ဖျောက်ဖျက်မရတဲ့ ဗီဇ

ရှေးရှေးတုန်းက ကင်းမြီးကောက် တကောင်ဟာ သူနေတဲ့ ကျွန်းကလေး တခုကနေ မြစ်တဖက်ကမ်းမှာ ရှိတဲ့ ကျွန်း တခုကို သွားချင်တယ်။ ဒါပေမဲ့ ကင်မီးကောက်ဟာ ရေမကူးတတ်လို့ မြစ်ကို ဖြတ်ဖို့ရာ အခက်အခဲ ဖြစ်နေတယ် ။

ဒီလိုနဲ့ မြစ်ကမ်းဘေးမှာ လျှေက်သွားရင်း ဒီမြစ်ကို ဘယ်လို ကူးရမလဲ လို့ အကြံထုတ်နေတုန်း ရုတ်တရက် မြစ်ရေစပ်မှာ စိမ်နေတဲ့ ဖားတကောင်ကို တွေ့လိုက်ရလို့ သွားစကားပြောတယ် ။

" ကိုရွှေဖားရေ ကျနော့်ကို ခင်ဗျားရဲ့ ကျောပေါ် တင်ပြီး ဟိုဖက်ကမ်းကို ပို့ပေးပါလား။ ကျေးဇူး မမေ့ပါဘူးဗျာ " ။ ဖားကလည်း " ဟာ ဘယ်ဖြစ်မလဲ ၊ မင်းကို ကျောပိုးသွားရင်းနဲ့ ငါ့ကို မင်းရဲ့ အဆိပ်ရှိတဲ့ အစွယ်နဲ့ ထိုးလိုက်ရင် ငါ ရေနစ် သေသွားမှာပေါ့ "

" ကိုရွှေဖါးရယ် ခင်ဗျားကို ကျနော် အစွယ်နဲ့ ထိုးပါ့မလားဗျာ ။ ကျနော့်ကို ဟိုဖက်ကမ်း ပို့ပေးတဲ့ ကျေးဇူးရှင်ကို လုပ်ရက်ပါ့ မလားဗျာ နောက်ပြီး ခင်ဗျားကို အစွယ်နဲ့ ထိုးလိုက်လို့ ခင်ဗျား ရေနစ်ရင် ကျနော်လည်း ရေနစ် သေမှာပဲလေ ။ ကျနော် ရေမကူးတတ်ဖူး ဆိုတာ ခင်ဗျားသိပါတယ်ဗျာ " လို့ ကင်မီးကောက်က ပြောတယ် ။

ဖားလည်း စဉ်းစားတယ်။ ကင်းမြီးကောက် ပြောတာလဲ ဟုတ်သားပဲ ။ သူ့ကိုယ်သူ ရေနစ် အသေခံပြီး ငါ့ကို အစွယ်နဲ့ ထိုးစရာ အကြောင်းမရှိဘူးလေ ။ အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကို ပို့ပေးမယ် လို့ သဘောတူ လိုက်တယ် ။

အဲဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့ ရေစီးသန်တဲ့ မြစ်မှာ သူ့ကိုယ်ကို ရေအပေါ် ပေါ်အောင် ကြိုးစားပြီး မြစ်ကို ဖြတ်ကူးပါတော့တယ်။ မြစ်လယ်ရောက်တော့ ဖားဟာ သူ့ကျောမှာ စူးခနဲ တချက် ခံစားလိုက် ရတယ် ။

နောက်ကို အသာ လှည့်ကြည့် လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့ နောက်ကျောကနေ ဆွဲနူတ်လိုက်တာ တွေ့ရတယ် ။

ဖားလည်း နာကျင် ဝေဒနာ ခံစားရင်း ပြောလိုက်တယ် ။ " ဟာ မင်း ဘယ်လို လုပ်လိုက်တာလဲ ။ မင်းပဲ စောစောက ပြောတယ်လေ။ ငါ့ကိုအစွယ်နဲ့ မထိုးဘူးလို့ ။ အခု ငါ့မှာ အဆိပ်တက် နေပြီ။ ငါရေနစ်ပြီး သေရင် မင်းလည်း ရေနစ်သေမှာ မကြောက်ဖူးလား "

