ဆရာမိုက်

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း စိုးစံစဉ် ကာလတုန်းက ရွာငယ်တရွာမှာ ဂါထာမန္တရား အတတ်ကို ကျွမ်းကျင်တတ်မြောက်တဲ့ ဝေဒဗ္ဗပုဏ္ဏားတယောက် ရှိသတဲ့။ ဝေဒဗ္ဗဟာ ရွတ်ဆိုဖို့ အချိန် ကျရောက်တဲ့ ကာလမှာ မန္တရားကို ရွတ်ရင်း ရတနာ ခုနစ်ပါးပါတဲ့ မိုးတွေ ရွာချလိုက်တာပေါ့။ ဘုရားလောင်းဟာ အဲဒီပုဏ္ဏားဆီမှာ တပည့်ခံ၍ ပညာ သင်ယူနေသူ ဖြစ်တယ်။

တနေ့တော့ သူတို့ ဆရာတပည့် ခရီးတခုကို ထွက်ခဲ့ရာ လမ်းမှာ ခိုးသားငါးရာ ပါတဲ့ ဓားပြအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ရတနာပစ္စည်းတွေနဲ့ လဲမှ အသက်ချမ်းသာ ပေးမယ် ဆိုလို့ တပည့်ဖြစ်သူ ဘုရားလောင်းက ရတနာတွေ ပေးဖို့ အိမ်ကို ပြန်ယူရသတဲ့။ တပည့်ဖြစ်သူ ဘုရားလောင်းဟာ ဆရာကို စိုးရိမ်စရာ မရှိဖို့ တိုးတိုး မှာကြားခဲ့တယ်။

"ဆရာ မကြောက်ပါနဲ့။ တပည့် မကြာခင် ပြန်လာပြီး ဆရာ့ကို လွတ်အောင် လုပ်ပေးပါ့မယ်။ ကျွန်ုပ်စကားကိုတော့ မမေ့ပါနဲ့ ဆရာ။ ဒီနေ့ဟာ ဥစ္စာမိုးကို ရွာစေတတ်တဲ့ နက္ခတ်နဲ့ ယှဉ်လိမ့်မယ်။ ဒါပေမယ့် ဆရာမန္တရားကို မန်းမှုတ်ပြီး ဥစ္စာမိုး မရွာပါစေနဲ့။ အကယ်၍ ဥစ္စာမိုးရွာစေခဲ့သော် ဆရာ ဒုက္ခ တွေ့ပါလိမ့်မယ်"

တပည့်ဖြစ်သူဟာ ဆရာ့ကို အရေးကြီး မှာစရာတွေကို မှာပြီး ဥစ္စာယူရန် ရွာသို့ အမြန် ပြန်ခဲ့တော့တယ်။ ညအချိန် ရောက်လို့ လထွက်လာတဲ့အချိန်မှာ ပုဏ္ဏားဟာ နက္ခတ်ကို ကြည့်လိုက်တယ်။ ဥစ္စာမိုးရွာစေတဲ့ နက္ခတ်နှင့် ယှဉ်နေကြောင်း သိလိုက်တယ်။ ဒါကြောင့် ဓားပြလူဆိုးခေါင်းဆောင်ကို မေးလိုက်တယ်။ "သင်တို့ ငါ့ကို ဘာကြောင့် ဖမ်းထားကြသလဲ"

ဓားပြခေါင်းဆောင်က "သင့်ထံမှ ဥစ္စာပစ္စည်း လိုချင်လို့ ဖြစ်တယ်" လို့ ပြန်ဖြေတယ်။ ထိုအခါ ပုဏ္ဏားက "ဒါဆိုရင် သင်တို့ လိုတဲ့ ဥစ္စာရစေမယ်။ ငါ့ကို အနှောင်အဖွဲ့မှ လွှတ်ပေးကြ။ ငါ ကိုယ်လက် သန့်စင်ပြီး ဥစ္စာရအောင် လုပ်ပေးမယ်" လို့ ပြောလိုက်တယ်။ လူဆိုးတွေက ပုဏ္ဏားရဲ့ ပြောစကားကို ယုံကြည်ပြီး မန္တရားရွတ်ဆိုဖို့ ပြင်ဆင် ကြတော့တယ်။

