ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားသင့်တဲ့ cosmetics product (၇) မျိုး

လူအများစုက အလှအပပစ္စည်းတွေကို မှန်တင်ခုံပေါ်မှာပဲ ထားတတ်ကြပါတယ်။ တချို့ cosmetic product တွေကိုတော့ ရေခဲသေတ္တာ သေးသေးလေးထဲမှာ ထည့်သိမ်းထားသင့်ပါတယ်။

၁။ သဘာဝကနေရတဲ့ အလှအပ ပစ္စည်းများ

အလှကုန် ပစ္စည်းအများစုမှ ကြာရှည်ခံဆေးတွေ ပါဝင်ပါတယ်။ သဘာဝကနေ ရတဲ့ အလှအပ ပစ္စည်းတွေမှာတော့ ကြာရှည်ခံဆေးတွေ မပါတာကြောင့် ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားသင့်ပါတယ်။

၂။ Active ingredients တွေပါဝင်တဲ့ အလှအပပစ္စည်းများ

Retinol, ဗီတာမင်စီနဲ့ peptide တို့လို active ingredients တွေ ပါဝင်တဲ့ အလှအပပစ္စည်းတွေကို အေးမြတဲ့နေရာမှာ ထားသင့်ပါတယ်။ အဲဒီအခါ အာနိသင်တွေ မပြယ်တော့ပါဘူး။ Probiotic ပါဝင်တဲ့ အလှအပ ပစ္စည်းတွေကိုလည်း ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို အလှအပပစ္စည်းတွေမှာ ကြာရှည်ခံဆေး အနည်းငယ်ပဲ ပါဝင်လို့ပါ။

၃။ Eye creams

Eye cream တွေကိုလည်း ရေခဲသေတ္တာထဲမှာ သိမ်းထားသင့်ပါတယ်။ aအေးမြတာကို သဘောကျရင် day cream, spray နဲ့ အရေပြား ရောင်ရမ်းတာကို သက်သာစေတဲ့ cream တွေကိုလည်း သိမ်းထားလို့ ရပါသေးတယ်။

၄။ ရေမွှေး

ရေမွှေးကို ရေခဲသေတ္တာထဲမှာ သိမ်းထားရင် ဆွတ်တဲ့အခါ အနံ့က ကြာကြာခံပါတယ်။ ဒါ့အပြင် နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပြီး ဖြစ်စေပါတယ်။

၅။ Masks

အထူးသဖြင့် ဂျယ်လ်ကို အခြေခံပြီး ပြုလုပ်ထားတဲ့maskတွေကို ရေခဲသေတ္တာထဲမှာ ထားသင့်ပါတယ်။ အေးမြနေတာကြောင့် အသားအရေ နီမြန်းတာကို လျှော့ချပေးပြီး လန်းဆန်းနေစေမှာပါ။

၆။ Eye pencil

Eye pencil တွေနဲ့ eye liner တွေကို မသုံးခင် ၁၀ မိနစ် အလိုလောက်မှာ ရေခဲသေတ္တာထဲမှာ ထားထားပါ။ အဲဒီအခါ ဆွဲလိုက်ရင် အရမ်းအဆင်ပြေတာကို တွေ့ရမှာပါ ။

၇။ နှုတ်ခမ်းနီများ

နှုတ်ခမ်းနီတွေနဲ့ lip balm တွေကို အများအားဖြင့် ဖယောင်းကို အခြေခံပြီး ပြုလုပ်ထားကြပါတယ်။ အပူချိန်မြင့်ရင် နှုတ်ခမ်းနီတွေက ပျော့လာပြီး ဆိုးလိုက်တဲ့အခု ပျံ့သွားမှာပါ။ အဲဒါကြောင့် နှုတ်ခမ်းမဆိုးခင် တစ်နာရီအလိုလောက်မှာ ရေခဲသေတ္တာထဲမှာ ခဏထားထားပေးပါ။

ရေခဲသေတ္တာထဲ ထည့်မထားသင့်တဲ့ အလှအပပစ္စည်းများ

Clay masks, softening balms, hair conditioner, လက်သည်းနီနဲ့ serum တွေကို ရေခဲသေတ္တာထဲမှာ ထည့်မသိမ်းထားသင့်ပါဘူး။ အေးတဲ့အပူချိန်မှာဆိုရင် အရောင်ပျက်သွားတာ၊ ကြာရှည်မခံတာတွေ ဖြစ်လာနိုင်ပါတယ်။

အလှအပပစ္စည်းတွေ ထည့်မယ့် ရေခဲသေတ္တာကို ဘယ်လိုရွေးမလဲ။

မီးဖိုမှာသုံးတဲ့ ရေခဲသေတ္တာထဲကို အလှအပပစ္စည်းတွေ ထည့်ထားရင် အစားအစာအနံ့တွေနဲ့ ရောသွားနိုင်ပါတယ်။ အဲဒါကြောင့် အလှအပပစ္စည်းတွေ ထည့်တဲ့ ရေခဲသေတ္တာ သေးသေးလေးကို ရွေးချယ်ထားတာက ပိုကောင်းပါတယ်။ ဒါမှမဟုတ် ရေခဲသေတ္တာ အသေးစားလေးတွေကို ရွေးချယ်လို့လည်း ရပါတယ်။ ရေခဲသေတ္တာမှာ cosmetics တွေထည့်မယ်ဆိုရင် အပူချိန်က အနည်းဆုံး ၃၂ ဒီဂရီဖာရင်ဟိုက် ရှိသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments