ရှောင်ပြေးမရသူ

မနက်ခင်းတခုတွင် သူဌေးကြီးတယောက် အိမ်မှာ အလုပ် လုပ်နေတဲ့ တပည့်ဟာ လိုတဲ့ ပစ္စည်းလေးတွေ ဝယ်ဖို့ အိမ်နားက ကုန်စုံဆိုင် တခုကို သွားလိုက်တယ်။

သူဟာ သိပ်မကြာခင်မှာပဲ အိမ်ကို မောကြီးပန်းကြီးနဲ့ ပြေးပြီး ပြန်ရောက်လာတယ်။ သူဌေးကြီးကိုလည်း တွေ့ရော ရှိုက်ကြီးတငင် ငိုပြီး ခုလို ပြောလိုက်တယ်။

"သူဌေးကြီး ခင်ဗျာ၊ ကျွန်တော် ဒီအိမ်က အမြန်ဆုံး ထွက်သွားမှ ဖြစ်တော့မယ်"

"ဘာဖြစ်လို့လဲကွ။ ငါ့ကို အကျိုးအကြောင်းလေး ပြောစမ်းပါအုံး"

"ဒီလိုပါ ခင်ဗျာ။ ကျွန်တော် ကုန်စုံဆိုင်မှာ ပစ္စည်းဝယ်နေရင်း ကျွန်တော် သေမင်းနဲ့ တွေ့လိုက်လို့ပါ။ သူက ကျွန်တော့်ကို သေသေချာချာ စိုက်ကြည့်နေတယ်။

သူ ဒီကို မကြာခင် လိုက်လာတော့မယ်။ ကျွန်တော် ဒီက အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ်။ ကျွန်တော့်ရွာမှာ တလလောက် သွားပုန်းနေလိုက်မယ်"

သူဌေးကြီးဟာ သူ့တပည့်ကို သနားလို့ အိမ်ကနေ သူ့ရွာကို ပြန်ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ သူဟာ တပည့်ရဲ့ သေမင်းကို တွေ့ဖူးချင်လို့ ကုန်စုံဆိုင်ကို သွားလိုက်တယ်။ ကုန်စုံဆိုင်ထဲမှာ သူ့တပည့်ရဲ့ သေမင်းကို တွေ့လိုက်တယ်။ သူက သေမင်းကို ခုလို ပြောလိုက်တယ်။

"ခင်ဗျားကို တွေ့လို့ ကျုပ်တပည့် အတော်လေး အံ့သြသွားတယ်"

"အေး၊ ငါလည်း သူ့ကို ဒီမှာ တွေ့လိုက်လို့ အတော်လေး အံ့သြသွားတယ်ကွ။ ငါက သူ့ကို သူ့ရွာမှာ ရှိနေမယ်လို့ ထင်ထားတာကွ။ ငါ ထင်တာ မှားခဲ ပါတယ်။ ဒါကြောင့် ပိုပြီး သေချာအောင် သူ့ရွာကို သွားပြီး ကြည့်လိုက်အုံးမယ်"

သေမင်းကို ရှောင်ပုန်းဖို့ မကြိုးစားပါနဲ့။ လွတ်မှာ မဟုတ်ပါဘူး။ အကောင်းဆုံးက မသေခင်မှာ စိတ်ကောင်း နှလုံးကောင်း ထားပါ။ လူတွေအပေါ် ကြင်နာစိတ် ထားပါ။ ဆင်းရဲသားတွေကို အတတ်နိုင်ဆုံး ကူညီပါ။

လောကကြီးကို ကောင်းကျိုးမပြုတဲ့ လူတယောက် မဖြစ်ပါစေနဲ့။ ဒါဆိုရင် သေမင်းကို ရှောင်ပြေး ပုန်းနေစရာ မလိုပါဘူး။ သူ လာရင် ပြုံးပြီး လက်ကမ်း ကြိုဆိုလိုက်ပါ။

ဗန်းမော်သိန်းဖေ

Zawgyi

ေရွာင္ေျပးမရသူ

မနက္ခင္းတခုတြင္ သူေဌးႀကီးတေယာက္ အိမ္မွာ အလုပ္ လုပ္ေနတဲ့ တပည့္ဟာ လိုတဲ့ ပစၥည္းေလးေတြ ဝယ္ဖို႔ အိမ္နားက ကုန္စုံဆိုင္ တခုကို သြားလိုက္တယ္။ သူဟာ သိပ္မၾကာခင္မွာပဲ အိမ္ကို ေမာႀကီးပန္းႀကီးနဲ႔ ေျပးၿပီး ျပန္ေရာက္လာတယ္။