ပုဏ္ဏားဟာ နက္ခတ်ကို ကြည့်ပြီး ဂါထာမန္တရားကို ရွတ်ဆိုလိုက်တယ်။ မကြာမီမှာပဲ ကောင်းကင်က ရတနာတွေ ကျရောက်လာ ခဲ့တော့တယ်။ လူဆိုးတွေ အလုအယက် ရတနာ သိမ်းဆည်း ကြတော့တာပေါ့။ လူဆိုးတွေဟာ ရတနာကို ယူပြီးတဲ့ အပြင် ပုဏ္ဏားကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားသတဲ့ကွယ်။

လူဆိုးတွေဟာ လမ်းခရီးကို ဆက်ခဲ့ရာမှာ သူတို့ထက် လူအင်အား တောင့်တင်းတဲ့ ဓားပြလူဆိုး အုပ်စုတစုနဲ့ ရင်ဆိုင် တွေ့လိုက်ရတယ်။ ဒုတိယလူဆိုးအုပ်စုက ပထမ လူဆိုးအဖွဲ့နဲ့ ပုဏ္ဏားကို ဖမ်းဆီး ချုပ်နှောင်လိုက်တယ်။ ပထမ လူဆိုးအဖွဲ့က "ငါတို့ကို ဘာကြောင့် ဖမ်းသလဲ" လို့ မေးတယ်။ ပထမလူဆိုးအုပ်စုကို ဒုတိယ လူဆိုးအုပ်စု ခေါင်းဆောင်က "သင်တို့ဆီမှ ဥစ္စာပစ္စည်းများစွာ လိုချင်လို့ပေါ့" လို့ ဖြေတယ်။

ပထမလူဆိုးအုပ်စုက "ဥစ္စာ လိုချင်တာဖြင့် ငါတို့ကို မဖမ်းပါနဲ့။ ဥစ္စာပစ္စည်း များများရအောင် ဆောင်ရွက်နိုင်မည့် ပုဏ္ဏားကိုသာ ဖမ်းပါလေ" ဆိုပြီး ပထမလူဆိုးအုပ်စုမှ ပုဏ္ဏားရဲ့ ဂါထာအစွမ်းကြောင့် ရတနာဥစ္စာ ရတယ်လို့ ပြောပြီး၊ သူတို့က ပုဏ္ဏား အစွမ်းအစကို ပြောပြကြတယ်။ ဒုတိယလူဆိုးအုပ်စုက ပုဏ္ဏားကို ဖမ်းပြီး ရတနာရအောင် ဆောင်ရွက် ခိုင်းကြတယ်။

ဒါပေမယ့် ကောင်းကင်နက္ခတ်က ရတနာမိုး ရွာဖို့ အားမပေးတော့ဘူးလေ။ နက္ခတ် မယှဉ်တော့ ပုဏ္ဏားဟာ အစွမ်းမရှိ ရတနာ မရ ဖြစ်နေပြီလေ။ ပုဏ္ဏားက နက္ခတ် မယှဉ်သေးလို့ ရတနာမိုး မရွာတာပါ။ နောက်တနှစ်ဆိုရင် နက္ခတ် ယှဉ်လာရင် ရတနာ ရအောင် လုပ်ပေးပါ့မယ်လို့ ပြောပေမယ့် ဒုတိယလူဆိုးအဖွဲ့က ပုဏ္ဏားကို လက်လွန်ပြီး သတ်ပစ်လိုက် တော့တယ်။

