ဇွဲသတ္တိနှင့်ပညာ

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်စိုးစဉ်အခါကပေါ့။ ဗြဟ္မဒတ်မင်းရဲ့ မိဖုရားခေါင်ကြီးမှာ သားတော်တပါး ဖွားမြင်ခဲ့တယ်။ အဲဒီမင်းသားဟာ လက်နက်ငါးပါး ကျွမ်းကျင်တယ် ဆိုပြီး "ပဉ္စာဝုဓ" အမည် ပေးထားသတဲ့။

မင်းသား ဆယ့်ခြောက်နှစ် အရွယ် ရောက်တော့ မင်းသားတွေ ပညာသင်ရတဲ့ တက္ကသိုလ်ပြည် ဒီသာပါမောက္ခထံမှာ ပညာသင် သွားခဲ့ရတယ်။ ပညာတွေ တတ်မြောက်ပြီးတဲ့ အခါမှာ ဆရာကြီးက မင်းသားရဲ့ နာမည်နဲ့ လိုက်အောင် လက်နက်ငါးမျိုးကို ပေးအပ် လိုက်သတဲ့။

ပဉ္စဝုဓ မင်းသားဟာ နေပြည်တော် ပြန်တဲ့ တောအုပ်လမ်းမှာ နာမည်ကြီးတဲ့ "မွှေးစေးကပ်သော ဘီလူး" အရပ်ကို ဖြတ်ကျော် ရတော့မယ်ပေါ့။ မင်းသားက ရဲရဲဝင့်ဝင့် တောအုပ်အလယ်ကို ဖြတ်လာတော့ ဘီလူးအသံကို ကြားလိုက်ရတယ်။ "အိုလူသား ဘယ်ကို သွားမလို့လဲ၊ ရပ်လော့။ ငါ့ အရပ်မှာ ဝင်လာတဲ့ သူကို ငါစားခွင့် ရှိတယ်လေ"

ပဉ္စဝုဓမင်းသားဟာ ကြောက်လန့်ခြင်း အလျဉ်းမရှိ ဘီလူးကို မြားနဲ့ ပစ်လိုက်တယ်။ မြားအားလုံးဟာ ဘီလူးကိုယ်က အမွှေးတွေမှာ ကပ်ငြိကုန် ကြသတဲ့။ ထို့နောက် မင်းသားက သန်လျက်နဲ့ ထိုးခုတ် ပြန်တယ်။ သန်လျင်က ဘီလူးကိုယ်က အမွှေးတွေမှာ ကပ်နေပြန်ရော။ နောက်တော့ တင်းပုတ်နဲ့ ရိုက်ပြန်တယ်။ အရင်လိုပဲ ဘီလူးအမွှေး တွေမှာ ကပ်နေ ပြန်တာပေါ့။

မင်းသားဟာ စိတ်ဓာတ် မာကြောစွာနဲ့ ဆက်လက် ယှဉ်ပြိုင် ပြန်တယ်။ သူ့ရဲ့ လက်ယာလက်နဲ့ ဘီလူးကို ထိုးနှက် ပြန်တယ်။ လက်ယာလက် ဘီလူးကိုယ်မှာ ကပ်ငြိ ပြန်တယ်။ နောက်ထပ် လက်ဝဲလက်နဲ့ ထိုးနှက် ပြန်တော့လည်း ဘီလူးကိုယ်မှာ ကပ်နေပြန်ရော။ နောက် ဒူးနှစ်ဖက်၊ ဦးခေါင်း တို့နဲ့ ဆောင့်ပြန်ရာ ခြေ၊ လက်၊ ဦးခေါင်းတို့ ဘီလူး ကိုယ်မှာ ငြိ နေကြတာပေါ့။

ဘီလူးဟာ သည်မျှ သတ္တိရှိ၊ ရဲတင်းသူကို မတွေ့ဖူး၍ အံ့သြနေ မိတယ်။ "အသင်မင်းသား၊ သင်သည် သေရမည်ကို ဘာကြောင့် မကြောက်သလဲ"

"ဘာကြောက်စရာ လိုသလဲ ဘီလူး၊ သင့်ကိုယ်မှာ ငါ့လက်နက်တွေနဲ့ ခန္ဓာကိုယ် ကပ်ငြိ နေပေမယ့် သင် ငါ့ကိုစား၍ မရပါ။ ငါ့ခန္ဓာကိုယ် ထဲမှာ ဝရဇိန် လက်နက် ရှိတယ်။

