ဆရာငြိမ်း၏ ၁၃.၁.၂၀၂၂ မှ ၁၉.၁.၂၀၂၂ အထိ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း ဟိုဟာလုပ်ရနိုးနိုး၊ ဒီဟာလုပ်ရနိုး ဆိုတာ ဖြစ်တတ်ပါတယ်။ အခွင့်အရေးဆိုလဲ ၂ ကြိမ် ၂ ခါ၊ ဒုက္ခသောကတွေဆိုရင်လဲ ၂ကြိမ် ၂ခါ ကြုံရတတ်ပါတယ်။ မိခင်ရဲ့ ကျန်းမာရေးကိုလဲ ဂရုစိုက်ရမဲ့အချိန်ပါပဲ။ ငွေကြေး ကိစ္စနဲ့ပတ်သက်ပြီး စကားအခြေအတင် ပြောရတတ်ပါတယ်။ ငွေချေးဌားခြင်း လုံးဝမလုပ်ပါနဲ့။ လုပ်ချင်တဲ့ အလုပ်တွေက ရပ်ဝေးကအလုပ်တွေဆို ပိုမို အောင်မြင်လွယ်တဲ့ ကာလပါပဲ။

နီးနီးနားနားကအလုပ်တွေက အခက် အခဲလေးတွေ ရောပါနေတတ်ပါတယ်။ အမှု ပြဿနာတွေနဲ့ ပတ်သက်ဆက်နွယ်တာမျိုး ကြုံရတတ်ပါတယ်။ အောက် လက်ငယ်သားတွေကို အားကိုးမရတာမျိုး ၊ စိတ်တိုင်းမကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရေလုပ်ငန်းတွေအကျိုး ပေးတယ်။ ရေထွက်ကုန်၊ အချိုရည်၊အဖျော် ယမကာအလုပ်တွေ အားကောင်းနေလိမ့်မယ်။ အခက်အခဲပြဿ နာတွေ နည်းပေးမဲ့ ရည်မှန်းထားတာလေးတွေတော့ လွဲချော်နေတတ်ပါတယ်။

စိတ်ကူးတွေ လက်တွေ့လုပ်ဖို့ မအောင်မြင် နိုင်သေးဘူးပေါ့။ အချစ်ရေးကိစ္စတွေမှာလဲ မိဘတွေက သဘောမတူတာမျိုးတွေကြောင့် တစ်ဦးနဲ့တစ်ဦး ဝေးနေရ တတ်ပါတယ်။ ချစ်သူ မရှိသေးသူဆိုရင်တော့ စန်းပွင့်နေပါတယ်။ ရည်ရွယ်ထားသူကို ချဉ်းကပ်ဖို့အကောင်းဆုံး ကာလပါ။ ကျန်းမာရေး အားနည်းနေနိုင်တာကို တွေ့ရတယ်။ ဇက်ကြောတက်တာ ၊သွေးလေးတာတွေ ဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း ၈ ၊၄ ၊၁

အထူးဟော တစိမ်းတရံတွေရဲ့ အကူအညီရမည်

ယတြာ ကော်ရည်ခေါက်ဆွဲ ဘုရားကပ်လှူ ပါ

တနင်္လာ

ဆရာသမားတွေ၊ အကြီးအကဲတွေရဲ့ နည်းပေးလမ်းပြတာကို ခံယူခွင့်ရတတ်ပါတယ်။ အလုပ်အတွက် လိုအပ် တဲ့ ပညာတွေဆည်းပူးတာ၊ နားလည်သူတွေကိုချဉ်းကပ်တာမျိုးတွေ ဆောင်ရွက်သင့်ပါတယ်။ ရပ်ဝေးက အလုပ် အကိုင်တွေနဲ့လဲ ချိတ်ဆက်မိပါလိမ့်မယ်။ ထီဝါသနာပါသူဆို "တ၊ ထ"အက္ခရာနဲ့ စတဲ့ ထီလက်မှတ်ကို ထိုးသင့်ပါ တယ်။ ငွေကံကောင်းပေမဲ့ အလုံးအရင်းမဝင်ဘဲ တအိအိနဲ့သာ ဝင်လာနိုင်ပါတယ်။

