လျှို့ဝှက်ထားသင့်သော အရာ

တခါတုန်းက ရွာကြီးတရွာမှာ ထူးဆန်းတဲ့ အဘိုးအို တယောက် ရှိတယ်။ သူမှာ သိပ်လှတဲ့ မြေးမလေး တယောက်လည်း ရှိတယ်။ အဘိုးအို ပာ မျက်လှည့် ပညာ သိပ်ကျွမ်းတယ်။ အဲဒီ ပညာနဲ့ပဲ အသက်မွေးခဲ့တယ်။ မြေးမလေး ကိုလည်း အဲဒီပညာတွေ သင်ပေးထားတယ်။

တနေ့မှာတော့ လူစည်ကားတဲ့ နေရာမှာ မျက်လှည့် ပြတာပေါ့။ ပန်းပွင့်ကနေ ငွေစက္ကူ ဖြစ်တာတွေ၊ ကြိုးခွေ ကနေ မြွေ ဖြစ်သွားတာတွေ၊ ပြကွက်မျိုးစုံနဲ့ ပရိသတ်ကို ဖျော်ဖြေတယ်။ အားလုံး ပြပြီးရင် ပရိသတ်က စွန့်ကြဲတဲ့ ငွေကိုပဲ ယူတယ်။

အခုပြတဲ့ ပွဲမှာ အဘိုးအိုဟာ ထူးဆန်းတဲ့ စကားတခွန်း ပြောတယ်။

"မျက်လှည့်ပညာ ဆိုတာ မှော်ပညာ မဟုတ်လို့ တန်ခိုး စွမ်းအားတွေ မရှိပါဘူး။ လိမ်တာလည်း မဟုတ်ပါဘူး။ မျက်လှည့် ပညာမှာ လျို့ဝှက်ချက်တွေ ရှိပါတယ်။ အဲ့ဒီ လျှို့ဝှက်ချက်တွေကို သင်တို့ မသိလို့သာ အထူး အဆန်း လာကြည့်ကြတာ ဖြစ်တယ်။ ဒီနေ့ မျက်လှည့် ပညာရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြပါမယ်"

ပရိသတ်တွေ အံ့သြတကြီး ဖြစ်ကုန်ကြတယ်။ ကြိုးခွေကနေ ဘယ်လို မြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ ခဏကြာတော့ အဘိုးအိုဟာ လျှို့ဝှက်ချက် တွေ အားလုံး ပြောပြသတဲ့။

ပရိသတ်လည်း ပြောတုန်း ခဏပဲ စိတ်ဝင်စားတာပေါ့။ သိလည်း သွားရော "သြော် ဒီလို လုပ်တာလား။ ဒါလေးများ" ဆိုပြီး မျက်လှည့်ပညာကို စိတ်မဝင်စား တော့ဘူးပေါ့။

နောက်တနေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြတယ်။ အဲ့ဒီနေ့မှာတော့ ပရိသတ် တယောက်မှ မလာတော့ပါဘူး။ ထိုအခါ အဘိုးအိုက "မြေးလေးရေ၊ ပရိသတ် တယောက်မှ မလာပါလား။ ဘာကြောင့်လဲ"

"အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေ ပြောလိုက်တာကိုး။ ဘယ်သူမှ စိတ်မဝင်စား တော့ဘူးပေါ့"

"အေး၊ ဟုတ်တယ် မြေးလေး။ အဘိုးကို တသက်လုံး ထမင်းကျွေး ခဲ့တဲ့ ပညာ။ အခုတော့ လျှို့ဝှက်ချက်လည်း ပြလိုက်ရော ဘာမှ တန်ဖိုး မရှိတော့ဘူး။ မြေးလေးလည်း မှတ်ထားပါ။ လျှို့ဝှက်ထားသင့်တဲ့ အရာဆိုတာ လျှို့ဝှက် ထားရမယ်ကွဲ့။

အဲ့ဒီလိုပဲ လျှို့ဝှက်ချက် ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ် အလှတရားကိုလည်း ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက် ထားရမယ်။ ဒါဆို မြေးရဲ့ မိန်းကလေး အလှ ပာ တန်ဖိုးကြီးတယ်ကွဲ့။

ဒူးဖော်၊ ပေါင်ဖော်၊ ရင်သားတွေ ဖော်နေရင် ဘယ်သူမှ စိတ်မဝင်စားတော့ဘဲ တန်ကြေး မရှိ ဖြစ်မယ်။ ပြတုန်း ခဏပဲ သူတို့က တန်ဖိုး ထားတာ။ ဒါ့ကြောင့် အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ပါ"

အဘိုးအိုဟာ သူ့ပညာနဲ့ ရင်းပြီး သူ့ရဲ့ မြေးမလေးကို ဆုံးမလိုက် ပါတော့တယ်။

Crd

Zawgyi

လွ်ိဳ႕ဝွက္ထားသင့္ေသာ အရာ

တခါတုန္းက ႐ြာႀကီးတ႐ြာမွာ ထူးဆန္းတဲ့ အဘိုးအို တေယာက္ ရွိတယ္။ သူမွာ သိပ္လွတဲ့ ေျမးမေလး တေယာက္လည္း ရွိတယ္။ အဘိုးအို ပာ မ်က္လွည့္ ပညာ သိပ္ကြၽမ္းတယ္။ အဲဒီ ပညာနဲ႔ပဲ အသက္ေမြးခဲ့တယ္။ ေျမးမေလး ကိုလည္း အဲဒီပညာေတြ သင္ေပးထားတယ္။

