စိတ်ရှည်ပါ

တခါတုန်းက လူတယောက်ဟာ အဖိုးတန် ရေနွေးကြမ်းအိုး တလုံး ပိုင်ဆိုင်ထားတယ်။ သူဟာ အဲဒီ ရေနွေးကြမ်းအိုးကို တန်ဖိုးထားလွန်းလို့ ကုတင် ခေါင်းရင်းမှာပဲ ထားအိပ်တယ်။

တညမှာ ရေနွေးကြမ်းအိုးကို မတော်တဆ ထိမိလို့ ရေနွေးအိုး အဖုံးဟာ ကုတင်အောက် ပြုတ်ကျပါလေရော။ အဲဒီလူလည်း လန့်နိုးပြီး စိတ်သောက ရောက်နေပါလေရော။

အိုးဖုံး မရှိပြီ ဆိုမှတော့ အိုးကလည်း ဘာအသုံးဝင် တော့မလဲ ဆိုပြီး အဲဒီလူဟာ အိုးကို လှမ်းဆွဲပြီး စိတ်တိုတိုနဲ့ ပြတင်းပေါက် အပြင်ဖက်ကို ပစ်ထုတ်လိုက် ပါတော့တယ်။

မနက်လင်း လာတော့ အိုးဖုံးကို ခုတင်အောက်မှာ တွေ့လိုက်ရတယ်။ အဲဒီမှာ အိုးကို သူ ပစ်ထုတ်လိုက်မိပြီ ဆိုပြီး နောင်တရကာ စိတ်တိုတိုနဲ့ အဖုံးကို နင်းခြေ လိုက်သတဲ့။

အဲဒီနောက် အိမ်ပြင်ထွက်လာတော့ ညက လွင့်ပစ်လိုက်တဲ့ အိုးဟာ မကွဲမရှဘဲ သစ်ကိုင်းထက်မှာ ချိတ်နေတာကို တွေ့လိုက်ရ ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ တခါတလေမှာ ကိစ္စရပ် တချို့က စောင့်တန်စောင့်၊ ကြည့်တန်ကြည့်၊ နှေးတန် နှေးရပါတယ်။ အလောတကြီး ဖြစ်ဖို့ မလိုပါဘူး။ ကိစ္စရပ် တော်တော်များများက ကိုယ်တွေးထင်သလို မဟုတ်တတ်ပါဘူး။

လောတယ်၊ စိတ်ဆတ်တယ် ဆိုတာက မိစ္ဆာတကောင် လိုပါ။ ကိစ္စရပ် တော်တော်များများကို အဆိုးဘက် တွေးမြင်ပြီး ပိုဆိုးအောင် လုပ်မိစေတတ်သလို အဆင်မပြေမှု တွေနဲ့ ပိုရင်ဆိုင်ရ တတ်ပါတယ်။ ဒါကြောင့် စိတ်ငြိမ်ဖို့၊ အေးအေးသာသာ တွေးဆတတ်ဖို့ ကလည်း အသိဉာဏ်တမျိုး ဖြစ်ပါတယ်။

ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့အခါ စိတ်လောပြီး ဇွတ်မလုပ်လိုက် ပါနဲ့။ တချို့သော ကိစ္စတွေက ကိုယ်ဘယ်လိုပဲ ကြိုးစားကြိုးစား ဖြစ်ချိန်မတန်ရင် ဖြစ်မလာတတ် သေးပါဘူး။

စိတ်ရှည်ပါ။ အခက်အခဲတွေ ကြုံတိုင်း စိတ်မြန်စွာ မဖြေရှင်းလိုက်ပါနဲ့။ တချို့သော အခက်အခဲတွေက ခုရှင်းမှ အဆင်ပြေတတ်ပေမယ့် တချို့သော စိန်ခေါ်မှုတွေက ကိုယ့်ရဲ့ သည်းခံစိတ် ရှည်တဲ့ သက်လုံကို စမ်းသပ်မှုတွေ ပါနေပါတယ်။

စိတ်ရှည်ပါ။ စိတ်ရှည်ခြင်း ဆိုတာ အမှားနည်းစေသလို အလုပ်ပြီးမြောက် အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ပါ။ စိတ်ရှည်ခြင်း ဆိုတာ ရင့်ကျက်ခြင်းရဲ့ သင်္ကေတ ဖြစ်ပြီး တည်ငြိမ်မှုကို ရလာစေကာ အောင်မြင်မှုတွေရဖို့ အကောင်းဆုံး ဗျူဟာတခုလို့ ပြောလို့ ရပါတယ်။

Crd

Zawgyi

စိတ္ရွည္ပါ

တခါတုန္းက လူတေယာက္ဟာ အဖိုးတန္ ေရေႏြးၾကမ္းအိုး တလုံး ပိုင္ဆိုင္ထားတယ္။ သူဟာ အဲဒီ ေရေႏြးၾကမ္းအိုးကို တန္ဖိုးထားလြန္းလို႔ ကုတင္ ေခါင္းရင္းမွာပဲ ထားအိပ္တယ္။

