ကမ္ဘာပေါ်က ကလေးတိုင်း စိတ်ဝင်စားစေမယ့် ထူးခြားတဲ့ကျောင်းသင်ရိုး (၆) ခု

ကျောင်းတက်တဲ့အခါ ကလေးတွေရဲ့ စိတ်ပျော်ရွှင်ဖို့က အရေးပါတဲ့ အချက်ပါပဲ။ ကလေးတွေ စိတ်ဝင်စားစေမယ့် သင်ရိုးတွေကို ထည့်သွင်းပြဌာန်းပေးတဲ့အခါ ကျောင်းမှာ ပိုမိုပျော်ရွှင်လာပြီး အတွေးအမြင်တွေလည်း ပိုမိုပွင့်လင်း လာပါတယ်။ အဲဒါကြောင့် တချို့နိုင်ငံတွေမှာ ပြဌာန်းထားတဲ့ စိတ်ဝင်စားစရာ သင်ရိုးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သဘာဝတရားကို တန်ဖိုးထားတတ်အောင် သင်ကြားပေးတဲ့ဂျပန်နိုင်ငံ

နည်းပညာတွေ တိုးတက်လာတာကြောင့် ကလေးတွေက ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အချိန်ကုန် တတ်ကြပါတယ်။ ဂျပန်နိုင်ငံမှာ သင်္ချာ၊ ပထဝီတို့လို ဘာသာရပ်တွေအပြင် သဘာဝတရားကို မြတ်နိုးစေတဲ့ သင်ရိုးလည်း ပါဝင်ပါတယ်။ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီး အဆင့်တွေခွဲပေးသလို စာသင်နှစ်ကုန်တဲ့အခါမှာလည်း စာမေးပွဲ ဖြေရပါတယ်။

၂။ ပျားမွေးမြူရေး ဘာသာရပ်ကို သင်ကြားပေးတဲ့ Bashkiria နိုင်ငံ

Bashkiria နိုင်ငံက ကျောင်းပေါင်း ၁၀၀ ကျော်မှာ ပျားမွေးမြူရေးဌာနတွေ ရှိပါတယ်။ အဲဒီနေရာတွေမှာ ကလေးတွေက ပျားအုံတွေအကြောင်း၊ ပျားတွေအကြောင်း သင်ကြားရပါတယ်။ ပျားမွေးမြူရေးဘာသာကို သင်ကြားရတာကတော့ ကလေးတွေကို စိတ်ရှည်ဖို့၊ အာရုံစိုက်မိစေဖို့၊ စေ့စပ်သေချာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ။

၃။ ဆိုင်ဘာလုံခြုံရေး ဘာသာရပ်ကို သင်ကြားပေးတဲ့ အစ္စရေးနိုင်ငံ

အင်တာနက်က လူတွေရဲ့ဘဝမှာ မရှိမဖြစ် လိုအပ်လာပါပြီ။ အဲဒါကြောင့် ဆိုင်ဘာလုံခြုံရေးကလည်း အရေးပါတဲ့အရာ ဖြစ်လာပါပြီ။ အဲဒါကြောင့် အစ္စရေးနိုင်ငံက ကျောင်းတွေမှာ Cyber Warfare ရဲ့ သီအိုရီတွေနဲ့ လေ့ကျင့်မှုတွေကို သင်ကြားပေးပါတယ်။ ပြီးတော့ blog တွေနဲ့ social network comments တွေမှာ ဘယ်လိုတုံ့ပြန်မှုတွေ ပေးရမလဲ ဆိုတာကိုလည်း သင်ကြားပေးပါသေးတယ်။

၄။ ကျေးလက်ရိုးရာ အကတွေကို သင်ကြားပေးတဲ့ အာမေးနီးယားနိုင်ငံ

အာမေးနီးယားလူမျိုးတွေက သူတို့ရဲ့ရိုးရာအကတွေနဲ့ ပတ်သက်ပြီး အလွန်ဂုဏ်ယူကြပါတယ်။ အာမေးနီးယားရိုးရာမှာ အကပေါင်း ၁၅၀၀ ကျော် ရှိပါတယ်။ ရိုးရာအမွေအကကို သာမန်သင်ရိုးလို သင်နေတာကို အာမေးနီးယားအာဏာပိုင်တွေက မတင်းတိမ်နိုင်သေးတာကြောင့် ၂၀၁၃ ခုနှစ်ကစပြီး မဖြစ်မနေ သင်ရမယ့် သင်ရိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

၅။ ရေလွှာလျှောစီး သင်ခန်းစာတွေ သင်ပေးတဲ့ ဩစတေးလျနိုင်ငံ

ဩစတေးလျနိုင်ငံမှာတော့ ကျောင်းသူကျောင်းသားတွေအတွက် ရေလွှာလျှောစီး သင်ခန်းစာကိုပါ သင်ပေးပါတယ်။ ဩစတေးလျနိုင်ငံသားတွေက ရေလွှာလျှောစီးတဲ့နေရာမှာ ဆရာတစ်ဆူ ဖြစ်တယ်ဆိုတဲ့ ဂုဏ်ကို အလွန်ထိန်းသိမ်းလို ကြပါတယ်။ ဟာဝိုင်အီမှာလည်း ရေလွှာလျှောစီး ဘာသာရပ်ကို သင်ကြားပေးပါတယ်။

၆။ သိပ္ပံလေ့လာမှုတွေကို သင်ကြားပေးတဲ့ အမေရိကန်နိုင်ငံ

အမေရိကန်နိုင်ငံက ကျောင်းတွေမှာ သိပ္ပံသီအိုရီ သင်ခန်းစာတွေကို တစ်နှစ်လုံး သင်ပြီးနောက်မှာ တစ်ခုခု တီထွင်လာဖို့ နောက်ဆုံးအိမ်စာအဖြစ် ပေးလိုက်ပါတယ်။ သုတေသနကာလမှာ presentation တွေလည်း ပြုလုပ်ပြရပါတယ်။ သူတို့ရဲ့ပရောဂျက်ကို ဆွေးနွေးပြီး ကောင်းကျိုးဆိုးကျိုးတွေကို ဆုံးဖြတ်ကြပါတယ်။ နောက်ဆုံးမှာတော့ အဆင့်ကို သတ်မှတ်ပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments