလို့ ပဲပြော" ဆိုပြီး အတိုင်းအဖောက်ညီညီနဲ အဖိုးကို လိမ်ကြမယ် လို့ တိုင်ပင်ထားကြတာပေါ့။

ဒီလိုနဲ့ အဖိုးလည်းလာရော ဘာမှမရှိတဲ့ ကြံသကာထုပ်ကို မြင်တော့ သူမြေး ၂ ယောက်ကို အော်ခေါ်တော့ တာပေါ့။ အဲ့ကျတော့ ၂ ယောက် လုံး တယောက်က စာကျက်နေ ချင်ယောင်ဆောင် တယောက်က ကစားချင်ယောင်ဆောင် နေကြသတဲ့ကွယ်။

အဖိုးအော်ခေါ်သံ အခုမှ ကြားလို့ အပြေးအလွှား အဖိုးနား လာကြပြီး သားက ဆော့နေတာ၊ သမီးက စာကျက်နေတယ် ဆိုပြီး ပြောသတဲ့။ အဲ့တော့ အဖိုးက "အေးပါ ငါ့မြေး ၂ ယောက်ရယ်၊ အဖိုးက မေးစရာရှိလို့။ ကြံသကာထုပ်ထဲမှာ ကြံသကာတွေ မရှိတော့လို့ ငါ့မြေးတို့ များစားသလားလို့ ခေါ်မေးတာ" ဆိုပြီးမေးသတဲ့။

အဲတော့ မြေး ၂ ယောက် ပေါင်းပြီး အဖိုးကလည်း မြေးတို့ မစားပါဘူး မြေးက ဆော့နေတာ၊ ညီမလေးကလည်း စာကျက်နေတာ ဆိုပြီး လိမ်ကြတာပေါ့။ လိမ်ရုံနဲ့ မပြီးဘဲ အဖိုးက ဝယ်ကော ဝယ်လာတာ သေချာလို့လား အဖိုးရယ် ဆိုပြီးတောင် ပြောကြသတဲ့။

အဲတော့မှ အဖိုးက သူမြေး ၂ ယောက် ကို ဒီလို ပြောတယ်။ "နေပါဦး မြေးတို့ရယ်၊ အဖိုးဝယ်လာတဲ့ ကြံသကာကို မြေးတို့ မစားတာ သေချာလား၊ သေချာရင်တော့ အဖိုးထင်ထားတာလည်း သေချာနေပြီ။ မြေးတို့လည်း မစားဘူး အဖိုးလည်း မစား ဒါဆို ဒီကြံသကာတွေကို သရဲတွေစားတာ" ဆိုပြီး ပြောလိုက်တယ်။

အဖိုးတို့ ဒီအိမ်မှာမနေတော့ဘူး ပြောင်းမယ် အထုပ်တွေပြင်၊ အဖိုးလည်း အထုပ်တွေ ပြင်တော့မယ် ဆိုပြီး ပြောကာ ထွက်သွားတော့မှ မောင်နှမနှစ်ယောက် တယောက်ကို တယောက် အပြစ်တွေ ပြောပြီး ဆူညံနေကြတယ်။

"ကိုကြီးစားတာ ကိုကြီးဝန်ခံ၊ ညီမလေးက ဒီအိမ်က မပြောင်းချင်ဘူး သူငယ်ချင်းတွေနဲ့လည်း မခွဲနိုင်ဘူး"

"ကိုကြီးလည်း မပြောင်းချင်ဘူး ညီမလေး စားတာဆိုပြီး ဝန်ခံလိုက်၊ ကိုကြီးလည်း သူငယ်ချင်းတွေနဲ့ ဆော့ရတာ ပျော်နေပြီ။ ဒီအိမ်မှာပဲနေချင်တာ" ဆိုပြီး အပြန်အလှန် ပြောနေကြသတဲ့။

အဖိုးဦးပန်းမွှေးလည်း အနား ပြန်ရောက်လာတော့ အလုအယက်ကို တိုင်ကြတော့တာပဲ။ အဖိုးရေ အဲ့ဒါကိုကြီးစားတာ သမီးမစားဘူး လို့ ပြောတယ်။ ကိုကြီးကလည်း ညီမလေးစားတာ သားမစားဘူး လို့ ပြောပြန်တယ်။ အဲဒီလို အလုအယက် ပြောနေကြတာကို အဖိုးက ကြည့်ပြီး

