ပြဿနာ

ရှေးခေတ် ဂျပန်ပြည်မှာ ဘုန်းတော်ကြီး တပါး ရှိတယ်။

သူက အလွန် စိတ်တို တတ်တယ်။ ဘာတခုမှ သည်းညည်း မခံတတ်ဘူး။

သူ့ကျောင်းအနီးမှာ ဖက်ယားပင်ကြီး တပင် ရှိတော့ အဲဒါကို အစွဲပြု ပြီး အနီးအနားက လူတွေက သူ့ကို ဖက်ယားပင် ဆရာတော် လို့ ခေါ်ကြတယ်။

အဲလိုခေါ်သံ မကြာခဏ ကြားရတော့ သူဒေါသ ထွက်ပြီး တနေ့မှာ ဖက်ယားပင်ကြီးကို ခုတ်ပစ်တယ်။

သစ်ပင်ကြီး ခုတ်တော့ ငုတ်ချည်း ကျန်တဲ့အခါ လူတွေက သစ်ငုတ်တို ဆရာတော် လို့ ပြောင်းခေါ်ကြတယ်။

ဒါကိုကြားတော့ မခံမရပ်နိုင် ဖြစ်ပြန်ပြီး ဒီလောက်တောင် ရှိတာကွာ ဆိုပြီး သစ်ငုတ်ကိုပါ တူးထုတ် ပစ်လိုက်တယ်။

ငုတ် မရှိတဲ့ အခါ လူတွေက တမျိုးပြောင်း ခေါ်တယ်။ ငုတ်တူးဆရာတော် ဆိုပြီး။

ဒီလို အနေအထားမျိုးမှာ ဆက်လုပ်လေ ရှုံးလေပဲ။ ပြဿနာ ဆိုတာ ကိုယ်က ပြဿနာလို့ ခံယူမှ ပြဿနာ ဖြစ်တယ်။

စိတ်အေးအေး ထားမယ် ဆိုရင် ကိစ္စ အတော်များများဟာ အသေးအမွှားသာ ဖြစ်တယ်။

ကိုယ်က ပုံကြီးချဲ့ ခံစားနေသမျှ အသေးအမွှားက အဆမတန် ကြီးထွားပြီး ကိုယ့်ကို ပိုပြီး ဒုက္ခ ပေးတတ် ပါတယ်။

Crd

Zawgyi

ျပႆနာ

ေရွးေခတ္ ဂ်ပန္ျပည္မွာ ဘုန္းေတာ္ႀကီး တပါး ရွိတယ္။ သူက အလြန္ စိတ္တို တတ္တယ္။ ဘာတခုမွ သည္းညည္း မခံတတ္ဘူး။

သူ႔ေက်ာင္းအနီးမွာ ဖက္ယားပင္ႀကီး တပင္ ရွိေတာ့ အဲဒါကို အစြဲျပဳ ၿပီး အနီးအနားက လူေတြက သူ႔ကို ဖက္ယားပင္ ဆရာေတာ္ လို႔ ေခၚၾကတယ္။

အဲလိုေခၚသံ မၾကာခဏ ၾကားရေတာ့ သူေဒါသ ထြက္ၿပီး တေန႔မွာ ဖက္ယားပင္ႀကီးကို ခုတ္ပစ္တယ္။

သစ္ပင္ႀကီး ခုတ္ေတာ့ ငုတ္ခ်ည္း က်န္တဲ့အခါ လူေတြက သစ္ငုတ္တို ဆရာေတာ္ လို႔ ေျပာင္းေခၚၾကတယ္။

ဒါကိုၾကားေတာ့ မခံမရပ္ႏိုင္ ျဖစ္ျပန္ၿပီး ဒီေလာက္ေတာင္ ရွိတာကြာ ဆိုၿပီး သစ္ငုတ္ကိုပါ တူးထုတ္ ပစ္လိုက္တယ္။

ငုတ္ မရွိတဲ့ အခါ လူေတြက တမ်ိဳးေျပာင္း ေခၚတယ္။ ငုတ္တူးဆရာေတာ္ ဆိုၿပီး။

ဒီလို အေနအထားမ်ိဳးမွာ ဆက္လုပ္ေလ ရႈံးေလပဲ။ ျပႆနာ ဆိုတာ ကိုယ္က ျပႆနာလို႔ ခံယူမွ ျပႆနာ ျဖစ္တယ္။

စိတ္ေအးေအး ထားမယ္ ဆိုရင္ ကိစၥ အေတာ္မ်ားမ်ားဟာ အေသးအမႊားသာ ျဖစ္တယ္။

ကိုယ္က ပုံႀကီးခ်ဲ႕ ခံစားေနသမွ် အေသးအမႊားက အဆမတန္ ႀကီးထြားၿပီး ကိုယ့္ကို ပိုၿပီး ဒုကၡ ေပးတတ္ ပါတယ္။

Crd

Post a Comment

0 Comments