ရှေ့ဆက်တိုးတာမျိုးထက် လက်ရှိ အခြေအနေကိုသာမွမ်းမံ ပြင်ဆင်လုပ်ကိုင်ဖို့ အကြံပြုချင်ပါတယ်။ ချိန်းဆိုထားတဲ့ကိစ္စတွေ ပျက်လွယ်တဲ့ကာလပါပဲ။ တစ်ဦးတစ်ယောက်ဆီ မှာ တပည့်ခံခြင်း၊ သင်တန်းစတတ်ခြင်းများ ဆောင်ရွက်လို့ကောင်းတဲ့ ကာလပါပဲ။ ထူးခြား သော ငွေကြေးအကူအညီတွေ ရလာလိမ့်မယ်။ လက်ကားအလုပ်များ အဆင်ပြေ တိုးတတ်ပါလိမ့်မယ်။ စီးပွား ရေး ထွန်းတောက်နေတတ်ပါတယ်။ အဘက်ဘက်က အဆင်ပြေချောမွေ့နေမှာပါ။

မိတ်ဆွေကောင်းတွေဆီက အကူ အညီကောင်းတွေ ရလာမဲ့အချိန်ပါ။ စိတ်ပန်းလူပန်းဖြစ်နေတာတွေကနေ စိတ်ပျော် လူပျော်ဖြစ်လာမဲ့အချိန်ပါ။ လူချစ်လူခင်လဲ များနေတတ်ပါတယ်။ ကိုယ်ပိုင်စီးပွား လုပ်သူဆိုရင်တော့ အထူးအောင်မြင်မဲ့ကာလပါ။ လှုပ်လှုပ် ရှားရှား လုပ်ရတဲ့အလုပ်တွေ အမြဲအိမ်မကပ်ရတဲ့ ခရီးသွားလုပ်ငန်းတွေ အထူးကောင်းမဲ့အချိန်ပါ။ နိုင်ငံခြားခရီး အတွက်အကောင်းဆုံး အချိန်တစ်ခုပါ။

အကျိုးပေးဂဏန်း ၂၊ ၈ ၊၃

အထူးဟော အငြိမ်မနေရလေ အဆင်ပြေလေပါ

ယတြာ ဒူးရင်းသီးယို ဘုရားကပ်လှူ ပါ။

အင်္ဂါ

စိတ်ရှုပ်ထွေးစရာတွေ များနေလိမ့်မယ်။ အနည်းငယ် ညောင်းညာကိုက်ခဲနေလိမ့်မယ်။ အဆစ်အမြစ်တွေနာ နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အတိတ်က ရန်စတွေပြန်ပေါ်လာတတ်ပါတယ်။ အရင်ကတည်းက ရန်များသူတွေ၊ လူအများက မတရားဘူးလို့ ယူဆထားတဲ့ကိစ္စတွေကို စိတ်လိုလက်ရ လုပ်နေသူတွေ သတိထားပါ။ ကောင်းကောင်း ဒုက္ခရောက်လိမ့်မယ်။ လုပ်ငန်းစီးပွားကံ ညံ့နေမှုတွေ အထူးကြုံရတယ်။ လောင်းရိပ်မိနေတဲ့ အပင်လိုပဲ.. ကံအားနည်း နေတာ မျိုးပေါ့။

စီးပွားရေမကောင်းပါဘူးဆိုမှ မိသားစုအတွင်း ကျန်းမာရေးတွေလဲ ညံနေတတ်ပြန်တယ်။ မကောင်း တာလုပ်သူအတွက် မကောင်းတဲ့ အကျိုးဆက်တွေ ရလာလိမ့်မယ်။ မသွားချင်တဲ့ ခရီးတိုလေးတွေ သွားနေရ တတ်ပါတယ်။ အလုပ်များနေတာမို့ အချိန်ကို သေချာစွာ စီမံခန့်ခွဲနိုင်မှ အလုပ်ပြီး‌မြောက်ပါလိမ့် မယ်။ ဝန်ထမ်းများ အချိန်ပိုအလုပ်ဆင်းနေရတတ်ပါတယ်။ ဗျာများရတတ်တယ်။ လူငယ်တွေဆို အိမ်ကိုမကပ်ချင်ဘူး ဖြစ်နေတယ်။ စိတ်လေနေတဲ့ သဘောပေါ့။

