နွားနို့သောက်နေတာကို ရပ်တန့်လိုက်ဖို့ ဖော်ပြနေတဲ့လက္ခဏာ ၉ ခု

အရိုးကျိုးခြင်းကနေ အမြန်သက်သာဖို့အတွက်နဲ့ ပင်ပန်းနွမ်းနယ်တာတွေကို ပြန်လည် အားပြည့်စေဖို့အတွက် လူတွေက နွားနို့ကို သောက်သုံးကြပါတယ်။ တိရစ္ဆာန်တွေဆီကနေလည်း နို့ကိုရနိုင်သလို လူတွေပြုလုပ်ထားတဲ့ နို့တွေလည်း ရှိပါတယ်။ လူ့ခန္ဓာကိုယ်အတွက် အများကြီး အကျိုးရှိစေတာ မှန်ပေမယ့်လည်း တချို့ထိခိုက်စေတဲ့ အရာလေးတွေလည်း ရှိပါသေးတယ်။

၁။ သင့်အချိန်အများစုမှာ ပင်ပန်းနွမ်းနယ်သလို ခံစားရတယ်။

နွားနို့မှာ လူကိုအိပ်မောကျစေတဲ့ မော်လီကျူးတွေ ပါဝင်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာအရ ပြောရမယ် ဆိုရင်တော့ ဒါဟာ သင့်ကို ကောင်းကောင်း အိပ်ပျော်စေမယ်လို့ မဆိုလိုပါဘူး။ အစာကြေဖို့ ခက်ခဲတာကြောင့် စွမ်းအင်တွေကို များများသုံးရပြီး သင့်ရဲ့အိပ်စက်မှု စက်ဝန်းကိုတောင် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေဖို့ ဘရိုကိုလီ၊ ကန်စွန်းဥ၊ ငှက်ပျောသီး ဒါမှမဟုတ် ပန်းသီးလိုမျိုး အသီးအနှံတွေနှင့် ဟင်းသီးဟင်းရွက်တွေကို စားသုံးကြည့်ပါ။

၂။ သင့်ကို ဝက်ခြံတွေ ပေါက်လာစေနိုင်ပါတယ်။

လေ့လာမှုများတွေအရ အဆီထုတ်ထားတဲ့ နို့ဟာ ဆယ်ကျော်သက်တွေနှင့် အရွယ်ရောက်ပြီးသူတွေမှာ ဝက်ခြံဖြစ်ပွားမှုကို တိုးမြင့်စေတယ်လို့ ဖော်ပြထားပါတယ်။ အခြားသော သုတေသနပြုချက်တွေအရလည်း နို့သောက်တာဟာ ဝက်ခြံထွက်တာကို အားပေးတယ်လို့ ဆိုထားပါတယ်။ နွားနို့ဟာ အင်ဆူလင်နှင့် IGF-1 လိုမျိုးဟော်မုန်းတွေအပေါ် လွှမ်းမိုးသွားပါတယ်။ ဒါကြောင့် အဆီနည်းတဲ့ နို့ဟာ သင့်အရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၃။ သင့်ကို အစာကြေဖို့ ခက်ခဲစေတယ်။

လေ့လာမှုတစ်ခုအရ ကမ္ဘာ့လူဦးရေရဲ့ 65-70% ဟာ lactose လိုမျိုး ရောဂါကို ခံစားနေကြရပါတယ်။ လူ့နို့နဲ့ ယှဉ်လိုက်ရင်တောင် နွားနို့ထဲမှာ လတ်တိုစ် ပမာဏ ပိုများနေတာကြောင့် နွားနို့က အစာချေဖျက်ဖို့ ပိုခက်ခဲစေပါတယ်။

ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ လေတက်ခြင်းနှင့် ဝမ်းလျှောခြင်းလိုမျိုး ရောဂါလက္ခဏာတွေဟာ သင့်ကို နို့သောက်ခြင်းကို ဖြတ်ဖို့ သတိပေးနေတာပဲ ဖြစ်ပါတယ်။

၄။ ဘယ်နေရာက နာမှန်းမသိတဲ့ နာကျင်မှုတွေ ရှိလာမယ်။

နွားနို့မှာ အက်စစ်ဓာတ် မြင့်မားတာကြောင့် ရောင်ရမ်းမှုဖြစ်စေပြီး သင့်အဆစ်တွေနှင့် ကြွက်သားတွေကို နာကျင်စေတယ်လို လေ့လာမှုတွေအရ သိရပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး နာကျင်နေတဲ့ ကြွက်သားတွေကနေ ပြန်ကောင်းလာပြီ ဆိုရင် နို့ထွက်ပစ္စည်း စားသုံးမှုကို လျှော့ချကြည့်ပါ။