ငါ့ကို စားသူဟာ ဝရဇိန် လက်နက်ကို စားလို့ မရနိုင်၊ ဝရဇိန်လက်နက် ဆိုတာ စားသုံးသူကို အူ၊ အသည်း၊ နှလုံးများ ပြတ်၍ ပျက်စီး နိုင်တယ်လေ။ ဒါ့ကြောင့် ငါ့ကို စားသုံးသူသည် သူကိုယ်တိုင်လည်း သေဆုံးရမှာ ဖြစ်လို့ ငါ့မှာ ကြောက်စိတ် မရှိပါ"

မင်းသားရဲ့ မာန်ပါပါ ပြောဆိုချက်နဲ့ သတ္တိရှိပုံကို ကြည့်ပြီး ဘီလူးဟာ မင်းသားကို မစားတော့ဘဲ ပြန်လွှတ်လိုက် သတဲ့။ မင်းသားက အဲသည်တော့မှ ဘီလူးကို တရား ဟောကြား တော့တယ်။ ကံငါးပါး မစောင့်ထိန်းသူ အဖို့ အပြစ်များ ရရှိမည် ဖြစ်ကြောင်း၊ အကျိုးတရား ရှိစေဖို့ ဘီလူးကို ငါးပါးသီလ စောင့်ထိန်းခိုင်း ခဲ့တယ်။

ပဉ္စာဝုမင်းသားဟာ နေပြည်တော်ကို ရောက်ပြီး မကြာမီ ဖခမည်းတော် ကွယ်လွန်တဲ့ အတွက် မင်းအဖြစ်ကို ရရှိသွား ခဲ့တော့တယ်။ တကယ်တော့ ဇွဲသတ္တိနဲ့ ပညာဟာ အရာရာကို အောင်စေနိုင်တယ် ဆိုတဲ့ အခြေအနေကို အသိအမြင် ရစေတော့တာပေါ့။

ပဉ္စာဝုဓဇာတ်

phoomyatchal ဆရာကြည်ဇော်၏ အာဇာနည်တို့စွမ်းရည် ပုံပြင်စာအုပ်မှ ရေးသားဖော်ပြခြင်း ဖြစ်သည်။

Zawgyi

ဇြဲသတၱိႏွင့္ပညာ

ဟိုးေရွးေရွးတုန္းက ဗာရာဏသီျပည္မွာ ျဗဟၼဒတ္မင္း အုပ္စိုးစဥ္အခါကေပါ့။ ျဗဟၼဒတ္မင္းရဲ႕ မိဖုရားေခါင္ႀကီးမွာ သားေတာ္တပါး ဖြားျမင္ခဲ့တယ္။ အဲဒီမင္းသားဟာ လက္နက္ငါးပါး ကြၽမ္းက်င္တယ္ ဆိုၿပီး "ပၪၥာဝုဓ" အမည္ ေပးထားသတဲ့။

မင္းသား ဆယ့္ေျခာက္ႏွစ္ အ႐ြယ္ ေရာက္ေတာ့ မင္းသားေတြ ပညာသင္ရတဲ့ တကၠသိုလ္ျပည္ ဒီသာပါေမာကၡထံမွာ ပညာသင္ သြားခဲ့ရတယ္။ ပညာေတြ တတ္ေျမာက္ၿပီးတဲ့ အခါမွာ ဆရာႀကီးက မင္းသားရဲ႕ နာမည္နဲ႔ လိုက္ေအာင္ လက္နက္ငါးမ်ိဳးကို ေပးအပ္ လိုက္သတဲ့။

ပၪၥဝုဓ မင္းသားဟာ ေနျပည္ေတာ္ ျပန္တဲ့ ေတာအုပ္လမ္းမွာ နာမည္ႀကီးတဲ့ "ေမႊးေစးကပ္ေသာ ဘီလူး" အရပ္ကို ျဖတ္ေက်ာ္ ရေတာ့မယ္ေပါ့။ မင္းသားက ရဲရဲဝင့္ဝင့္ ေတာအုပ္အလယ္ကို ျဖတ္လာေတာ့ ဘီလူးအသံကို ၾကားလိုက္ရတယ္။ "အိုလူသား ဘယ္ကို သြားမလို႔လဲ၊ ရပ္ေလာ့။ ငါ့ အရပ္မွာ ဝင္လာတဲ့ သူကို ငါစားခြင့္ ရွိတယ္ေလ"

ပၪၥဝုဓမင္းသားဟာ ေၾကာက္လန႔္ျခင္း အလ်ဥ္းမရွိ ဘီလူးကို ျမားနဲ႔ ပစ္လိုက္တယ္။ ျမားအားလုံးဟာ ဘီလူးကိုယ္က အေမႊးေတြမွာ ကပ္ၿငိကုန္ ၾကသတဲ့။ ထို႔ေနာက္မင္းသားက သန္လ်က္နဲ႔ ထိုးခုတ္ ျပန္တယ္။ သန္လ်င္က ဘီလူးကိုယ္က အေမႊးေတြမွာ ကပ္ေနျပန္ေရာ။ ေနာက္ေတာ့ တင္းပုတ္နဲ႔ ႐ိုက္ျပန္တယ္။ အရင္လိုပဲ ဘီလူးအေမႊး ေတြမွာ ကပ္ေန ျပန္တာေပါ့။