ဒီကာလက သူတစ်ပါးကိစ္စတွေ ကူညီပေးရခြင်း ၊လူမှုရေးကိစ္စတွေ မဖြစ်မနေဝင်ပါ နေရခြင်းတွေက မိမိလုပ်ငန်းတာဝန်တွေကို လစ်ဟင်းစေတာတော့ အမှန်ပဲ။ ခရီးရှည်တွေလဲ မထွက်သင့်သေးဘူး။ သူများအရှုပ်ကိုယ့်အရှုပ် ဖြစ်တတ်တယ်။ လူငယ်တွေ အချစ်ရေးကိစ္စတွေကို စိတ်မဝင်စားနိုင်တဲ့ အခြေအနေ ရောက်နေတယ်။

အကျိုးပေးဂဏန်း ၁ ၊၈ ၇

အထူးဟော သူတစ်ပါးကိစ္စတွေနဲ့ အချိန်ကုန်မည်။

ယတြာ ပြောင်းဖူးကြော်ပြီး ရဟန်းတွေကို လောင်းလှူပါ

ဗုဒ္ဓဟူး၊ ရာဟု

ဒီတစ်ပတ်ထဲ တတ်နိုင်သမျှ ပေါင်းသင်းဆက်ဆံရေးကိစ္စတွေ အားနည်းချက်တွေ များနေတာမို့ တတ်နိုင်သ၍ စကားနည်းတာ အကောင်းဆုံးပါပဲ။ ပွဲစားအလုပ်များ၊ဆက်သွယ်ရေးအလုပ်များ၊ delivery အလုပ်များ အနည်းငယ် အဆင်မပြေခြင်းများ ကြုံရတတ်ပါတယ်။ သားသမီးငယ်ငယ်လေးတွေ ရှိတဲ့မိဘများ ကလေးငယ်ကျန်းမာရေးကို ပိုမို ဂရုစိုက်သင့်တဲ့ကာလပဲ ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးထွက်ရတာမျိုး ကြုံရနိုင်ပါတယ်။ မနိုင်ဝန်တွေလဲထမ်း ရတတ်ပါတယ်။

အလုပ်များပြီး အကျိုးအမြတ် နည်းနေတတ်တဲ့ ကာလပါ။ တတ်နိုင်သမျှ ရင်းနှီးမြုပ်နှံမှုကိစ္စတွေ ကိုဒီအပတ်ထဲ သတိနဲ့ယှဉ်ပြီး ဆောင်ရွက် ပါ။ လုပ်နေကျအလုပ်တွေ မဟုတ်ရင် ဘာပဲဖြစ်ဖြစ်သတိထား ဆောင် ရွက်ပါ။ လုပ်ငန်းခွင်မိတ်ဆွေတွေရဲ့ အလုပ်တွေကို ဝိုင်းကူညီပေးရတာမို့ ဒီကာလအနည်းငယ် ပင်ပန်းလာဖွယ်ရှိပါ တယ်။ ဒီကာလမှာ အထူးဂရုစိုက်ရမှာက ကျန်းမာရေးပဲ။ သွေးနဲ့ပက်သက်သော ရောဂါတွေ ဖြစ်တတ်သလိုရောဂါ ဟောင်း ဝေဒနာဟောင်းတွေ ပြန်ပေါ်လာတတ်တယ်။

သိပ်ပြီးတော့ လူပင်ပန်း၊ စိတ်ပင်ပန်းမခံပါနဲ့။ အားအရမ်း နည်းသွားပြီး ကျန်းမာရေးချို့တဲ့ သွားတတ်လို့ပါပဲ။ အိပ်ရေးဝအောင်အိပ်ပါ။ လူငယ်တွေအနေနဲ့ အပျော်လွန်ရာကနေ ပြဿ နာဖြစ်တတ်ပါတယ်။ မိမိအပေါင်းအသင်းတွေနဲ့ အချိန်မတော် မထွက်သင့်တဲ့ကာလပါ။ အချစ်ရေး ကံကောင်းနေ ပါတယ်။ ဆွေမျိုးထက် တစိမ်းတွေရဲ့အကူအညီ အထူးရလာပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၃၊ ဝ ၊၁

