ကောင်လေး နှင့် သစ်ပင်ကြီး

တခါတုန်းက သစ်ပင် ကြီးကြီး တပင်ရှိတယ်။ ကောင်လေး တယောက်ဟာ နေ့တိုင်းပဲ အဲ့သစ်ပင်ကြီးရဲ့ အောက်မှာ ဆော့ကစားပါတယ်။ သူက အပင်ပေါ်က အသီးကို ခူးစားတယ်။ သစ်ရိပ်ခိုပြီး အိပ်စက်တယ်။ အပင်ပေါ်တက် ဆော့ကစားပါတယ်။ အပင်ကြီးကို ကောင်လေးက အရမ်းချစ်သလို အပင်ကြီးကလည်း ကောင်လေးကို အရမ်း ချစ်ရှာပါတယ်။

ဒီလိုနဲ့ ကောင်ကလေး တဖြည်းဖြည်း ကြီးလာပါတယ်။ သူ အပင်ကြီးနား သိပ်မကပ်တော့ ပါဘူး၊ အပင်ကြီးက တအား ဝမ်းနည်းသွားတယ်။ သူ့နားမှာ လာကစားဖို့ အကြိမ်ကြိမ် ပြောပါတယ်။ ကောင်လေးက ပြန်ပြောလိုက် ပါတယ်။ " ကျနော် အသက် နည်းနည်းကြီးလာပြီ ၊ နေ့တိုင်း အဲလို မကစားချင် တော့ဘူး၊ ကျနော် အရုပ် လိုချင်တယ်။ "

အပင်ကြီးက ပြောတယ် " အဲဒါ လွယ်ပါတယ်။ ငါ့အပေါ်က အသီးတွေကို ခူးလိုက်၊ ပြီးရင် ဈေးထဲမှ သွားရောင်းပါ။ ပြီးရင် အရုပ်ကို သွားဝယ်ချည်" ကောင်းလေး အရမ်းပျော်သွားပါတယ်။ အသီးကို ခူးလိုက် တယ်။ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာ သွားပါတယ်။ ရက်တွေ တော်တော် ကြာ သွားပါတယ်။ ကောင်လေး ပေါ်မလာတော့ ပါဘူး၊ အပင်ကြီး တော်တော် စိတ်မကောင်း ဖြစ်သွားတယ် ။

တနေ့ကျတော့ ကောင်ကလေး ပြန်လာပါတယ်။ အပင်ကြီး တော်တော် ပျော်သွားတယ်။ သူနဲ့ ဆော့ကစားဖို့ ကောင်လေးကို ခေါ်ပါတယ်။ ကောင်လေးက ပြောပါတယ်။ " ကစားလို့ မရဘူးလေ၊ ကျနော် အိမ်အတွက် အလုပ် လုပ်ရအုန်း မှာ၊ ကျနော်နေဖို့ အိမ်တလုံး ဆောက်စရာ ရှိတယ်။ ကျနော့ကို ကူညီနိုင်မလား "

သစ်ပင်ကြီးက ပြန်ပြောပါတယ်။ " ဒီလိုလုပ်ပါလား၊ ငါ့အပေါ်က အကိုင်းတွေကို အားလုံး ခုတ်သွားလိုက်၊ အိမ်ဆောက်လို့ ရ ပြီလေ " တဲ့ ။ ကောင်လေးဟာ အကိုင်းအားလုံးကို ခုတ်ပြီး သူလိုချင်တဲ့ အိမ်ကို သွားဆောက်ပါတယ်။ ကောင်ကလေး ပျောက်သွားပြန်တယ်။ အပင်ကြီး တော်တော် ဝမ်းနည်းသွားပါတယ် ။

တခုသော မိုးရွာသီမှာ ကောင်ကလေး ပြန်လာပါတယ်။ အပင်ကြီး တော်တော် ပျော်သွားပြန်တယ်။ " ဒီတခါတော့ မင်းငါ့ဆီကို တကယ်ပြန်လာပြီပေါ့ " ။ ကောင်ကလေးက ပြန်ဖြေပါတယ်။ " မဟုတ်သေးပါဘူး၊ ငါအသက် ကြီးလာပြီလေ၊ ခရီးသွားဖို့ ရွက်လှေတစင်း လိုတယ်။ အကူအညီ လာတောင်းတာ "

