အမတ်ကြီး၏ ထမင်းချက်နည်း

တခါတုန်းက ဆောင်းရာသီ တခုရဲ့ အေးမြတဲ့ ညနေခင်းလေးမှာ ဘုရင်ကြီးနဲ့ အတိုင်ပင်ခံ အမတ်ချုပ်ကြီးတို့ဟာ သာယာလှတဲ့ ရေကန်ကြီးဘေးမှာ လမ်းလျှေက် နေကြတယ်။ လမ်းလျှောက်နေရင်းနဲ့ အမတ်ချုပ်ကြီးဟာ လူတွေဟာ ငွေအတွက် ဘာမဆို လုပ်ကြပါလား လို့ စဉ်းစားမိတယ်။

သူစဉ်းစားမိတာ ကိုလည်း ဘုရင်ကြီးကို လျှောက်တင် လိုက်တယ်။ ဘုရင်ကြီးဟာ ရေကန်စပ် သွားပြီး သူ့လက်ကို ရေကန်ထဲ ထည့်လိုက်တော့ လက်က ထုံကျင်ပြီး တုန်လာလို့ အမြန် ပြန်ထုတ် လိုက်ရတယ်။

နောက်တော့ ဘုရင်ကြီးဟာ အမတ်ချုပ်ကြီးကို "ဘယ်သူကမှ ပိုက်ဆံအတွက် ဒီရေထဲမှာ တညလုံး နေမယ် မထင်ဘူး" လို့ ပြောလိုက်တယ်။ အမတ်ချုပ်ကြီးက "ရေကန်ထဲမှာ တညလုံး နေမယ့်လူ ရှိမှာ သေချာပါတယ်" လို့ ပြန်လျှောက်တင် လိုက်တယ်။

ဘုရင်ကြီးက အမတ်ချုပ်ကြီးကို ရေကန်ထဲမှာ တညလုံး နေမယ့်သူ ရှိရင် ဆုကြေး ရွှေဒင်္ဂါး တထောင် ဆုချမယ် လို့ စိန်ခေါ် လိုက်တယ်။ အမတ်ချုပ်ကြီးလည်း တနိုင်ငံလုံး ပတ်ပြီး ရှာလိုက်တော့ ပိုက်ဆံအတွက် ရေကန်ထဲ တညလုံး နေချင်တဲ့ သူဆင်းရဲ တဦးကို တွေ့ခဲ့တယ်။

သူဆင်းရဲလည်း စိန်ခေါ်မှုကို လက်ခံပြီး ရေကန်ထဲ ဆင်းတာနဲ့ ဘုရင်ကြီးလည်း အစောင့်တပ်ဖွဲ့ တဖွဲ့ကို ရေကန်ထဲမှာ နေမနေ စောင့်ကြည့်စေတယ်။ နောက်တနေ့ နံနက်မှာတော့ အစောင့်တပ်ဖွဲ့ဟာ သူဆင်းရဲကို ဘုရင်ကြီးထံ ခေါ်သွားတယ်။ ဘုရင်ကြီးလည်း သူဆင်းရဲကို တညလုံး ရေကန်ထဲမှာ တကယ်နေရဲ့လား ဆိုပြီး မေးမြန်း စုံစမ်းတယ်။

သူဆင်းရဲက တကယ် နေခဲ့ကြောင်း ဖြေလိုက်တယ်။ ဘုရင်ကြီးက ဒီလောက်အေးတာကို ဘယ်လိုလုပ် တညလုံး နေနိုင်တာလဲ မေးမြန်းလိုက်တော့ သူဆင်းရဲက သူ့ကို စောင့်တဲ့ အစောင့်တွေ ဖိုထားတဲ့ မီးဖိုကို အာရုံစူးစိုက် ကြည့်ပြီး အနွေးဓာတ် ရစေကြောင်း ဘုရင်ကြီးကို ဖြေကြားတယ်။

အဲ့ဒါနဲ့ ဘုရင်ကြီးက အစောင့်တွေရဲ့ မီးဖိုကို အသုံးချလို့ ဆိုပြီး ဆုကြေးပေးဖို့ ငြင်းဆိုလိုက်တယ်။ သူဆင်းရဲလည်း အားငယ်သွားပြီး အမတ်ချုပ်ကြီးကိုပဲ အားကိုးတကြီး ကြည့်လိုက်တယ်။

နောက်တနေ့မှာတော့ အမတ်ချုပ်ကြီးဟာ နန်းတော်ထဲ ရောက်မလာခဲ့ ပါဘူး။ ဘုရင်ကြီးလည်း ဘာဖြစ်လို့ ရောက်မလာတာလဲ သိချင်လို့ ဆက်သားတဦး လွှတ်လိုက်ပါတယ်။ ဆက်သား ပြန်လာတော့ အမတ်ချုပ်ကြီး ထမင်း ချက်နေပါတယ်။ ထမင်းကျက်ရင် လာပါမယ်လို့ လျောက်တင် လိုက်ကြောင်း သတင်းပို့ပါတယ်။