ကင်းမြီကောက်က ဘာပြန်ပြောသလဲ ဆိုတော့ " ခင်ဗျားသေရင် ကျနော်လည်း ရေနစ် သေမှာ သိပါတယ်။ ဒါပေမဲ့ တခြား သတ္တဝါ တကောင်ကို တွေ့ရင် အစွယ်နဲ့ ထိုးတတ်တဲ့ ကျနော့်ရဲ့ ဗီဇကို ဖျောက်မရလို့ပါ ဗျာ " တဲ့ ။ နောက်ဆုံးတော့ ဖားရော ကင်းမြီးကောက်ရော ၂ ကောင် စလုံးဟာ မြစ်ရေထဲ နစ်မြုပ် သေဆုံးသွားကြ ပါတော့တယ် ။

ဒီပုံပြင်လေးဟာ အလွန် နာမည်ကြီးတဲ့ ပုံပြင်လေးပါ။ လူတွေရဲ့ အကျင့်စာရိတ္တနဲ့ ပတ်သက်တဲ့ အသိပညာပေးတဲ့ ပုံပြင်ပါ ။ သနားလို့ ကူညီပေမဲ့လည်း အဲဒီလို ဗီဇ မဖျောက်နိုင်တဲ့ လူနဲ့ တွေ့ရင် ကူညီသူပါ ဒုက္ခရာက်တတ်တယ် ဆိုတဲ့ သတိပေး သင်ခန်းစာလေးပါ။

Crd ဗန်းမော် သိန်းဖေ

Zawgyi

ေဖ်ာက္ဖ်က္မရတဲ့ ဗီဇ

ေရွးေရွးတုန္းက ကင္းၿမီးေကာက္ တေကာင္ဟာ သူေနတဲ့ ကြၽန္းကေလး တခုကေန ျမစ္တဖက္ကမ္းမွာ ရွိတဲ့ ကြၽန္း တခုကို သြားခ်င္တယ္။ ဒါေပမဲ့ ကင္မီးေကာက္ဟာ ေရမကူးတတ္လို႔ ျမစ္ကို ျဖတ္ဖို႔ရာ အခက္အခဲ ျဖစ္ေနတယ္ ။

ဒီလိုနဲ႔ ျမစ္ကမ္းေဘးမွာ ေလွ်က္သြားရင္း ဒီျမစ္ကို ဘယ္လို ကူးရမလဲ လို႔ အႀကံထုတ္ေနတုန္း ႐ုတ္တရက္ ျမစ္ေရစပ္မွာ စိမ္ေနတဲ့ ဖားတေကာင္ကို ေတြ႕လိုက္ရလို႔ သြားစကားေျပာတယ္ ။

" ကိုေ႐ႊဖားေရ က်ေနာ့္ကို ခင္ဗ်ားရဲ႕ ေက်ာေပၚ တင္ၿပီး ဟိုဖက္ကမ္းကို ပို႔ေပးပါလား။ ေက်းဇူး မေမ့ပါဘူးဗ်ာ " ။ ဖားကလည္း " ဟာ ဘယ္ျဖစ္မလဲ ၊ မင္းကို ေက်ာပိုးသြားရင္းနဲ႔ ငါ့ကို မင္းရဲ႕ အဆိပ္ရွိတဲ့ အစြယ္နဲ႔ ထိုးလိုက္ရင္ ငါ ေရနစ္ ေသသြားမွာေပါ့ "

" ကိုေ႐ႊဖါးရယ္ ခင္ဗ်ားကို က်ေနာ္ အစြယ္နဲ႔ ထိုးပါ့မလားဗ်ာ ။ က်ေနာ့္ကို ဟိုဖက္ကမ္း ပို႔ေပးတဲ့ ေက်းဇူးရွင္ကို လုပ္ရက္ပါ့ မလားဗ်ာ ေနာက္ၿပီး ခင္ဗ်ားကို အစြယ္နဲ႔ ထိုးလိုက္လို႔ ခင္ဗ်ား ေရနစ္ရင္ က်ေနာ္လည္း ေရနစ္ ေသမွာပဲေလ ။ က်ေနာ္ ေရမကူးတတ္ဖူး ဆိုတာ ခင္ဗ်ားသိပါတယ္ဗ်ာ " လို႔ ကင္မီးေကာက္က ေျပာတယ္ ။

