သိုးကျောင်းသားလေးရဲ့ နောင်တ

တခါတုန်းက သိုးကျောင်းလေး တယောက်ဟာ သိုးတွေကို ကျောင်းနေရင်းနဲ့ တောင်ကုန်းပေါ် ရောက်လာခဲ့တယ်။ သိုးတွေကို ထိန်းရင်းကျောင်းရင်း ပျင်းလာတဲ့ အတွက် တခုခု လုပ်ချင်စိတ် ဖြစ်ပေါ်လာတယ်။

သူ့ကိုယ်သူလည်း ပျော်စရာ ဖြစ်စေချင်တာကြောင့် ကောင်လေးက "ဝံပုလွေဗျို့ ဝံပုလွေ ဝံပုလွေ" လို့ အကျယ်ကြီး အော်လိုက်တယ်။ ကောင်လေးရဲ့ အော်သံကြောင့် ကောင်လေးကို ကယ်ဆယ်ဖို့နဲ့ သိုးတွေကို ကယ်ဖို့ အတွက် ရွာသားတွေက အပြေးအလွှား ရောက်လာကြတယ်။

ရွာသားတွေ တောင်ကုန်းပေါ် ရောက်တဲ့အခါ ဝံပုလွေနဲ့ တူတာ ဘာမှ မတွေ့ရတဲ့အခါ စိတ်ဆိုးဒေါသ ထွက်ကြတယ်။ သိုးကျောင်းသားလေးက ဒေါသထွက်နေတဲ့ ရွာသားတွေကို ကြည့်ပြီး ရယ်မောနေ ခဲ့ပါတယ်။

"ဝံပုလွေ မလာဘဲနဲ့ ငိုပြီး မအော်ခေါ်နဲ့" လို့ သိုးကျောင်းသားလေးကို ရွာသားတွေက ဒေါသတကြီး ပြောသွားပြီး ထွက်ခွာသွားကြတယ်။ သိုးကျောင်းသားလေးက ရွာသားတွေကို ရယ်မောနေ ခဲ့တယ်။

အချိန်တွေ ကြာပြီးတဲ့အခါမှာ သိုးကျောင်းသားလေးက ထပ်ပြီး ပျင်းရိလာ ပြန်တယ်။ အဲဒီအခါ အထက်က လိုပဲ ငိုသံကြီးနဲ့ ဝံပုလွေလာပြီ လို့ အော်ပြန်တယ်။ ရွာသားတွေကလည်း ယုံကြည်ပြီး ဒုတိယအကြိမ် ရောက်လာပြန်တယ်။

ဒေါသထွက်နေတဲ့ ရွာသားတွေက သိုးကျောင်းသားလေးကို သတိပေးပြီး ပြန်သွားပြန်တယ်။ သိုးကျောင်းသားလေးကတော့ လူအုပ်ကြီးကို ကြည့်ပြီး ရယ်မောနေခဲ့ ပြန်တယ်။

ခဏအကြာမှာတော့ တကယ့် ဝံပုလွေ အစစ်ကို မြင်ရပြီး ငိုသံပါကြီးနဲ့ ကျယ်လောင်စွာ အော်ပါတော့တယ်။ "ဝံပုလွေကြီး၊ ကျေးဇူးပြုပြီး ကယ်ကြပါအုံး။ ဝံပုလွေကြီးက သိုးတွေနားကို ကပ်လာနေပြီ။ ကယ်ကြပါ" ဆိုပြီး ကျယ်လောင်စွာ အော်ခေါ်ပေမယ့် ဘယ်သူကမှ ကူညီဖို့ ရောက်မလာပါဘူး။

ညနေစောင်းချိန် မှာတော့ သိုးကျောင်းသားလေးဟာ အိမ်ကို ပြန်မလာခဲ့ပါဘူး။ ရွာသားတွေက အံ့အားသင့်ပြီး တောင် ကုန်းပေါ်မှာ ဘာများဖြစ်နေသလဲလို့ တောင်ကုန်းပေါ် သွားကြည့်ခဲ့ ကြပါတယ်။ သိုးကျောင်းသားလေးဟာ တောင်ကုန်းမှာ ထိုင်ရင်း ငိုကြွေးမြည်တမ်း နေခဲ့ပါတယ်။