ဘုရင်ကြီးလည်း နာရီပေါင်းများစွာ စောင့်ပေမယ့် ရောက်မလာပါဘူး။ နောက်ဆုံးတော့ ဘုရင်ကြီးလည်း အမတ်ချုပ်ကြီးအိမ်ကို ဘာဖြစ်နေလဲ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အမတ်ချုပ်ကြီးအိမ် ရောက်တော့ အမတ်ချုပ်ကြီးဟာ မီးဖိုတခု ဖိုထားပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေတယ်။

မီးဖိုအထက် ၅ ပေ လောက်မှာတော့ ထမင်းအိုးတလုံး တည်ထားတာ တွေ့ရတယ်။ ဘုရင်ကြီးနဲ့ အပေါင်းအပါ များဟာ ဘာမှမကူညီပဲ ရီနေကြတယ်။ ဘုရင်ကြီးက အမတ်ချုပ်ကြီးကို "မီးနဲ့ ဒီလောက် အဝေးကြီးမှာ ဘယ်လိုလုပ် ထမင်း ချက်လို့ ရနိုင်မှာလဲ" လို့ ပြောလိုက်တယ်။

ထိုအခါ အမတ်ချုပ်ကြီးက "သူဆင်းရဲလည်း မီးဖိုက အပူကို ဘယ်လိုရလဲ မသိလို့ စဉ်းစားနေတာပါ။ သူက မီးဖိုနဲ့ အများကြီး ပိုဝေးပါတယ်" လို့ ပြောလိုက်ပါတယ်။ ထိုအခါမှာတော့ ဘုရင်ကြီးလည်း သူ့အမှားကို ချက်ချင်း နားလည်သွားပြီး သူဆင်းရဲကို ဆုကြေး ရွှေဒင်္ဂါး ၁၀၀၀ ပေးဖို့ အမိန့် ချမှတ်လိုက် ပါတော့တယ်။

Crd

Zawgyi

အမတ္ႀကီး၏ ထမင္းခ်က္နည္း

တခါတုန္းက ေဆာင္းရာသီ တခုရဲ႕ ေအးျမတဲ့ ညေနခင္းေလးမွာ ဘုရင္ႀကီးနဲ႔ အတိုင္ပင္ခံ အမတ္ခ်ဳပ္ႀကီးတို႔ဟာ သာယာလွတဲ့ ေရကန္ႀကီးေဘးမွာ လမ္းေလွ်က္ ေနၾကတယ္။ လမ္းေလွ်ာက္ေနရင္းနဲ႔ အမတ္ခ်ဳပ္ႀကီးဟာ လူေတြဟာ ေငြအတြက္ ဘာမဆို လုပ္ၾကပါလား လို႔ စဥ္းစားမိတယ္။

သူစဥ္းစားမိတာ ကိုလည္း ဘုရင္ႀကီးကို ေလွ်ာက္တင္ လိုက္တယ္။ ဘုရင္ႀကီးဟာ ေရကန္စပ္ သြားၿပီး သူ႔လက္ကို ေရကန္ထဲ ထည့္လိုက္ေတာ့ လက္က ထုံက်င္ၿပီး တုန္လာလို႔ အျမန္ ျပန္ထုတ္ လိုက္ရတယ္။

ေနာက္ေတာ့ ဘုရင္ႀကီးဟာ အမတ္ခ်ဳပ္ႀကီးကို "ဘယ္သူကမွ ပိုက္ဆံအတြက္ ဒီေရထဲမွာ တညလုံး ေနမယ္ မထင္ဘူး" လို႔ ေျပာလိုက္တယ္။ အမတ္ခ်ဳပ္ႀကီးက "ေရကန္ထဲမွာ တညလုံး ေနမယ့္လူ ရွိမွာ ေသခ်ာပါတယ္" လို႔ ျပန္ေလွ်ာက္တင္ လိုက္တယ္။

ဘုရင္ႀကီးက အမတ္ခ်ဳပ္ႀကီးကို ေရကန္ထဲမွာ တညလုံး ေနမယ့္သူ ရွိရင္ ဆုေၾကး ေ႐ႊဒဂၤါး တေထာင္ ဆုခ်မယ္ လို႔ စိန္ေခၚ လိုက္တယ္။ အမတ္ခ်ဳပ္ႀကီးလည္း တႏိုင္ငံလုံး ပတ္ၿပီး ရွာလိုက္ေတာ့ ပိုက္ဆံအတြက္ ေရကန္ထဲ တညလုံး ေနခ်င္တဲ့ သူဆင္းရဲ တဦးကို ေတြ႕ခဲ့တယ္။

