မျက်ရည်တစက် တန်ဖိုး

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး တပါးမှာ သမီးတော် နှစ်ပါး ရှိသတဲ့။ အဲဒီ သမီးတော်လေးတွေ ငိုရင် မျက်ရည်တွေဟာ စိန်ပွင့်တွေ ဖြစ်ဖြစ်သွားတယ်တဲ့။

ပထမ မင်းသမီးလေး ကတော့ မင်းသားလေး တပါးနဲ့ လက်ထပ်လိုက်ပြီး သူမရဲ့ မျက်ရည်က ဖြစ်တဲ့ စိန်ပွင့်တွေနဲ့ ရဲတိုက်တွေ တခုပြီး တခု ဆောက်ပြီး နေထိုင် ကြပါတယ်။

မင်းသမီးငယ်လေး ကတော့ သိုးကျောင်းသား တယောက်နဲ့ လက်ထပ် လိုက်ပါတယ်။

ဘုရင်ကြီး နတ်ရွာစံခါ နီးမှာ သမီးတော်၂ ပါးကို ခေါ်ပြီး တွေ့ပါတယ်။

သမီးကြီးနဲ့ မင်းသာလေးတို့မှာ ရွှေငွေရတနာ လက်ဝတ်လက်စားတွေအပြည့်နဲ့ တွေ့မြင်နေ ရပြီး သမီးငယ်နဲ့ သိုးကျောင်းသား ကတော့ ဆင်းရဲမြဲ ဖြစ်နေတာကို တွေ့ရပါတယ်။

အဲဒီတော့ ဘုရင်ကြီးက အံ့အားသင့်စွာနဲ့ "သမီးငယ်ရဲ့ မျက်ရည် တစက်နဲ့ မင်းတို့ ချမ်းသာ နေနိုင်ရက်သား နဲ့ကွာ။ ဘယ်လို ဖြစ်တာလဲ” လို့မေးပါတယ်။

သိုးကျောင်းသားလေးက "ကျွန်တော် သူ့ကို မျက်ရည် မကျခိုင်းရက်လို့ ပါဗျာ" လို့ ပြန်ဖြေ လိုက်ပါတယ်။

အဲဒီတော့ ဘုရင်ကြီးက သူ့ချမ်းသာမှုအတွက် သူတပါးကို မျက်ရည် မဖြစ်စေတဲ့ သိုးကျောင်းသားလေးကို အိမ်ရှေ့စံ အဖြစ် ခန့်အပ် လိုက်ပါတယ်။

ဘုရင်ကြီး နတ်ရွာစံတဲ့ အခါ သိုးကျောင်းသားလေးက မင်းကျင့်တရား ၁၀ ပါးနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်းတပါး ဖြစ်လာပါတယ်။

သူတပါး မျက်ရည်ကျမှ မိမိ ချမ်းသာမယ် ဆိုတဲ့ သူက ခေတ္တခဏ အမြင်မှာတော့ ချမ်းသာ သလိုလို ထင်ရသော်လည်း ချမ်းသာခြင်းအစစ် မဖြစ်နိုင်ပါဘူး။

Crd

Zawgyi

မ်က္ရည္တစက္ တန္ဖိုး

ဟိုးေရွးေရွးတုန္းက ဘုရင္ႀကီး တပါးမွာ သမီးေတာ္ ႏွစ္ပါး ရွိသတဲ့။ အဲဒီ သမီးေတာ္ေလးေတြ ငိုရင္ မ်က္ရည္ေတြဟာ စိန္ပြင့္ေတြ ျဖစ္ျဖစ္သြားတယ္တဲ့။

ပထမ မင္းသမီးေလး ကေတာ့ မင္းသားေလး တပါးနဲ႔ လက္ထပ္လိုက္ၿပီး သူမရဲ႕ မ်က္ရည္က ျဖစ္တဲ့ စိန္ပြင့္ေတြနဲ႔ ရဲတိုက္ေတြ တခုၿပီး တခု ေဆာက္ၿပီး ေနထိုင္ ၾကပါတယ္။

မင္းသမီးငယ္ေလး ကေတာ့ သိုးေက်ာင္းသား တေယာက္နဲ႔ လက္ထပ္ လိုက္ပါတယ္။

ဘုရင္ႀကီး နတ္႐ြာစံခါ နီးမွာ သမီးေတာ္၂ ပါးကို ေခၚၿပီး ေတြ႕ပါတယ္။

သမီးႀကီးနဲ႔ မင္းသာေလးတို႔မွာ ေ႐ႊေငြရတနာ လက္ဝတ္လက္စားေတြအျပည့္နဲ႔ ေတြ႕ျမင္ေန ရၿပီး သမီးငယ္နဲ႔ သိုးေက်ာင္းသား ကေတာ့ ဆင္းရဲၿမဲ ျဖစ္ေနတာကို ေတြ႕ရပါတယ္။

အဲဒီေတာ့ ဘုရင္ႀကီးက အံ့အားသင့္စြာနဲ႔ "သမီးငယ္ရဲ႕ မ်က္ရည္ တစက္နဲ႔ မင္းတို႔ ခ်မ္းသာ ေနႏိုင္ရက္သား နဲ႔ကြာ။ ဘယ္လို ျဖစ္တာလဲ” လို႔ေမးပါတယ္။

သိုးေက်ာင္းသားေလးက "ကြၽန္ေတာ္ သူ႔ကို မ်က္ရည္ မက်ခိုင္းရက္လို႔ ပါဗ်ာ" လို႔ ျပန္ေျဖ လိုက္ပါတယ္။

အဲဒီေတာ့ ဘုရင္ႀကီးက သူ႔ခ်မ္းသာမႈအတြက္ သူတပါးကို မ်က္ရည္ မျဖစ္ေစတဲ့ သိုးေက်ာင္းသားေလးကို အိမ္ေရွ႕စံ အျဖစ္ ခန႔္အပ္ လိုက္ပါတယ္။

ဘုရင္ႀကီး နတ္႐ြာစံတဲ့ အခါ သိုးေက်ာင္းသားေလးက မင္းက်င့္တရား ၁၀ ပါးနဲ႔ အညီ တိုင္းျပည္ကို အုပ္ခ်ဳပ္တဲ့ မင္းတပါး ျဖစ္လာပါတယ္။

သူတပါး မ်က္ရည္က်မွ မိမိ ခ်မ္းသာမယ္ ဆိုတဲ့ သူက ေခတၱခဏ အျမင္မွာေတာ့ ခ်မ္းသာ သလိုလို ထင္ရေသာ္လည္း ခ်မ္းသာျခင္းအစစ္ မျဖစ္ႏိုင္ပါဘူး။

Crd

Post a Comment

0 Comments