"ကဲ ကဲ တိတ်ကြတော့၊ ငါ့မြေး၂ယောက်လုံး တူတူစားတယ်ဆိုလည်း အဖိုးက ဘာပြောမှာမို့လဲ။ အဖိုးက ငါ့မြေးတွေ စားဖို့ ဝယ်လာတာပဲကို။ ဒါပေမဲ့ ဘယ်လောက်ပဲ အဖိုးက စားဖို့ ဝယ်လာပါစေ အဖိုးမသိအောင် ယူစားတယ် ခွင့်မတောင်းဘူး ဆိုရင်တော့ အဖိုးမြေး ၂ ယောက်က ခိုးစားတာ ဖြစ်သွားပြီးကွယ့်။

ဘယ်လောက်ပဲ အဖိုးအဖွား အမိအဖ ညီကိုမောင်နှမ အရင်းတွေရဲ့ ပစ္စည်း ဖြစ်ပါစေ ပိုင်ရှင်ကို ခွင့်တောင်းပြီးမှ လုပ်ကိုင် ပြုမှုရတယ်။ ပိုင်ရှင် မရှိရင်၊ ပိုင်ရှင် မသိရင် သူဘယ်ပစ္စည်းကိုမှ မထိသင့်ဘူး" လို့ မြေး ၂ ယောက်ကို ဆုံးမတဲ့ အခါမှ မြေး၂ယောက်က "သားတို့ သမီးတို့ မှားပါတယ်၊ နောက်ဆို ဘယ်တော့မှ အဲလို မလုပ်တော့ပါဘူး" ဆိုပြီး အဖိုးကို ကတိပေးလိုက်တယ်။

ဒီလိုနဲ့ မြေးအဖိုးတွေ ပျော်ရွှင်စွာနဲ့ ကြံသကာ နောက်တထုပ် ပြေးဝယ်ပြီး ရေနွေးကြမ်းနဲ့ မြည်းလိုက်ကြသတဲ့ကွယ်။

Crd

Zawgyi

ဦးပန္းေမႊးႏွင့္ ေျမးႏွစ္ေယာက္

တခါတုန္းက ႐ြာတ႐ြာမွာ ဦးပန္းေမႊးဆိုတဲ့ အဖိုးအို တေယာက္ဟာ သူ႔ေျမး၂ ေယာက္နဲ႔ ေနထိုင္ၾကတယ္။ တေန႔က်ေတာ့ ဦးပန္းေမႊးဟာ သူ႔ေျမး၂ ေယာက္နဲ႔ အတူ ေရေႏြးၾကမ္းေသာက္ရင္း ျမည္းဖို႔ဆိုၿပီး ႀကံသကာေတြ ဝယ္လာတယ္။

ဦးပန္းေမႊးဟာ အိမ္လည္း ေရာက္ေရာ ႀကံသကာ အတူစားဖို႔ သူ႔ေျမး၂ ေယာက္ကို ေအာ္ေခၚ သတဲ့။ "ေဟ့ ေျမး ၂ ေကာင္၊ ေျမာင္ ၂ ေကး၊ အယ္ ဒီကေလးေတြ ဘယ္ကို သြားေနတာပါလိမ့္။ ေျမးေတြေရ အဖိုး ေရေႏြးၾကမ္းနဲ႔ ျမည္း ဖို႔ ႀကံသကာေတြ ဝယ္လာတယ္ ေျမး၂ ေကာင္ေရ"

အဖိုး ဘယ္ေလာက္ ေခၚေခၚ သူ႔ရဲ႕ ေျမးေလးေတြက ထြက္မလာၾကဘူး။ အဲလိုနဲ႔ အဖိုးေခၚတာကို မၾကားခ်င္ေယာင္ ေဆာင္ၿပီး ပုန္းေနတဲ့ေျမး၂ ေယာက္ကို မေခၚေတာ့ဘဲ အဖိုးဦးပန္းေမႊး တေယာက္ ေရေႏြးအိုး တည္မယ္ ဆိုၿပီး ႀကံသကာထုပ္ေလးကို အိမ္ေရွ႕မွာ ခ်ကာ ထြက္သြားသတဲ့။

