မျက်နှာစာ ၅ ပေပဲကျယ်တဲ့ ကမ္ဘာ့အကျဉ်းဆုံးအိမ်လေး

သင်က ဒီအဆောက်အဦး ရှေ့ကနေ လမ်းလျှောက်သွားရင် အိမ်လေးတစ်အိမ် ရှိနေမှန်း သတိထားမိမှာ မဟုတ်ပါဘူး။ ဒီအိမ်လေးက ကမ္ဘာပေါ်မှာ အကျဉ်းဆုံးအိမ်လေးဖြစ်ပါတယ်။

ကမ္ဘာ့အကျဉ်းဆုံး အိမ်လေးကိုတော့ ပိုလန် ဗိသုကာပညာရှင် Jakub Szczesny က ဆောက်လုပ်ထားတာပါ။ အိမ်က မျက်နှာစာအကျယ် ၅ ပေပဲ ကျယ်ပါတယ်။ အိမ်လေးကိုတော့ "The Keret House" လို့ ခေါ်ကြပါတယ်။


The Keret House က ပိုလန်နိုင်ငံ၊ Warsaw မြို့လယ်က အဆောက်အဦး နှစ်ခုကြားမှာ တည်ရှိပါတယ်။ ဒီအိမ်လေးကို ခရီးသွား စာရေးဆရာတွေအတွက် ခေတ္တနေထိုင်လို့ရအောင် ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။


" ဘယ်လိုအိမ်မျိုးဆောက်ရင် ကောင်းမလဲလို့ စိတ်ကူးမိတယ်။ အိမ်ကိုတွေ့လိုက်ရင် ရယ်စရာ သဘောလည်း ဖြစ်နေမယ်၊ ကြာကြာနေလို့ မရမယ့်အိမ်မျိုးလည်းဖြစ်ရမယ်" လို့ အိမ်ရဲ့ဗိသုကာပညာရှင်က ပြောပါတယ်။ အိမ်ကို လှေကားနဲ့ တက်သွားရတာပါ။ အိမ်ရဲ့အကျဉ်းဆုံးနေရာက ၂ ပေ ၄ လက်မပါ။


" အရာရာဟာ ရှေးရိုးစွဲအတိုင်း ဖြစ်နေတယ်။ ရှေးရိုးဆန်တာတွေကနေ ထိုးဖောက်ဖို့ လိုတယ် " လို့ ဗိသုကာပညာရှင် Jakub က ပြောပါတယ်။ အိမ်ထဲမှာ လိုအပ်တဲ့ပရိဘောဂ ပစ္စည်းတွေကိုလည်း အိမ်နဲ့ ကိုက်ညီအောင် ပြင်ဆင်ပြီး ထည့်ထားပေးပါတယ်။


အခုဆိုရင် The Keret House က ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားတဲ့ နေရာတစ်နေရာအဖြစ် ထင်ရှားနေပါပြီ။


Zombie (lovemedia)

for zawgyi

မ်က္ႏွာစာ ၅ ေပပဲက်ယ္တဲ့ ကမာၻ႔အက်ဥ္းဆုံးအိမ္ေလး

သင္က ဒီအေဆာက္အဦး ေရွ႕ကေန လမ္းေလွ်ာက္သြားရင္ အိမ္ေလးတစ္အိမ္ ရွိေနမွန္း သတိထားမိမွာ မဟုတ္ပါဘူး။ ဒီအိမ္ေလးက ကမာၻေပၚမွာ အက်ဥ္းဆုံးအိမ္ေလးျဖစ္ပါတယ္။

ကမာၻ႔အက်ဥ္းဆုံး အိမ္ေလးကိုေတာ့ ပိုလန္ ဗိသုကာပညာရွင္ Jakub Szczesny က ေဆာက္လုပ္ထားတာပါ။ အိမ္က မ်က္ႏွာစာအက်ယ္ ၅ ေပပဲက်ယ္ပါတယ္။ အိမ္ေလးကိုေတာ့ "The Keret House" လို႔ ေခၚၾကပါတယ္။

The Keret House က ပိုလန္ႏိုင္ငံ၊ Warsaw ၿမိဳ႕လယ္က အေဆာက္အဦး ႏွစ္ခုၾကားမွာ တည္ရွိပါတယ္။ ဒီအိမ္ေလးကို ခရီးသြား စာေရးဆရာေတြအတြက္ ေခတၱေနထိုင္လို႔ရေအာင္ ျပဳလုပ္ေပးသြားမယ္လို႔ ဆိုပါတယ္။

" ဘယ္လိုအိမ္မ်ိဳးေဆာက္ရင္ ေကာင္းမလဲလို႔ စိတ္ကူးမိတယ္။ အိမ္ကိုေတြ႕လိုက္ရင္ ရယ္စရာ သေဘာလည္း ျဖစ္ေနမယ္၊ ၾကာၾကာေနလို႔ မရမယ့္အိမ္မ်ိဳးလည္းျဖစ္ရမယ္" လို႔ အိမ္ရဲ႕ဗိသုကာပညာရွင္က ေျပာပါတယ္။ အိမ္ကို ေလွကားနဲ႔ တက္သြားရတာပါ။ အိမ္ရဲ႕အက်ဥ္းဆုံးေနရာက ၂ ေပ ၄ လက္မပါ။

" အရာရာဟာ ေရွး႐ိုးစြဲအတိုင္း ျဖစ္ေနတယ္။ ေရွး႐ိုးဆန္တာေတြကေန ထိုးေဖာက္ဖို႔ လိုတယ္ " လို႔ ဗိသုကာပညာရွင္ Jakub က ေျပာပါတယ္။ အိမ္ထဲမွာ လိုအပ္တဲ့ပရိေဘာဂ ပစၥည္းေတြကိုလည္း အိမ္နဲ႔ ကိုက္ညီေအာင္ ျပင္ဆင္ၿပီး ထည့္ထားေပးပါတယ္။

အခုဆိုရင္ The Keret House က ခရီးသြားဧည့္သည္ေတြ စိတ္ဝင္စားတဲ့ ေနရာတစ္ေနရာအျဖစ္ ထင္ရွားေနပါၿပီ။

Zombie (lovemedia)

Post a Comment

0 Comments