ဖားလည္း စဥ္းစားတယ္။ ကင္းၿမီးေကာက္ ေျပာတာလဲ ဟုတ္သားပဲ ။ သူ႔ကိုယ္သူ ေရနစ္ အေသခံၿပီး ငါ့ကို အစြယ္နဲ႔ ထိုးစရာ အေၾကာင္းမရွိဘူးေလ ။ အဲဒီေတာ့ ဖားလည္း ဟိုဖက္ကမ္းကို ပို႔ေပးမယ္ လို႔ သေဘာတူ လိုက္တယ္ ။

အဲဒါနဲ႔ ဖားဟာ ကင္းၿမီးေကာက္ကို ေက်ာေပၚတင္လို႔ ေရစီးသန္တဲ့ ျမစ္မွာ သူ႔ကိုယ္ကို ေရအေပၚ ေပၚေအာင္ ႀကိဳးစားၿပီး ျမစ္ကို ျဖတ္ကူးပါေတာ့တယ္။ ျမစ္လယ္ေရာက္ေတာ့ ဖားဟာ သူ႔ေက်ာမွာ စူးခနဲ တခ်က္ ခံစားလိုက္ ရတယ္ ။ ေနာက္ကို အသာ လွည့္ၾကည့္ လိုက္ေတာ့ ကင္းၿမီးေကာက္ဟာ အစြယ္ကို သူ႔ရဲ႕ ေနာက္ေက်ာကေန ဆြဲႏူတ္လိုက္တာ ေတြ႕ရတယ္ ။

ဖားလည္း နာက်င္ ေဝဒနာ ခံစားရင္း ေျပာလိုက္တယ္ ။ " ဟာ မင္း ဘယ္လို လုပ္လိုက္တာလဲ ။ မင္းပဲ ေစာေစာက ေျပာတယ္ေလ။ ငါ့ကိုအစြယ္နဲ႔ မထိုးဘူးလို႔ ။ အခု ငါ့မွာ အဆိပ္တက္ ေနၿပီ။ ငါေရနစ္ၿပီး ေသရင္ မင္းလည္း ေရနစ္ေသမွာ မေၾကာက္ဖူးလား "

ကင္းၿမီေကာက္က ဘာျပန္ေျပာသလဲ ဆိုေတာ့ " ခင္ဗ်ားေသရင္ က်ေနာ္လည္း ေရနစ္ ေသမွာ သိပါတယ္။ ဒါေပမဲ့ တျခား သတၱဝါ တေကာင္ကို ေတြ႕ရင္ အစြယ္နဲ႔ ထိုးတတ္တဲ့ က်ေနာ့္ရဲ႕ ဗီဇကို ေဖ်ာက္မရလို႔ပါ ဗ်ာ " တဲ့ ။ ေနာက္ဆုံးေတာ့ ဖားေရာ ကင္းၿမီးေကာက္ေရာ ၂ ေကာင္ စလုံးဟာ ျမစ္ေရထဲ နစ္ျမဳပ္ ေသဆုံးသြားၾက ပါေတာ့တယ္ ။

ဒီပုံျပင္ေလးဟာ အလြန္ နာမည္ႀကီးတဲ့ ပုံျပင္ေလးပါ။ လူေတြရဲ႕ အက်င့္စာရိတၱနဲ႔ ပတ္သက္တဲ့ အသိပညာေပးတဲ့ ပုံျပင္ပါ ။ သနားလို႔ ကူညီေပမဲ့လည္း အဲဒီလို ဗီဇ မေဖ်ာက္ႏိုင္တဲ့ လူနဲ႔ ေတြ႕ရင္ ကူညီသူပါ ဒုကၡရာက္တတ္တယ္ ဆိုတဲ့ သတိေပး သင္ခန္းစာေလးပါ။

Crd ဗန္းေမာ္ သိန္းေဖ

Post a Comment

0 Comments