တဆက်တည်းမှာပဲ ပထမလူဆိုး အုပ်စုနဲ့ ဒုတိယလူဆိုး အုပ်စု ယှဉ်ပြိုင်တိုက်ပွဲ ဖြစ်ကြရတော့တယ်။ နောက်ဆုံး လူဆိုးအားလုံး သေဆုံးသွားကြတယ်။ အဲဒီအချိန်မှာ ပုဏ္ဏားရဲ့ တပည့် ရောက်လာတော့ ဆရာပုဏ္ဏားရဲ့ အလောင်းကိုသာ တွေ့ရပြီး သဂြိုဟ်လိုက် ရတော့တယ်။ ဆရာရဲ့ ရတနာတွေကိုသာ ထုပ်ပိုးပြီး ပြန်ယူခဲ့ ရတော့တယ်။ ရွာအပြန် ဆရာ ကျန်ခဲ့ပြီပေါ့။

တကယ်တော့ အတတ်ကျွမ်းကျင်တဲ့ ပုဏ္ဏားပညာရှိဟာ တတ်ထားတဲ့ ပညာကို အချိန်အခါ ကြည့်ပြီး အကျိုးရှိရာ မသုံးတဲ့ အတွက် ဒုက္ခရောက် ရပါတယ်။ ဒီတော့ တတ်ထားတဲ့ ပညာကို အကျိုးရှိရာမှာ သုံးကြဖို့ လိုအပ်ပါတယ်။ ဝေဒဗ္ဗဇာတ်။

phoomyatchal ဆရာကြည်ဇော်၏ အာဇာနည်တို့စွမ်းရည် ပုံပြင်စာအုပ်မှ ရေးသားဖော်ပြခြင်း ဖြစ်သည်။

Zawgyi

ဆရာမိုက္

ဟိုးေရွးေရွးတုန္းက ဗာရာဏသီျပည္မွာ ျဗဟၼဒတ္မင္း စိုးစံစဥ္ ကာလတုန္းက ႐ြာငယ္တ႐ြာမွာ ဂါထာမႏၲရား အတတ္ကို ကြၽမ္းက်င္တတ္ေျမာက္တဲ့ ေဝဒဗၺပုဏၰားတေယာက္ ရွိသတဲ့။ ေဝဒဗၺဟာ ႐ြတ္ဆိုဖို႔ အခ်ိန္ က်ေရာက္တဲ့ ကာလမွာ မႏၲရားကို ႐ြတ္ရင္း ရတနာ ခုနစ္ပါးပါတဲ့ မိုးေတြ ႐ြာခ်လိုက္တာေပါ့။ ဘုရားေလာင္းဟာ အဲဒီပုဏၰားဆီမွာ တပည့္ခံ၍ ပညာ သင္ယူေနသူ ျဖစ္တယ္။

တေန႔ေတာ့ သူတို႔ ဆရာတပည့္ ခရီးတခုကို ထြက္ခဲ့ရာ လမ္းမွာ ခိုးသားငါးရာ ပါတဲ့ ဓားျပအဖြဲ႕ရဲ႕ ဖမ္းဆီးျခင္းကို ခံခဲ့ရတယ္။ ရတနာပစၥည္းေတြနဲ႔ လဲမွ အသက္ခ်မ္းသာ ေပးမယ္ ဆိုလို႔ တပည့္ျဖစ္သူ ဘုရားေလာင္းက ရတနာေတြ ေပးဖို႔ အိမ္ကို ျပန္ယူရသတဲ့။ တပည့္ျဖစ္သူ ဘုရားေလာင္းဟာ ဆရာကို စိုးရိမ္စရာ မရွိဖို႔ တိုးတိုး မွာၾကားခဲ့တယ္။

"ဆရာ မေၾကာက္ပါနဲ႔။ တပည့္ မၾကာခင္ ျပန္လာၿပီး ဆရာ့ကို လြတ္ေအာင္ လုပ္ေပးပါ့မယ္။ ကြၽႏ္ုပ္စကားကိုေတာ့ မေမ့ပါနဲ႔ ဆရာ။ ဒီေန႔ဟာ ဥစၥာမိုးကို ႐ြာေစတတ္တဲ့ နကၡတ္နဲ႔ ယွဥ္လိမ့္မယ္။ ဒါေပမယ့္ ဆရာမႏၲရားကို မန္းမႈတ္ၿပီး ဥစၥာမိုး မ႐ြာပါေစနဲ႔။ အကယ္၍ ဥစၥာမိုး႐ြာေစခဲ့ေသာ္ ဆရာ ဒုကၡ ေတြ႕ပါလိမ့္မယ္"