၅။ ဦးနှောက်ကို ဇဝေဇဝါ ဖြစ်စေပါတယ်။

ဦးနှောက်ဇဝေဇဝါ ဖြစ်ခြင်းဟာ ရောဂါ မဟုတ်ပေမယ့်လည်း လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဘယ်လိုတွေဖြစ်လဲ ဆိုတော့ မှတ်ဉာဏ်ပြဿနာတွေ၊ အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ မရေရာခြင်းတို့ကို ဖြစ်စေတာပါ။ အခြားအကြောင်းရင်းတွေ များစွာရှိပေမယ့်လည်း နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံ စားသုံးခြင်းဟာ casein နှုန်းကိုမြင့်မားစေပါတယ်။ ဒါကြောင့် မှားယွင်းတဲ့ စိတ်ကျေနပ်မှုတွေ ခံစားရစေပြီး ဇဝေဇဝါတွေ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုများစွာအရ နွားနို့စားသုံးမှုကို လျှော့ချခြင်းဟာ စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်နိုင်တယ်လို့ အကြံပြုထားပါတယ်။

၆။ ဓာတ်မတည့်မှုနှင့် အခြားအရေပြားဆိုင်ရာ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် colic လိုမျိုးအစောပိုင်း လက္ခဏာတွေဟာ နို့နဲ့ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း lactose လက္ခဏာတွေနဲ့ ရောထွေးသွားနိုင်ပါတယ်။ ကလေးငယ်တွေရဲ့ 5% လောက်မှာ နို့နှင့်ဓာတ်မတည့်ခြင်းတွေ ရှိပေမယ့်လည်း တချို့တွေကျတော့လည်း အရွယ်ရောက်ပြီးချိန်မှ ဖြစ်တတ်တာတွေ ရှိပါတယ်။ နို့ထွက်ပစ္စည်းကြောင့် နှင်းခူလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် သင့်အစားအစာတွေထဲကနေ နို့ထွက်ပစ္စည်းတွေကို လျှော့ချ ပြီး သင့်ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသလား ဆိုတာ ကြည့်ကြည့်ပါ။

၇။ ကိုလက်စထရောတွေ မြင့်တက်လာမယ်။

သွေးကြောထဲမှာရှိတဲ့ ကိုလက်စထရောတွေဟာ သင်စားသောက်လိုက်တဲ့ အစားအသောက်ကနေ တိုက်ရိုက်ရရှိပါတယ်။ ပုံမှန်နွားနို့ 100 ဂရမ်မှာ ကိုလက်စထရော 10 ဂရမ် ပါ၀င်တယ်လို့ USDA က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် နေ့စဉ်ပမာဏများစွာ စားသုံးမိရင် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

၈။ သင့်အရိုးတွေ ကျိုးလွယ်နိုင်တယ်။

ကယ်လ်စီယမ်ဟာ ကလေးဘဝမှာ အရိုးဖွံ့ဖြိုးမှုနှင့် အရိုးကျန်းမာရေးအတွက် အရမ်းကို အရေးကြီးပါတယ်။ ဒါပေမယ့်လည်း နို့ထွက်ပစ္စည်းအားလုံး ဒါမှမဟုတ် တိရစ္ဆာန်ဆီကနေရတဲ့ပရိုတင်းတွေဟာ ကယ်လ်စီယမ် စားသုံးမှုကို လျော့နည်းစေတဲ့ အက်စစ်ဓာတ်တွေ ဖြစ်ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်နေ့ကို နွားနို့ ၃ ခွက် ဒါမှမဟုတ် ဒီ့ထက် ပိုသောက်တဲ့ အမျိုးသမီးတွေဟာ အရိုးကျိုးနိုင်ခြေ ပိုများကြောင်း သိရပါတယ်။ အဲဒါကြောင့် တန်ဆေးလွန်ဘေးပါပဲ။

၉။ သင့်ခန္ဓာကိုယ်က ဆေးကိုခံနိုင်ရည် ရှိသွားပြီး မြန်မြန်ပြန်ကောင်းလာဖို့ ကြာသွားပါတယ်။

ဒီနေရာမှာတော့ နွားနို့ကြောင့် မဟုတ်ပဲ နွားကိုတိုက်ကျွေးတဲ့ ပဋိဇီဝဆေးတွေကြောင့် သင့်ကျန်းမာရေးကို သွယ်ဝိုက်တဲ့နည်းဖြင့် ထိခိုက်စေနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ထားပါတယ်။ ဆေးဝါးတွေက တိရိစ္ဆာန်တွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးပေမယ့်လည်း တစ်ဖက်မှာတော့ ရောဂါပိုးကို ခံနိုင်ရည်ရှိတဲ့ ဘက်တီးရီးယားတွေ ကြီးထွားမှုကို ဖြစ်စေပါတယ်။ Probiotics ဟာ လူတွေအတွက်အရမ်းကို အသုံးဝင်ပေမယ့်လည်း ဘက်တီးရီးယားတွေ အတွက်တော့ ဆန့်ကျင်ဘက်ပဲဖြစ်ပါတယ်။ ဖျားနာမှုကို မြန်မြန်ပျောက်ချင်တယ် ဆိုရင်တော့ နို့ထွက်ပစ္စည်းတွေအပေါ် စားသုံးမှုကို စဉ်းစားဖို့ လိုပါလိမ့်မယ်။

Zombie (lovemedia)

Post a Comment

0 Comments