မင္းသားဟာ စိတ္ဓာတ္ မာေၾကာစြာနဲ႔ ဆက္လက္ ယွဥ္ၿပိဳင္ ျပန္တယ္။ သူ႔ရဲ႕ လက္ယာလက္နဲ႔ ဘီလူးကို ထိုးႏွက္ ျပန္တယ္။ လက္ယာလက္ ဘီလူးကိုယ္မွာ ကပ္ၿငိ ျပန္တယ္။ ေနာက္ထပ္ လက္ဝဲလက္နဲ႔ ထိုးႏွက္ ျပန္ေတာ့လည္း ဘီလူးကိုယ္မွာ ကပ္ေနျပန္ေရာ။ ေနာက္ ဒူးႏွစ္ဖက္၊ ဦးေခါင္း တို႔နဲ႔ ေဆာင့္ျပန္ရာ ေျခ၊ လက္၊ ဦးေခါင္းတို႔ ဘီလူး ကိုယ္မွာ ၿငိ ေနၾကတာေပါ့။

ဘီလူးဟာ သည္မွ် သတၱိရွိ၊ ရဲတင္းသူကို မေတြ႕ဖူး၍ အံ့ၾသေန မိတယ္။ "အသင္မင္းသား၊ သင္သည္ ေသရမည္ကို ဘာေၾကာင့္ မေၾကာက္သလဲ"

"ဘာေၾကာက္စရာ လိုသလဲ ဘီလူး၊ သင့္ကိုယ္မွာ ငါ့လက္နက္ေတြနဲ႔ ခႏၶာကိုယ္ ကပ္ၿငိ ေနေပမယ့္ သင္ ငါ့ကိုစား၍ မရပါ။ ငါ့ခႏၶာကိုယ္ ထဲမွာ ဝရဇိန္ လက္နက္ ရွိတယ္။ ငါ့ကို စားသူဟာ ဝရဇိန္ လက္နက္ကို စားလို႔ မရႏိုင္၊ ဝရဇိန္လက္နက္ ဆိုတာ စားသုံးသူကို အူ၊ အသည္း၊ ႏွလုံးမ်ား ျပတ္၍ ပ်က္စီး ႏိုင္တယ္ေလ။ ဒါ့ေၾကာင့္ ငါ့ကို စားသုံးသူသည္ သူကိုယ္တိုင္လည္း ေသဆုံးရမွာ ျဖစ္လို႔ ငါ့မွာ ေၾကာက္စိတ္ မရွိပါ"

မင္းသားရဲ႕ မာန္ပါပါ ေျပာဆိုခ်က္နဲ႔ သတၱိရွိပုံကို ၾကည့္ၿပီး ဘီလူးဟာ မင္းသားကို မစားေတာ့ဘဲ ျပန္လႊတ္လိုက္ သတဲ့။ မင္းသားက အဲသည္ေတာ့မွ ဘီလူးကို တရား ေဟာၾကား ေတာ့တယ္။ ကံငါးပါး မေစာင့္ထိန္းသူ အဖို႔ အျပစ္မ်ား ရရွိမည္ ျဖစ္ေၾကာင္း၊ အက်ိဳးတရား ရွိေစဖို႔ ဘီလူးကို ငါးပါးသီလ ေစာင့္ထိန္းခိုင္း ခဲ့တယ္။

ပၪၥာဝုမင္းသားဟာ ေနျပည္ေတာ္ကို ေရာက္ၿပီး မၾကာမီ ဖခမည္းေတာ္ ကြယ္လြန္တဲ့ အတြက္ မင္းအျဖစ္ကို ရရွိသြား ခဲ့ေတာ့တယ္။ တကယ္ေတာ့ ဇြဲသတၱိနဲ႔ ပညာဟာ အရာရာကို ေအာင္ေစႏိုင္တယ္ ဆိုတဲ့ အေျခအေနကို အသိအျမင္ ရေစေတာ့တာေပါ့။ ပၪၥာဝုဓဇာတ္

phoomyatchal ဆရာၾကည္ေဇာ္၏ အာဇာနည္တို႔စြမ္းရည္ ပုံျပင္စာအုပ္မွ ေရးသားေဖာ္ျပျခင္း ျဖစ္သည္။

Post a Comment

0 Comments