အဲ့အခ်ိန္ေရာက္မွ အဖိုးမျမင္ေအာင္ ပုန္းေနတဲ့ေျမး ၂ ေယာက္က ထြက္လာၿပီး အဖိုးမသိေအာင္ ႀကံသကာေတြကို အတူတူ ခိုးစားလိုက္ၾကတယ္။ သူတို႔ေမာင္ႏွမ ႏွစ္ေယာက္ စားရင္း စားရင္နဲ႔ ႀကံသကာေတြ လုံးဝ ကုန္သြားပါေလေရာ။ အဲေတာ့မွ ၂ ေယာက္လုံး အလန႔္တၾကားနဲ႔ တေယာက္ကို တေယာက္ အျပစ္ေတြ ေျပာေနၾကပါေရာ။

"ဟာ ႀကံသကာေတြ ကုန္သြားၿပီး အဲ့တာ ညီမေလး စားလိုက္လို႔ ကုန္သြားတာ"

"မဟုတ္ဘူး ကိုႀကီးစားတာ၊ ကိုႀကီးစားတာ ပိုမ်ားတယ္"

"ဘယ္လိုပဲ ျဖစ္ျဖစ္ အဖိုးလာရင္ မသိေစနဲ႔ေနာ္၊ ငါတို႔မစားဘူးလို႔ ပဲေျပာ" ဆိုၿပီး အတိုင္းအေဖာက္ညီညီနဲ အဖိုးကို လိမ္ၾကမယ္ လို႔ တိုင္ပင္ထားၾကတာေပါ့။

ဒီလိုနဲ႔ အဖိုးလည္းလာေရာ ဘာမွမရွိတဲ့ ႀကံသကာထုပ္ကို ျမင္ေတာ့ သူေျမး ၂ ေယာက္ကို ေအာ္ေခၚေတာ့ တာေပါ့။ အဲ့က်ေတာ့ ၂ ေယာက္ လုံး တေယာက္က စာက်က္ေန ခ်င္ေယာင္ေဆာင္ တေယာက္က ကစားခ်င္ေယာင္ေဆာင္ ေနၾကသတဲ့ကြယ္။

အဖိုးေအာ္ေခၚသံ အခုမွ ၾကားလို႔ အေျပးအလႊား အဖိုးနား လာၾကၿပီး သားက ေဆာ့ေနတာ၊ သမီးက စာက်က္ေနတယ္ ဆိုၿပီး ေျပာသတဲ့။ အဲ့ေတာ့ အဖိုးက "ေအးပါ ငါ့ေျမး ၂ ေယာက္ရယ္၊ အဖိုးက ေမးစရာရွိလို႔။ ႀကံသကာထုပ္ထဲမွာ ႀကံသကာေတြ မရွိေတာ့လို႔ ငါ့ေျမးတို႔ မ်ားစားသလားလို႔ ေခၚေမးတာ" ဆိုၿပီးေမးသတဲ့။

အဲေတာ့ ေျမး ၂ ေယာက္ ေပါင္းၿပီး အဖိုးကလည္း ေျမးတို႔ မစားပါဘူး ေျမးက ေဆာ့ေနတာ၊ ညီမေလးကလည္း စာက်က္ေနတာ ဆိုၿပီး လိမ္ၾကတာေပါ့။ လိမ္႐ုံနဲ႔ မၿပီးဘဲ အဖိုးက ဝယ္ေကာ ဝယ္လာတာ ေသခ်ာလို႔လား အဖိုးရယ္ ဆိုၿပီးေတာင္ ေျပာၾကသတဲ့။

အဲေတာ့မွ အဖိုးက သူေျမး ၂ ေယာက္ ကို ဒီလို ေျပာတယ္။ "ေနပါဦး ေျမးတို႔ရယ္၊ အဖိုးဝယ္လာတဲ့ ႀကံသကာကို ေျမးတို႔ မစားတာ ေသခ်ာလား၊ ေသခ်ာရင္ေတာ့ အဖိုးထင္ထားတာလည္း ေသခ်ာေနၿပီ။ ေျမးတို႔လည္း မစားဘူး အဖိုးလည္း မစား ဒါဆို ဒီႀကံသကာေတြကို သရဲေတြစားတာ" ဆိုၿပီး ေျပာလိုက္တယ္။