အထူးဟော ကျန်းမာရေး ဂရုစိုက်ပါ။

ယတြာ ဒါန်း၊ ထန်း ညွှန့် ၁၀ ညွှန့် စနေထောင့်တွင်လှူပါ။

ကြာသပတေး

တရားမမေ့သူတွေ တရားတွေ့နိုင်တဲ့ကာလလဲ ဖြစ်ပါတယ်။ မိမိလက်တည့်စမ်းပြီး လုပ်လိုက်တဲ့အလုပ်က မထင်မှတ်ဘဲ ထပြီးအောင်မြင်တတ်ပါတယ်။ နှစ်ရှည်လများ ပြည့်ချင်တဲ့ ဆန္ဒတွေရှိရင်တော့ ဒီကာလမှာတောင်းဆု တွေ ပြည့်လွယ်တာကို ထူးထူးခြားခြား တွေ့ရပါတယ်။ ငွေကြေးအကြပ်အတည်းတွေပြေလည်ဖို့ အကြောင်းဖန်လာ တတ်ပါတယ်။ လုပ်သမျှ အလေ့အလွင့်နည်းပြီး အပြည့်အဝ အကျိုးခံစားရပါလိမ့်မယ်။

အချစ်ရေးကံကောင်းပေမဲ့ စိတ်ကောက်နေတဲ့ ၊အထင်လွဲနေတဲ့ ချစ်သူကို အချိန်ပေးပြီး ချော့ရတတ်ပါတယ်။ ကျန်းမာရေးကလဲ ဒေါင်ဒေါင် မြည်နေမှာပါ။ ရွှေငွေ လက်ဝတ်ရတနာတွေလဲ ဝင်လာတတ်ပါတယ်။ ကောင်းတဲ့အလုပ်၊ ကောင်း တဲ့ အပြောတွေနဲ့ပျော် မွေ့သူတွေအဆင်ပြေပေမဲ့ မကောင်းတာတွေချည်းပဲ ဒိုင်ခံလုပ်နေသူများ အမှုထောင်ဆိုတာမျိုး နဲ့ကြုံရတတ်ပါတယ်။ စိတ်ချမ်းမြေ့ပျော်ရွှင်ရမဲ့ အချိန်ပါ။

မျှော်လင့်ထားတာတွေ ရည်မှန်းထားတာတွေဆက်တိုက် ဖြစ်လာပါလိမ့်မယ်။ လုပ်ငန်းစီးပွားတွေလဲ တိုးတတ်နေအုံးမှာပါ။ ငွေကဝင်ပေမဲ့ ဆီလိုအပါက်ရှာပြီး ပြန်ထွက်သွား တတ်ပါတယ်။ ထီဝါသနာပါသူဆို ၄၊ ၈ များများပါတဲ့ ထီလက်မှတ်ကို ထိုးသင့်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးသမား တွေဆို စီးပွားရေး ချဲ့ထွင်နိုင်ပါလိမ့်မယ်။ လူချစ်လူခင်များပြီး အကူအညီ အများကြီးရမဲ့အချိန်ပါ။

အကျိုးပေးဂဏန်း ၈၊ ၄ ၊၇

အထူးဟော ကံမြင့်နေသည်။

ယတြာ ရွှေထီး ၁ လက် အိမ်ကဘုရားတွင်လှူပါ

သောကြာ

ထူးခြားတဲ့အကူအညီတွေ ရလာတတ်ပါတယ်။ မိမိနဲ့ သိပ်မရင်းနှီးသူက အများအပြား ကူညီပေးတတ်ပါ တယ်။ အလုပ်ခွင်ထဲပင်ပန်းလို့ အနားယူချင်တာမျိုး၊ မိသားစုနဲ့ အပန်းဖြေခရီးထွက်တာမျိုး ဒီကာလတွေမှာ ဆောင်ရွက်လို့အထူး ကောင်းပါ တယ်။ ကောင်းသောစကားတွေ ပြောခြင်းဖြင့် ကောင်းသောကံတွေ ဖြစ်ထွန်းလာနိုင်တာ ကို တွေ့ရပါတယ်။ ခရီးကောင်း တွေ သွားရတတ်ပါတယ်။

မျက်နှာအလှပြင်ခြင်း၊ ဆံပင်ပြင်ခြင်း၊အလှအပတိုး စေတဲ့ ကိစ္စ များဆောင်ရွက် နိုင်မဲ့ကာလပါပဲ။ ဒီအပတ် အလုပ်စီးပွားရေးကံ မြင့်မားနေပါတယ်။ စီးပွားရေးလုပ်လို့ ကောင်း မွန်မဲ့ အချိန်ပါ။ ဆုတွေ လာဘ်တွေလဲရမဲ့ အချိန်ပါပဲ။ ဒီကာလမှာမိသားစုအတွင်းရေးကိစ္စတွေ ညှိုနှိုင်းဆုံး ဖြတ်လို့ အထူးကောင်းနေချိန်ပါ။ မိမိလေးစားရတဲ့ ဆရာသမား ၊အထက်လူကြီးတွေရဲ့ မျက်နှာသာပေး အရေးပေးခြင်း ခံရမဲ့အချိန်ပါ။