သူေဌးႀကီးကိုလည္း ေတြ႕ေရာ ရႈိက္ႀကီးတငင္ ငိုၿပီး ခုလို ေျပာလိုက္တယ္။

"သူေဌးႀကီး ခင္ဗ်ာ၊ ကြၽန္ေတာ္ ဒီအိမ္က အျမန္ဆုံး ထြက္သြားမွ ျဖစ္ေတာ့မယ္"

"ဘာျဖစ္လို႔လဲကြ။ ငါ့ကို အက်ိဳးအေၾကာင္းေလး ေျပာစမ္းပါအုံး"

"ဒီလိုပါ ခင္ဗ်ာ။ ကြၽန္ေတာ္ ကုန္စုံဆိုင္မွာ ပစၥည္းဝယ္ေနရင္း ကြၽန္ေတာ္ ေသမင္းနဲ႔ ေတြ႕လိုက္လို႔ပါ။ သူက ကြၽန္ေတာ့္ကို ေသေသခ်ာခ်ာ စိုက္ၾကည့္ေနတယ္။ သူ ဒီကို မၾကာခင္ လိုက္လာေတာ့မယ္။ ကြၽန္ေတာ္ ဒီက အျမန္ဆုံး ထြက္သြားမွ ျဖစ္မယ္။ ကြၽန္ေတာ့္႐ြာမွာ တလေလာက္ သြားပုန္းေနလိုက္မယ္"

သူေဌးႀကီးဟာ သူ႔တပည့္ကို သနားလို႔ အိမ္ကေန သူ႔႐ြာကို ျပန္ခြင့္ျပဳလိုက္တယ္။ ဒါေပမဲ့ သူဟာ တပည့္ရဲ႕ ေသမင္းကို ေတြ႕ဖူးခ်င္လို႔ ကုန္စုံဆိုင္ကို သြားလိုက္တယ္။ ကုန္စုံဆိုင္ထဲမွာ သူ႔တပည့္ရဲ႕ ေသမင္းကို ေတြ႕လိုက္တယ္။ သူက ေသမင္းကို ခုလို ေျပာလိုက္တယ္။

"ခင္ဗ်ားကို ေတြ႕လို႔ က်ဳပ္တပည့္ အေတာ္ေလး အံ့ၾသသြားတယ္"

"ေအး၊ ငါလည္း သူ႔ကို ဒီမွာ ေတြ႕လိုက္လို႔ အေတာ္ေလး အံ့ၾသသြားတယ္ကြ။ ငါက သူ႔ကို သူ႔႐ြာမွာ ရွိေနမယ္လို႔ ထင္ထားတာကြ။ ငါ ထင္တာ မွားခဲ ပါတယ္။ ဒါေၾကာင့္ ပိုၿပီး ေသခ်ာေအာင္ သူ႔႐ြာကို သြားၿပီး ၾကည့္လိုက္အုံးမယ္"

ေသမင္းကို ေရွာင္ပုန္းဖို႔ မႀကိဳးစားပါနဲ႔။ လြတ္မွာ မဟုတ္ပါဘူး။ အေကာင္းဆုံးက မေသခင္မွာ စိတ္ေကာင္း ႏွလုံးေကာင္း ထားပါ။ လူေတြအေပၚ ၾကင္နာစိတ္ ထားပါ။ ဆင္းရဲသားေတြကို အတတ္ႏိုင္ဆုံး ကူညီပါ။

ေလာကႀကီးကို ေကာင္းက်ိဳးမျပဳတဲ့ လူတေယာက္ မျဖစ္ပါေစနဲ႔။ ဒါဆိုရင္ ေသမင္းကို ေရွာင္ေျပး ပုန္းေနစရာ မလိုပါဘူး။ သူ လာရင္ ၿပဳံးၿပီး လက္ကမ္း ႀကိဳဆိုလိုက္ပါ။

ဗန္းေမာ္သိန္းေဖ

Post a Comment

0 Comments