တပည့္ျဖစ္သူဟာ ဆရာ့ကို အေရးႀကီး မွာစရာေတြကို မွာၿပီး ဥစၥာယူရန္ ႐ြာသို႔ အျမန္ ျပန္ခဲ့ေတာ့တယ္။ ညအခ်ိန္ ေရာက္လို႔ လထြက္လာတဲ့အခ်ိန္မွာ ပုဏၰားဟာ နကၡတ္ကို ၾကည့္လိုက္တယ္။ ဥစၥာမိုး႐ြာေစတဲ့ နကၡတ္ႏွင့္ ယွဥ္ေနေၾကာင္း သိလိုက္တယ္။ ဒါေၾကာင့္ ဓားျပလူဆိုးေခါင္းေဆာင္ကို ေမးလိုက္တယ္။ "သင္တို႔ ငါ့ကို ဘာေၾကာင့္ ဖမ္းထားၾကသလဲ"

ဓားျပေခါင္းေဆာင္က "သင့္ထံမွ ဥစၥာပစၥည္း လိုခ်င္လို႔ ျဖစ္တယ္" လို႔ ျပန္ေျဖတယ္။ ထိုအခါ ပုဏၰားက "ဒါဆိုရင္ သင္တို႔ လိုတဲ့ ဥစၥာရေစမယ္။ ငါ့ကို အေႏွာင္အဖြဲ႕မွ လႊတ္ေပးၾက။ ငါ ကိုယ္လက္ သန႔္စင္ၿပီး ဥစၥာရေအာင္ လုပ္ေပးမယ္" လို႔ ေျပာလိုက္တယ္။ လူဆိုးေတြက ပုဏၰားရဲ႕ ေျပာစကားကို ယုံၾကည္ၿပီး မႏၲရား႐ြတ္ဆိုဖို႔ ျပင္ဆင္ ၾကေတာ့တယ္။

ပုဏၰားဟာ နကၡတ္ကို ၾကည့္ၿပီး ဂါထာမႏၲရားကို ႐ြတ္ဆိုလိုက္တယ္။ မၾကာမီမွာပဲ ေကာင္းကင္က ရတနာေတြ က်ေရာက္လာ ခဲ့ေတာ့တယ္။ လူဆိုးေတြ အလုအယက္ ရတနာ သိမ္းဆည္း ၾကေတာ့တာေပါ့။ လူဆိုးေတြဟာ ရတနာကို ယူၿပီးတဲ့ အျပင္ ပုဏၰားကိုပါ ဖမ္းဆီး ေခၚေဆာင္ သြားသတဲ့ကြယ္။

လူဆိုးေတြဟာ လမ္းခရီးကို ဆက္ခဲ့ရာမွာ သူတို႔ထက္ လူအင္အား ေတာင့္တင္းတဲ့ ဓားျပလူဆိုး အုပ္စုတစုနဲ႔ ရင္ဆိုင္ ေတြ႕လိုက္ရတယ္။ ဒုတိယလူဆိုးအုပ္စုက ပထမ လူဆိုးအဖြဲ႕နဲ႔ ပုဏၰားကို ဖမ္းဆီး ခ်ဳပ္ေႏွာင္လိုက္တယ္။ ပထမ လူဆိုးအဖြဲ႕က "ငါတို႔ကို ဘာေၾကာင့္ ဖမ္းသလဲ" လို႔ ေမးတယ္။ ပထမလူဆိုးအုပ္စုကို ဒုတိယ လူဆိုးအုပ္စု ေခါင္းေဆာင္က "သင္တို႔ဆီမွ ဥစၥာပစၥည္းမ်ားစြာ လိုခ်င္လို႔ေပါ့" လို႔ ေျဖတယ္။