"ဝံပုလွေကြီးလို့ ကျွန်တော် အော်ခေါ်နေ ခဲ့တုန်းက ဘာလို့များ မလာခဲ့ကြတာလဲ၊ ခုတော့ သိုးအုပ်စုက တကွဲတပြား ဖြစ်ကုန်ကြပြီ" လို့ သိုးကျောင်းသားလေးက ဒေါသတကြီး ပြောလိုက်တယ်။

အသက်ကြီးတဲ့ ရွာသားတယောက်က သိုးကျောင်းသားလေးကို "လူတွေက လိမ်တတ်တဲ့ လူတွေကို မယုံကြည်ကြတော့ဘူး၊ သူတို့ အမှန်အတိုင်း ပြောနေတယ် ဆိုရင်တောင်မှပေါ့။ မင်းရဲ့ သိုးတွေကို ငါတို့ မနက်ဖြန်မနက်မှာ ပြန်ရှာပေးပါ့မယ်။ ခုတော့ အိမ်ပြန်ကြစို့" ဆိုပြီး ပြောလိုက်ပါတော့တယ်။

လိမ်ညာခြင်းက အမှန်အတရားကို ချိုးဖျက်နိုင်ပါတယ်။ ဘယ်သူကမှ လွယ်လွယ် လိမ်ညာတတ်တဲ့ သူကို မယုံကြည်နိုင်ပါဘူး။ လိမ်တတ်တဲ့သူတယောက်က အမှန်အတိုင်း ပြောနေရင် တောင်မှ ဘယ်သူမှ ယုံကြည်တော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘယ်လို အကြောင်းအရာ ကိစ္စမျိုး အပေါ်မှာမှ စနောက်စရာ အဖြစ်နဲ့တောင် လိမ်ညာတာမျိုး မလုပ်သင့်ဘူးလို့ သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။

BAWA

Zawgyi

သိုးေက်ာင္းသားေလးရဲ႕ ေနာင္တ

တခါတုန္းက သိုးေက်ာင္းေလး တေယာက္ဟာ သိုးေတြကို ေက်ာင္းေနရင္းနဲ႔ ေတာင္ကုန္းေပၚ ေရာက္လာခဲ့တယ္။ သိုးေတြကို ထိန္းရင္းေက်ာင္းရင္း ပ်င္းလာတဲ့ အတြက္ တခုခု လုပ္ခ်င္စိတ္ ျဖစ္ေပၚလာတယ္။

သူ႔ကိုယ္သူလည္း ေပ်ာ္စရာ ျဖစ္ေစခ်င္တာေၾကာင့္ ေကာင္ေလးက "ဝံပုေလြဗ်ိဳ႕ ဝံပုေလြ ဝံပုေလြ" လို႔ အက်ယ္ႀကီး ေအာ္လိုက္တယ္။ ေကာင္ေလးရဲ႕ ေအာ္သံေၾကာင့္ ေကာင္ေလးကို ကယ္ဆယ္ဖို႔နဲ႔ သိုးေတြကို ကယ္ဖို႔ အတြက္ ႐ြာသားေတြက အေျပးအလႊား ေရာက္လာၾကတယ္။

႐ြာသားေတြ ေတာင္ကုန္းေပၚ ေရာက္တဲ့အခါ ဝံပုေလြနဲ႔ တူတာ ဘာမွ မေတြ႕ရတဲ့အခါ စိတ္ဆိုးေဒါသ ထြက္ၾကတယ္။ သိုးေက်ာင္းသားေလးက ေဒါသထြက္ေနတဲ့ ႐ြာသားေတြကို ၾကည့္ၿပီး ရယ္ေမာေန ခဲ့ပါတယ္။

"ဝံပုေလြ မလာဘဲနဲ႔ ငိုၿပီး မေအာ္ေခၚနဲ႔" လို႔ သိုးေက်ာင္းသားေလးကို ႐ြာသားေတြက ေဒါသတႀကီး ေျပာသြားၿပီး ထြက္ခြာသြားၾကတယ္။ သိုးေက်ာင္းသားေလးက ႐ြာသားေတြကို ရယ္ေမာေန ခဲ့တယ္။