တေန႔မွာေတာ့ လူစည္ကားတဲ့ ေနရာမွာ မ်က္လွည့္ ျပတာေပါ့။ ပန္းပြင့္ကေန ေငြစကၠဴ ျဖစ္တာေတြ၊ ႀကိဳးေခြ ကေန ေႁမြ ျဖစ္သြားတာေတြ၊ ျပကြက္မ်ိဳးစုံနဲ႔ ပရိသတ္ကို ေဖ်ာ္ေျဖတယ္။ အားလုံး ျပၿပီးရင္ ပရိသတ္က စြန႔္ႀကဲတဲ့ ေငြကိုပဲ ယူတယ္။

အခုျပတဲ့ ပြဲမွာ အဘိုးအိုဟာ ထူးဆန္းတဲ့ စကားတခြန္း ေျပာတယ္။

"မ်က္လွည့္ပညာ ဆိုတာ ေမွာ္ပညာ မဟုတ္လို႔ တန္ခိုး စြမ္းအားေတြ မရွိပါဘူး။ လိမ္တာလည္း မဟုတ္ပါဘူး။ မ်က္လွည့္ ပညာမွာ လ်ိဳ႕ဝွက္ခ်က္ေတြ ရွိပါတယ္။ အဲ့ဒီ လွ်ိဳ႕ဝွက္ခ်က္ေတြကို သင္တို႔ မသိလို႔သာ အထူး အဆန္း လာၾကည့္ၾကတာ ျဖစ္တယ္။ ဒီေန႔ မ်က္လွည့္ ပညာရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို ေျပာျပပါမယ္"

ပရိသတ္ေတြ အံ့ၾသတႀကီး ျဖစ္ကုန္ၾကတယ္။ ႀကိဳးေခြကေန ဘယ္လို ေႁမြျဖစ္သလဲ စသည္ျဖင့္ေပါ့။ ခဏၾကာေတာ့ အဘိုးအိုဟာ လွ်ိဳ႕ဝွက္ခ်က္ ေတြ အားလုံး ေျပာျပသတဲ့။ ပရိသတ္လည္း ေျပာတုန္း ခဏပဲ စိတ္ဝင္စားတာေပါ့။ သိလည္း သြားေရာ "ေၾသာ္ ဒီလို လုပ္တာလား။ ဒါေလးမ်ား" ဆိုၿပီး မ်က္လွည့္ပညာကို စိတ္မဝင္စား ေတာ့ဘူးေပါ့။

ေနာက္တေန႔ ေျမးမေလးကို ေခၚၿပီး မ်က္လွည့္ သြားျပတယ္။ အဲ့ဒီေန႔မွာေတာ့ ပရိသတ္ တေယာက္မွ မလာေတာ့ပါဘူး။ ထိုအခါ အဘိုးအိုက "ေျမးေလးေရ၊ ပရိသတ္ တေယာက္မွ မလာပါလား။ ဘာေၾကာင့္လဲ"

"အဘိုးက မေန႔ကပြဲမွာ လွ်ိဳ႕ဝွက္ခ်က္ေတြ ေျပာလိုက္တာကိုး။ ဘယ္သူမွ စိတ္မဝင္စား ေတာ့ဘူးေပါ့"

"ေအး၊ ဟုတ္တယ္ ေျမးေလး။ အဘိုးကို တသက္လုံး ထမင္းေကြၽး ခဲ့တဲ့ ပညာ။ အခုေတာ့ လွ်ိဳ႕ဝွက္ခ်က္လည္း ျပလိုက္ေရာ ဘာမွ တန္ဖိုး မရွိေတာ့ဘူး။ ေျမးေလးလည္း မွတ္ထားပါ။ လွ်ိဳ႕ဝွက္ထားသင့္တဲ့ အရာဆိုတာ လွ်ိဳ႕ဝွက္ ထားရမယ္ကြဲ႕။

အဲ့ဒီလိုပဲ လွ်ိဳ႕ဝွက္ခ်က္ ျဖစ္တဲ့ ေျမးေလးရဲ႕ ခႏၶာကိုယ္ အလွတရားကိုလည္း ဘယ္သူ႔မွ မျပရဘူး။ လွ်ိဳ႕ဝွက္ ထားရမယ္။ ဒါဆို ေျမးရဲ႕ မိန္းကေလး အလွ ပာ တန္ဖိုးႀကီးတယ္ကြဲ႕။

ဒူးေဖာ္၊ ေပါင္ေဖာ္၊ ရင္သားေတြ ေဖာ္ေနရင္ ဘယ္သူမွ စိတ္မဝင္စားေတာ့ဘဲ တန္ေၾကး မရွိ ျဖစ္မယ္။ ျပတုန္း ခဏပဲ သူတို႔က တန္ဖိုး ထားတာ။ ဒါ့ေၾကာင့္ အဝတ္အစားကို လုံလုံၿခဳံၿခဳံ ဝတ္ပါ"

အဘိုးအိုဟာ သူ႔ပညာနဲ႔ ရင္းၿပီး သူ႔ရဲ႕ ေျမးမေလးကို ဆုံးမလိုက္ ပါေတာ့တယ္။

Crd

Post a Comment

0 Comments