တခါတုန်းက ကြွက်များသည် သူတို့၏ ရန်သူ ဖြစ်သော ကြောင် လက်မှ လွတ်စေရန် အစည်းအဝေး လုပ်၍ တိုင်ပင် ကြလေသည်။
အနည်းဆုံးတော့ သူတို့သည် ကြောင် သူတို့ဆီ လာရင် ကြိုသိမယ့် အစီအစဉ် တခုလောက် လုပ်ထားချင် ကြသည်။
အဲ့လို ကြိုသိရင် သူတို့ထွက်ပြေးဖို့ အချိန်ရပြီး အသက်ဘေးက လွတ်မည် ဖြစ်သည်။
သို့သော် အချိန် အကြာကြီး ဆွေးနွေး ပြီးသည့် တိုင်အောင် နည်းလမ်းကောင်း မရရှိ သေးပေ။
ထိုအချိန်တွင် ကြွက်ငယ်လေး တကောင်သည် ထကာ အကြံပေး လေသည်။
"ဒီအကြံဟာ အရမ်းကောင်းတဲ့ အကြံတခု ဖြစ်မယ် လို့တော့ ထင်ပါတယ်။ အောင်မြင်မယ် လို့လည်း ယုံကြည် ပါတယ်။
အကြံကတော့ ကျွန်တော်တို့ ကြောင်ရဲ့ လည်ပင်း မှာသာ ခေါင်းလောင်းလေး တခု တပ်ပေးလိုက်ရင် ရပါပြီ။
သူပြေးလာတာနဲ့ ခေါင်းလောင်းသံကို ကြားမယ်။ အဲ့ဒါဆိုရင် ထွက်ပြေးလို့ ရပြီပေါ့"
ကြွက်များသည်လည်း ထိုကြွက်ငယ်လေးရဲ့ အကြံကို သဘောကျ သွားလေသည်။ ကြွက်ငယ်လေးကိုလည်း ချီးကျူး ကြလေသည်။
ထိုအချိန်တွင် ကြွက်အိုကြီး တကောင်က ထကာ မေးခွန်း ထုတ်လိုက် လေသည်။
"ကဲ ဟုတ်ပါပြီ။ ဒါဆို ကြောင်ကို ဘယ်သူ ခေါင်းလောင်း သွားတပ်ပေး မှာလဲ?"
တခါတရံ အကြံအတွေး များသည် အပြော လွယ်သော်လည်း လက်တွေ့တွင် အကောင် အထည်ဖော်ဖို့ ခက်ခဲကြောင်း သင်ခန်းစာ ရလေသည်။
Crd
Zawgyi
အေတြးႏွင့္လက္ေတြ႕
တခါတုန္းက ႂကြက္မ်ားသည္ သူတို႔၏ ရန္သူ ျဖစ္ေသာ ေၾကာင္ လက္မွ လြတ္ေစရန္ အစည္းအေဝး လုပ္၍ တိုင္ပင္ ၾကေလသည္။
အနည္းဆုံးေတာ့ သူတို႔သည္ ေၾကာင္ သူတို႔ဆီ လာရင္ ႀကိဳသိမယ့္ အစီအစဥ္ တခုေလာက္ လုပ္ထားခ်င္ ၾကသည္။
အဲ့လို ႀကိဳသိရင္ သူတို႔ထြက္ေျပးဖို႔ အခ်ိန္ရၿပီး အသက္ေဘးက လြတ္မည္ ျဖစ္သည္။
သို႔ေသာ္ အခ်ိန္ အၾကာႀကီး ေဆြးေႏြး ၿပီးသည့္ တိုင္ေအာင္ နည္းလမ္းေကာင္း မရရွိ ေသးေပ။
ထိုအခ်ိန္တြင္ ႂကြက္ငယ္ေလး တေကာင္သည္ ထကာ အႀကံေပး ေလသည္။
"ဒီအႀကံဟာ အရမ္းေကာင္းတဲ့ အႀကံတခု ျဖစ္မယ္ လို႔ေတာ့ ထင္ပါတယ္။ ေအာင္ျမင္မယ္ လို႔လည္း ယုံၾကည္ ပါတယ္။
အႀကံကေတာ့ ကြၽန္ေတာ္တို႔ ေၾကာင္ရဲ႕ လည္ပင္း မွာသာ ေခါင္းေလာင္းေလး တခု တပ္ေပးလိုက္ရင္ ရပါၿပီ။
သူေျပးလာတာနဲ႔ ေခါင္းေလာင္းသံကို ၾကားမယ္။ အဲ့ဒါဆိုရင္ ထြက္ေျပးလို႔ ရၿပီေပါ့"
ႂကြက္မ်ားသည္လည္း ထိုႂကြက္ငယ္ေလးရဲ႕ အႀကံကို သေဘာက် သြားေလသည္။ ႂကြက္ငယ္ေလးကိုလည္း ခ်ီးက်ဴး ၾကေလသည္။
ထိုအခ်ိန္တြင္ ႂကြက္အိုႀကီး တေကာင္က ထကာ ေမးခြန္း ထုတ္လိုက္ ေလသည္။
"ကဲ ဟုတ္ပါၿပီ။ ဒါဆို ေၾကာင္ကို ဘယ္သူ ေခါင္းေလာင္း သြားတပ္ေပး မွာလဲ?"
တခါတရံ အႀကံအေတြး မ်ားသည္ အေျပာ လြယ္ေသာ္လည္း လက္ေတြ႕တြင္ အေကာင္ အထည္ေဖာ္ဖို႔ ခက္ခဲေၾကာင္း သင္ခန္းစာ ရေလသည္။
Crd
0 Comments