တညမွာ ေရေႏြးၾကမ္းအိုးကို မေတာ္တဆ ထိမိလို႔ ေရေႏြးအိုး အဖုံးဟာ ကုတင္ေအာက္ ျပဳတ္က်ပါေလေရာ။ အဲဒီလူလည္း လန႔္ႏိုးၿပီး စိတ္ေသာက ေရာက္ေနပါေလေရာ။

အိုးဖုံး မရွိၿပီ ဆိုမွေတာ့ အိုးကလည္း ဘာအသုံးဝင္ ေတာ့မလဲ ဆိုၿပီး အဲဒီလူဟာ အိုးကို လွမ္းဆြဲၿပီး စိတ္တိုတိုနဲ႔ ျပတင္းေပါက္ အျပင္ဖက္ကို ပစ္ထုတ္လိုက္ ပါေတာ့တယ္။

မနက္လင္း လာေတာ့ အိုးဖုံးကို ခုတင္ေအာက္မွာ ေတြ႕လိုက္ရတယ္။ အဲဒီမွာ အိုးကို သူ ပစ္ထုတ္လိုက္မိၿပီ ဆိုၿပီး ေနာင္တရကာ စိတ္တိုတိုနဲ႔ အဖုံးကို နင္းေျခ လိုက္သတဲ့။

အဲဒီေနာက္ အိမ္ျပင္ထြက္လာေတာ့ ညက လြင့္ပစ္လိုက္တဲ့ အိုးဟာ မကြဲမရွဘဲ သစ္ကိုင္းထက္မွာ ခ်ိတ္ေနတာကို ေတြ႕လိုက္ရ ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ တခါတေလမွာ ကိစၥရပ္ တခ်ိဳ႕က ေစာင့္တန္ေစာင့္၊ ၾကည့္တန္ၾကည့္၊ ေႏွးတန္ ေႏွးရပါတယ္။ အေလာတႀကီး ျဖစ္ဖို႔ မလိုပါဘူး။ ကိစၥရပ္ ေတာ္ေတာ္မ်ားမ်ားက ကိုယ္ေတြးထင္သလို မဟုတ္တတ္ပါဘူး။

ေလာတယ္၊ စိတ္ဆတ္တယ္ ဆိုတာက မိစာၦတေကာင္ လိုပါ။ ကိစၥရပ္ ေတာ္ေတာ္မ်ားမ်ားကို အဆိုးဘက္ ေတြးျမင္ၿပီး ပိုဆိုးေအာင္ လုပ္မိေစတတ္သလို အဆင္မေျပမႈ ေတြနဲ႔ ပိုရင္ဆိုင္ရ တတ္ပါတယ္။ ဒါေၾကာင့္ စိတ္ၿငိမ္ဖို႔၊ ေအးေအးသာသာ ေတြးဆတတ္ဖို႔ ကလည္း အသိဉာဏ္တမ်ိဳး ျဖစ္ပါတယ္။

ျဖစ္ခ်င္တဲ့ ဆႏၵေတြ ျဖစ္မလာေသးတဲ့အခါ စိတ္ေလာၿပီး ဇြတ္မလုပ္လိုက္ ပါနဲ႔။ တခ်ိဳ႕ေသာ ကိစၥေတြက ကိုယ္ဘယ္လိုပဲ ႀကိဳးစားႀကိဳးစား ျဖစ္ခ်ိန္မတန္ရင္ ျဖစ္မလာတတ္ ေသးပါဘူး။

စိတ္ရွည္ပါ။ အခက္အခဲေတြ ႀကဳံတိုင္း စိတ္ျမန္စြာ မေျဖရွင္းလိုက္ပါနဲ႔။ တခ်ိဳ႕ေသာ အခက္အခဲေတြက ခုရွင္းမွ အဆင္ေျပတတ္ေပမယ့္ တခ်ိဳ႕ေသာ စိန္ေခၚမႈေတြက ကိုယ့္ရဲ႕ သည္းခံစိတ္ ရွည္တဲ့ သက္လုံကို စမ္းသပ္မႈေတြ ပါေနပါတယ္။

စိတ္ရွည္ပါ။ စိတ္ရွည္ျခင္း ဆိုတာ အမွားနည္းေစသလို အလုပ္ၿပီးေျမာက္ ေအာင္ျမင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ပါ။ စိတ္ရွည္ျခင္း ဆိုတာ ရင့္က်က္ျခင္းရဲ႕ သေကၤတ ျဖစ္ၿပီး တည္ၿငိမ္မႈကို ရလာေစကာ ေအာင္ျမင္မႈေတြရဖို႔ အေကာင္းဆုံး ဗ်ဴဟာတခုလို႔ ေျပာလို႔ ရပါတယ္။

Crd

Post a Comment

0 Comments