အခ်ိန္ေတြ ၾကာၿပီးတဲ့အခါမွာ သိုးေက်ာင္းသားေလးက ထပ္ၿပီး ပ်င္းရိလာ ျပန္တယ္။ အဲဒီအခါ အထက္က လိုပဲ ငိုသံႀကီးနဲ႔ ဝံပုေလြလာၿပီ လို႔ ေအာ္ျပန္တယ္။ ႐ြာသားေတြကလည္း ယုံၾကည္ၿပီး ဒုတိယအႀကိမ္ ေရာက္လာျပန္တယ္။

ေဒါသထြက္ေနတဲ့ ႐ြာသားေတြက သိုးေက်ာင္းသားေလးကို သတိေပးၿပီး ျပန္သြားျပန္တယ္။ သိုးေက်ာင္းသားေလးကေတာ့ လူအုပ္ႀကီးကို ၾကည့္ၿပီး ရယ္ေမာေနခဲ့ ျပန္တယ္။

ခဏအၾကာမွာေတာ့ တကယ့္ ဝံပုေလြ အစစ္ကို ျမင္ရၿပီး ငိုသံပါႀကီးနဲ႔ က်ယ္ေလာင္စြာ ေအာ္ပါေတာ့တယ္။ "ဝံပုေလြႀကီး၊ ေက်းဇူးျပဳၿပီး ကယ္ၾကပါအုံး။ ဝံပုေလြႀကီးက သိုးေတြနားကို ကပ္လာေနၿပီ။ ကယ္ၾကပါ" ဆိုၿပီး က်ယ္ေလာင္စြာ ေအာ္ေခၚေပမယ့္ ဘယ္သူကမွ ကူညီဖို႔ ေရာက္မလာပါဘူး။

ညေနေစာင္းခ်ိန္ မွာေတာ့ သိုးေက်ာင္းသားေလးဟာ အိမ္ကို ျပန္မလာခဲ့ပါဘူး။ ႐ြာသားေတြက အံ့အားသင့္ၿပီး ေတာင္ ကုန္းေပၚမွာ ဘာမ်ားျဖစ္ေနသလဲလို႔ ေတာင္ကုန္းေပၚ သြားၾကည့္ခဲ့ ၾကပါတယ္။ သိုးေက်ာင္းသားေလးဟာ ေတာင္ကုန္းမွာ ထိုင္ရင္း ငိုေႂကြးျမည္တမ္း ေနခဲ့ပါတယ္။

"ဝံပုေလြႀကီးလို႔ ကြၽန္ေတာ္ ေအာ္ေခၚေန ခဲ့တုန္းက ဘာလို႔မ်ား မလာခဲ့ၾကတာလဲ၊ ခုေတာ့ သိုးအုပ္စုက တကြဲတျပား ျဖစ္ကုန္ၾကၿပီ" လို႔ သိုးေက်ာင္းသားေလးက ေဒါသတႀကီး ေျပာလိုက္တယ္။

အသက္ႀကီးတဲ့ ႐ြာသားတေယာက္က သိုးေက်ာင္းသားေလးကို "လူေတြက လိမ္တတ္တဲ့ လူေတြကို မယုံၾကည္ၾကေတာ့ဘူး၊ သူတို႔ အမွန္အတိုင္း ေျပာေနတယ္ ဆိုရင္ေတာင္မွေပါ့။ မင္းရဲ႕ သိုးေတြကို ငါတို႔ မနက္ျဖန္မနက္မွာ ျပန္ရွာေပးပါ့မယ္။ ခုေတာ့ အိမ္ျပန္ၾကစို႔" ဆိုၿပီး ေျပာလိုက္ပါေတာ့တယ္။

လိမ္ညာျခင္းက အမွန္အတရားကို ခ်ိဳးဖ်က္ႏိုင္ပါတယ္။ ဘယ္သူကမွ လြယ္လြယ္ လိမ္ညာတတ္တဲ့ သူကို မယုံၾကည္ႏိုင္ပါဘူး။ လိမ္တတ္တဲ့သူတေယာက္က အမွန္အတိုင္း ေျပာေနရင္ ေတာင္မွ ဘယ္သူမွ ယုံၾကည္ေတာ့မွာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ ဘယ္လို အေၾကာင္းအရာ ကိစၥမ်ိဳး အေပၚမွာမွ စေနာက္စရာ အျဖစ္နဲ႔ေတာင္ လိမ္ညာတာမ်ိဳး မလုပ္သင့္ဘူးလို႔ သင္ခန္းစာ ေပးထားတာ ျဖစ္ပါတယ္။

BAWA

Post a Comment

0 Comments