ဒီကာလအတွင်း အိမ်ခြံမြေကိစ္စ၊ အလုပ်ရာထူးကိစ္စတွေ အဆင်ပြေလာပါလိမ့်မယ်။ ကျန်းမာရေးလဲ အထူး ကောင်းမွန်နေချိန်ပါ။ အချစ်ရေးကိစ္စတွေမှာတော့ စိတ်ဆင်းရဲနေရအုံးမဲ့ သဘောတွေ တွေ့ရပါတယ်။ ဒီကာလအတွင်း ပညာရေးကိစ္စ သင်တန်းကိစ္စတွေလဲ အထူးကောင်းမွန်နေပါပြီ။

အကျိုးပေးဂဏန်း ၁၊ ဝ၊ ၅

အထူးဟော ကံမြင့်နေပါတယ်။

ယတြာ အားဆေးတစ်ကဒ် ရဟန်းတစ်ပါးကို လှူလိုက်ပါ။

စနေ

အရာရာကို မီးစင်ပြီးကရမဲ့ ကာလပါပဲ။ အမှောင်ထဲ လမ်းလျှောက်သလိုမျိုး စမ်းတဝါးဝါးနဲ့သာ အနာဂတ်ကို ရှေ့ဆက်ပါ။ လောဘတကြီး လုပ်သမျှ အဆိုးဒုက္ခတွေဖြစ်သွားတတ်လို့မယ်။ ငွေကိုမကြည့်ဘဲ ပရဟိတစိတ်မျိုးဒီ အပတ်မှာ မွေးမြူလုပ်ကိုင်ဖို့ လိုပါတယ်။ အလျင်လိုလေ ကြန့်ကြာလေပဲ ဖြစ်လိမ့်မယ်။ ခရီးသွားလုပ်ငန်း၊ နိုင်ငံရပ်ခြား ဆက်သွယ် လုပ်ရသောလုပ်ငန်း၊ ကုန်သွယ်မှုနဲ့ ပက်သက်သော လုပ်ငန်းတွေ အထူးအခက်အခဲ များနိုင်ပါတယ် ။

မျှော်လင့်ထားသလို မဖြစ်သေးဘူးပေါ့ဗျ။ ငွေကံကောင်းနေတဲ့သူတွေဆို ဒီကာလမှာ မိသားစုအတွင်းရေး အရှုပ်တွေ ပေါ်တတ်ပါတယ်။ လူယုံဒုက္ခပေးတတ်တဲ့ အချိန်ကာလပါပဲ။ အနီးကပ်လူတွေ ၊အောက်လက်ငယ်သားတွေကို အရာရာစိတ်ချမထားသင့်တဲ့ အချိန်ပါပဲ။ ပြောမရဆိုမရတဲ့ သားသမီးကြောင့်စိတ်ညစ်ရပါလိမ့်မယ် ။

ငွေကြေး အကြပ်အတည်းတွေလဲ ကြုံရနိုင်တဲ့အချိန်ပါ။ အချစ်ရေးကတော့ မိမိစိတ်ကြိုက်ပုံဖော်လို့ မရနိုင်သေး ပါဘူး။ အရာရာ အလွဲတွေနဲ့ ပြည့်နှက်နေပါတယ်။ ကျန်းမာရေးလဲ ဂရုစိုက်ပါ။ မပေါ့သင့်တဲ့အချိန်ပါ။ အလုပ်အကိုင်ပါးနေ တတ်တဲ့ အချိန်ပါ။ အလုပ်ပါးတော့ ငွေလဲပါးနေပါလိ့မ်မယ်။ ရပ်ဝေးကနေတော့ အကူအညီတွေ ရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၇၊ ၄၊ ဝ

အထူးဟော ကံအနည်းငယ် ညံ့နေသည်။

ယတြာ ကလေးငယ်တွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့် ကံတွေ ပြန်မြင့်လာပါလိမ့်မယ်။

၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Post a Comment

0 Comments