ဟိုးရှေးရှေးတုန်းက ဝံပုလွေတကောင်ဟာ မိထားတဲ့ အမဲတကောင်ကို စားသောက်နေတုံးမှာ ရုတ်တရက်ဆို အသားထဲ ပါရှိတဲ့ အရိုးငယ် တခုဟာ လည်မျိုမျာ စူးရောတဲ့ ၊ အရိုးကို သူ မျိုချ မရဘူးလေ။
မကြာမီမှာပဲ သူ့လည်မျိုဟာ အလွန် နာကြင်လာသတဲ့ ။ သူဟာ ညည်းညူရင်း၊ ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ အနာသက်သာဖို့ရှာကြံသတဲ့ကွယ် ။
တွေ့တဲ့သူတိုင်းကို လည်မျိုက အရိုးနုတ်ပေးပါလို့ တောင်းပန်သတဲ့။ " အရိုးကို နုတ်ပေးရင် ဘာမဆို ပေးပါ့မယ် " လို့ လည်း ပြောသတဲ့ ။
နောက်ဆုံးမှာ ဗျိုင်းက လုပ်ပေးမယ်လို့ သဘောတူလိုက် သတဲ့။ ဒါနဲ့ဗျိုင်းက ဝံပုလွေကို နံဘေးစောင်း အိပ်စေလိုက်ပြီး ပါးစပ်ကို အတတ်နိုင်ဆုံး ကျယ်ကျယ် ဟ ပါ လို့ ပြောတယ်။
ဒါနဲ့ ဝံပုလွေရဲ့ ခံတွင်းထဲ ဗျိုင်းရဲ့လည်တံရှည် ဦးခေါင်းသွင်းပြီး အရိုးကို နုတ်ယူ တဲ့အခါ နောက်ဆုံး အရိုးထုတ်လို့ရသွားသတဲ့။
ဒါနဲ့ ဗျိုင်းက " ခင်ဗျား ကတိပေးတဲ့ အတိုင်း ကျွန်တော် လိုချင်တာပေးမယ် မဟုတ်လား " လို့ပြောသတဲ့။
ဒီအခါမှာ ဝံပုလွေက သွားကိုဖြဲပြရင်း ပြုံးလျက်ဆိုလိုက်သတဲ့။
" ခင်ဗျားရဲ့ ဦးခေါင်းကို ဝံပုလွေ တကောင်ရဲ့ ခံတွင်းထဲ သွင်းပြီးတော့ အသက်မဆုံးရှုံးဘဲ နေရပြီပဲ၊ ဒါဟာခင်ဗျား အဖို့ ဆုအဖြစ် ကျေနပ်လိုက်ပါ " လို့ ဝံပုလွေက ပြောလိုက်သတဲ့။
လောကတွင်လည်း " လောဘကြီးသူများသည် ကျေးဇူးတရားကို မသိတတ်ပေ "
crd
0 Comments