အဖိုးတို႔ ဒီအိမ္မွာမေနေတာ့ဘူး ေျပာင္းမယ္ အထုပ္ေတြျပင္၊ အဖိုးလည္း အထုပ္ေတြ ျပင္ေတာ့မယ္ ဆိုၿပီး ေျပာကာ ထြက္သြားေတာ့မွ ေမာင္ႏွမႏွစ္ေယာက္ တေယာက္ကို တေယာက္ အျပစ္ေတြ ေျပာၿပီး ဆူညံေနၾကတယ္။

"ကိုႀကီးစားတာ ကိုႀကီးဝန္ခံ၊ ညီမေလးက ဒီအိမ္က မေျပာင္းခ်င္ဘူး သူငယ္ခ်င္းေတြနဲ႔လည္း မခြဲႏိုင္ဘူး"

"ကိုႀကီးလည္း မေျပာင္းခ်င္ဘူး ညီမေလး စားတာဆိုၿပီး ဝန္ခံလိုက္၊ ကိုႀကီးလည္း သူငယ္ခ်င္းေတြနဲ႔ ေဆာ့ရတာ ေပ်ာ္ေနၿပီ။ ဒီအိမ္မွာပဲေနခ်င္တာ" ဆိုၿပီး အျပန္အလွန္ ေျပာေနၾကသတဲ့။

အဖိုးဦးပန္းေမႊးလည္း အနား ျပန္ေရာက္လာေတာ့ အလုအယက္ကို တိုင္ၾကေတာ့တာပဲ။ အဖိုးေရ အဲ့ဒါကိုႀကီးစားတာ သမီးမစားဘူး လို႔ ေျပာတယ္။ ကိုႀကီးကလည္း ညီမေလးစားတာ သားမစားဘူး လို႔ ေျပာျပန္တယ္။ အဲဒီလို အလုအယက္ ေျပာေနၾကတာကို အဖိုးက ၾကည့္ၿပီး

"ကဲ ကဲ တိတ္ၾကေတာ့၊ ငါ့ေျမး၂ေယာက္လုံး တူတူစားတယ္ဆိုလည္း အဖိုးက ဘာေျပာမွာမို႔လဲ။ အဖိုးက ငါ့ေျမးေတြ စားဖို႔ ဝယ္လာတာပဲကို။ ဒါေပမဲ့ ဘယ္ေလာက္ပဲ အဖိုးက စားဖို႔ ဝယ္လာပါေစ အဖိုးမသိေအာင္ ယူစားတယ္ ခြင့္မေတာင္းဘူး ဆိုရင္ေတာ့ အဖိုးေျမး ၂ ေယာက္က ခိုးစားတာ ျဖစ္သြားၿပီးကြယ့္။

ဘယ္ေလာက္ပဲ အဖိုးအဖြား အမိအဖ ညီကိုေမာင္ႏွမ အရင္းေတြရဲ႕ ပစၥည္း ျဖစ္ပါေစ ပိုင္ရွင္ကို ခြင့္ေတာင္းၿပီးမွ လုပ္ကိုင္ ျပဳမႈရတယ္။ ပိုင္ရွင္ မရွိရင္၊ ပိုင္ရွင္ မသိရင္ သူဘယ္ပစၥည္းကိုမွ မထိသင့္ဘူး" လို႔ ေျမး ၂ ေယာက္ကို ဆုံးမတဲ့ အခါမွ ေျမး၂ေယာက္က "သားတို႔ သမီးတို႔ မွားပါတယ္၊ ေနာက္ဆို ဘယ္ေတာ့မွ အဲလို မလုပ္ေတာ့ပါဘူး" ဆိုၿပီး အဖိုးကို ကတိေပးလိုက္တယ္။

ဒီလိုနဲ႔ ေျမးအဖိုးေတြ ေပ်ာ္႐ႊင္စြာနဲ႔ ႀကံသကာ ေနာက္တထုပ္ ေျပးဝယ္ၿပီး ေရေႏြးၾကမ္းနဲ႔ ျမည္းလိုက္ၾကသတဲ့ကြယ္။

Crd

Post a Comment

0 Comments