သူဆင္းရဲလည္း စိန္ေခၚမႈကို လက္ခံၿပီး ေရကန္ထဲ ဆင္းတာနဲ႔ ဘုရင္ႀကီးလည္း အေစာင့္တပ္ဖြဲ႕ တဖြဲ႕ကို ေရကန္ထဲမွာ ေနမေန ေစာင့္ၾကည့္ေစတယ္။ ေနာက္တေန႔ နံနက္မွာေတာ့ အေစာင့္တပ္ဖြဲ႕ဟာ သူဆင္းရဲကို ဘုရင္ႀကီးထံ ေခၚသြားတယ္။ ဘုရင္ႀကီးလည္း သူဆင္းရဲကို တညလုံး ေရကန္ထဲမွာ တကယ္ေနရဲ႕လား ဆိုၿပီး ေမးျမန္း စုံစမ္းတယ္။

သူဆင္းရဲက တကယ္ ေနခဲ့ေၾကာင္း ေျဖလိုက္တယ္။ ဘုရင္ႀကီးက ဒီေလာက္ေအးတာကို ဘယ္လိုလုပ္ တညလုံး ေနႏိုင္တာလဲ ေမးျမန္းလိုက္ေတာ့ သူဆင္းရဲက သူ႔ကို ေစာင့္တဲ့ အေစာင့္ေတြ ဖိုထားတဲ့ မီးဖိုကို အာ႐ုံစူးစိုက္ ၾကည့္ၿပီး အေႏြးဓာတ္ ရေစေၾကာင္း ဘုရင္ႀကီးကို ေျဖၾကားတယ္။

အဲ့ဒါနဲ႔ ဘုရင္ႀကီးက အေစာင့္ေတြရဲ႕ မီးဖိုကို အသုံးခ်လို႔ ဆိုၿပီး ဆုေၾကးေပးဖို႔ ျငင္းဆိုလိုက္တယ္။ သူဆင္းရဲလည္း အားငယ္သြားၿပီး အမတ္ခ်ဳပ္ႀကီးကိုပဲ အားကိုးတႀကီး ၾကည့္လိုက္တယ္။

ေနာက္တေန႔မွာေတာ့ အမတ္ခ်ဳပ္ႀကီးဟာ နန္းေတာ္ထဲ ေရာက္မလာခဲ့ ပါဘူး။ ဘုရင္ႀကီးလည္း ဘာျဖစ္လို႔ ေရာက္မလာတာလဲ သိခ်င္လို႔ ဆက္သားတဦး လႊတ္လိုက္ပါတယ္။ ဆက္သား ျပန္လာေတာ့ အမတ္ခ်ဳပ္ႀကီး ထမင္း ခ်က္ေနပါတယ္။ ထမင္းက်က္ရင္ လာပါမယ္လို႔ ေလ်ာက္တင္ လိုက္ေၾကာင္း သတင္းပို႔ပါတယ္။

ဘုရင္ႀကီးလည္း နာရီေပါင္းမ်ားစြာ ေစာင့္ေပမယ့္ ေရာက္မလာပါဘူး။ ေနာက္ဆုံးေတာ့ ဘုရင္ႀကီးလည္း အမတ္ခ်ဳပ္ႀကီးအိမ္ကို ဘာျဖစ္ေနလဲ သြားၾကည့္ဖို႔ ဆုံးျဖတ္လိုက္တယ္။ အမတ္ခ်ဳပ္ႀကီးအိမ္ ေရာက္ေတာ့ အမတ္ခ်ဳပ္ႀကီးဟာ မီးဖိုတခု ဖိုထားၿပီး ၾကမ္းျပင္ေပၚမွာ ထိုင္ေနတယ္။

မီးဖိုအထက္ ၅ ေပ ေလာက္မွာေတာ့ ထမင္းအိုးတလုံး တည္ထားတာ ေတြ႕ရတယ္။ ဘုရင္ႀကီးနဲ႔ အေပါင္းအပါ မ်ားဟာ ဘာမွမကူညီပဲ ရီေနၾကတယ္။ ဘုရင္ႀကီးက အမတ္ခ်ဳပ္ႀကီးကို "မီးနဲ႔ ဒီေလာက္ အေဝးႀကီးမွာ ဘယ္လိုလုပ္ ထမင္း ခ်က္လို႔ ရႏိုင္မွာလဲ" လို႔ ေျပာလိုက္တယ္။

ထိုအခါ အမတ္ခ်ဳပ္ႀကီးက "သူဆင္းရဲလည္း မီးဖိုက အပူကို ဘယ္လိုရလဲ မသိလို႔ စဥ္းစားေနတာပါ။ သူက မီးဖိုနဲ႔ အမ်ားႀကီး ပိုေဝးပါတယ္" လို႔ ေျပာလိုက္ပါတယ္။ ထိုအခါမွာေတာ့ ဘုရင္ႀကီးလည္း သူ႔အမွားကို ခ်က္ခ်င္း နားလည္သြားၿပီး သူဆင္းရဲကို ဆုေၾကး ေ႐ႊဒဂၤါး ၁၀၀၀ ေပးဖို႔ အမိန႔္ ခ်မွတ္လိုက္ ပါေတာ့တယ္။

Crd

Post a Comment

0 Comments