အပင်ကြီးက " ဘာတတ်နိုင်မလဲ၊ မင်းလိုချင်မှတော့ ငါ့ပင်စည်ကြီးကို ခုတ်သွားလေ၊ အဲဒါကို သုံးပြီး ရွက်လှေတစင်း ထွင်းလိုက် "။ ကောင်ကလေး အပင်ကြီးရဲ့ ပင်စည်ကို ရွက်လှေလုပ်ဖို့ ခုတ်ယူသွား ပါတယ်။ ဒီတခါ ကောင်လေး အကြာကြီး ပျောက်ဆုံးသွား ပြန်တယ်။ အပင်ကြီး က ကောင်ကလေးကို မျော်ရင်း မျော်ရင်းနဲ့ တော်တော် ဆွေးမြည့် ရှာပါတယ်။

နှစ်ပေါင်းများစွာ ကြာသွားပါတယ် ။ ကောင်လေး ပေါ်လာပြန်တယ် ။ အပင်ကြီးက ပြောတယ် ။ " ဒီတခါ ငါမင်းကို ဘာမှ ပေးစရာ မရှိတော့ဘူး ။ ငါ့မှာ အသီးမရှိတော့ဘူး "

" ကျနော်လည်း ဝါးဖို့ သွား မရှိတော့ပါဘူး ကျနော် အသက်ရလာပြီလေ "

" မင်း အပင်ပေါ် တက်ကစားဖို့ ငါ့မှာ အကိုင်းလည်း မရှိတော့ဘူး ၊ ပင်စည်လည်း မရှိတော့ဘူး ၊ ငါမင်းကို ပေးစရာ ဘာဆို ဘာမှ မရှိတော့ဘူး " သစ်ပင်ကြီးက ပြောရှာပါတယ် ။ ကောင်လေးကလည်း

" ကျနော်လည်း မောနေပါပြီ အပင်ပေါ် တက်ဖို့လည်း အားမရှိတော့ပါဘူး၊ အခုဘာမှ မလိုချင်တော့ဘူး၊ ကောင်းကောင်းပဲ အနားယူချင်တယ် "

“ အို ကောင်းတာပေါ့ ၊ သစ်ငုတ်တိုဟာ ထိုင်ပြီး အနားယူဖို့ အကောင်းဆုံး နေရာပဲ ၊ လာလာ ငါ့အပေါ်မှာ ထိုင်ပါ ။ အတူတူ အနားယူလို့ ရပြီပေါ့ " သစ်ပင်ကြီးက ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျပါတယ် ။

ပုံပြင်လေးကတော့ ဒါပါပဲ။ အဲဒါ သင်နဲ့ ကျနော်တို့ တတွေရဲ့ ပုံပြင်ပါ ။ အပင်ကြီးက ကျနော်တို့ရဲ့ မိဘလေ ။ ငယ်ငယ်တုန်းက သူတို့ အနားမှာရှိတယ် ။ နည်းနည်းကြီး လာတော့ သူတို့ကို ခွဲခွာသွားတယ် ။ အခက်အခဲ ရှိတိုင်း သူတို့ဆီ ပြန်သွားတယ်။ မိဘက တတ်နိုင်သရွှေ့ ကူညီဖြေရှင်း ပေးတယ် ။ မိဘဆိုတာ သားသမီး ပျော်ရွှင်ဖို့ အတွက် သူတို့မှာ ပေးဆပ်ဖို့ အမြဲ အဆင်သင့် ဖြစ်နေတတ်ပါတယ်။

ဒီပုံပြင်လေးထဲမှာ ကောင်းလေးကို ရက်စက်တယ်လို့ သင် ထင်မြင်ယူဆ ခဲ့ရင် သင့်မိဘတွေ ပျော်ရွှင်အောင် သူတို့ကို အချိန် များများပေးပါ ။ မိဘနဲ့ အတူနေရတဲ့ အချိန်ကို တန်ဖိုးထားပါ ။

crd

Post a Comment

0 Comments