ပထမလူဆိုးအုပ္စုက "ဥစၥာ လိုခ်င္တာျဖင့္ ငါတို႔ကို မဖမ္းပါနဲ႔။ ဥစၥာပစၥည္း မ်ားမ်ားရေအာင္ ေဆာင္႐ြက္ႏိုင္မည့္ ပုဏၰားကိုသာ ဖမ္းပါေလ" ဆိုၿပီး ပထမလူဆိုးအုပ္စုမွ ပုဏၰားရဲ႕ ဂါထာအစြမ္းေၾကာင့္ ရတနာဥစၥာ ရတယ္လို႔ ေျပာၿပီး၊ သူတို႔က ပုဏၰား အစြမ္းအစကို ေျပာျပၾကတယ္။ ဒုတိယလူဆိုးအုပ္စုက ပုဏၰားကို ဖမ္းၿပီး ရတနာရေအာင္ ေဆာင္႐ြက္ ခိုင္းၾကတယ္။

ဒါေပမယ့္ ေကာင္းကင္နကၡတ္က ရတနာမိုး ႐ြာဖို႔ အားမေပးေတာ့ဘူးေလ။ နကၡတ္ မယွဥ္ေတာ့ ပုဏၰားဟာ အစြမ္းမရွိ ရတနာ မရ ျဖစ္ေနၿပီေလ။ ပုဏၰားက နကၡတ္ မယွဥ္ေသးလို႔ ရတနာမိုး မ႐ြာတာပါ။ ေနာက္တႏွစ္ဆိုရင္ နကၡတ္ ယွဥ္လာရင္ ရတနာ ရေအာင္ လုပ္ေပးပါ့မယ္လို႔ ေျပာေပမယ့္ ဒုတိယလူဆိုးအဖြဲ႕က ပုဏၰားကို လက္လြန္ၿပီး သတ္ပစ္လိုက္ ေတာ့တယ္။

တဆက္တည္းမွာပဲ ပထမလူဆိုး အုပ္စုနဲ႔ ဒုတိယလူဆိုး အုပ္စု ယွဥ္ၿပိဳင္တိုက္ပြဲ ျဖစ္ၾကရေတာ့တယ္။ ေနာက္ဆုံး လူဆိုးအားလုံး ေသဆုံးသြားၾကတယ္။ အဲဒီအခ်ိန္မွာ ပုဏၰားရဲ႕ တပည့္ ေရာက္လာေတာ့ ဆရာပုဏၰားရဲ႕ အေလာင္းကိုသာ ေတြ႕ရၿပီး သၿဂိဳဟ္လိုက္ ရေတာ့တယ္။ ဆရာရဲ႕ ရတနာေတြကိုသာ ထုပ္ပိုးၿပီး ျပန္ယူခဲ့ ရေတာ့တယ္။ ႐ြာအျပန္ ဆရာ က်န္ခဲ့ၿပီေပါ့။

တကယ္ေတာ့ အတတ္ကြၽမ္းက်င္တဲ့ ပုဏၰားပညာရွိဟာ တတ္ထားတဲ့ ပညာကို အခ်ိန္အခါ ၾကည့္ၿပီး အက်ိဳးရွိရာ မသုံးတဲ့ အတြက္ ဒုကၡေရာက္ ရပါတယ္။ ဒီေတာ့ တတ္ထားတဲ့ ပညာကို အက်ိဳးရွိရာမွာ သုံးၾကဖို႔ လိုအပ္ပါတယ္။ ေဝဒဗၺဇာတ္။

phoomyatchal ဆရာၾကည္ေဇာ္၏ အာဇာနည္တို႔စြမ္းရည္ ပုံျပင္စာအုပ္မွ ေရးသားေဖာ္ျပျခင္း ျဖစ္သည္။

Post a Comment

0 Comments