ဆန်အိုးထဲကကြွက်

တခါတုန်းက ကြွက်ကလေး တကောင်ဟာ ဆန်အပြည့် ရှိနေတဲ့ စဉ့်အိုး တလုံးထဲကို အမှတ်မထင် ပြုတ်ကျ သွားခဲ့ပါတယ်။

ကျကျ သွားချင်း ကြွက်ကလေးလည်း ဝမ်းသာတာပေါ့။ ဆန်စေ့လေးတွေကို ကိုက်စားလိုက် ဗိုက်ကလေး ပွတ်လိုက်နဲ့ အကျေနပ်ကြီး ကျေနပ်နေတော့တာ ပါပဲ။

လောကကြီးမှာ သူ့လောက် ပြည့်စုံတဲ့သူ မရှိတော့ဘူး လို့လည်း ဒီကြွက်ကလေး ထင်နေမိပြီး စားလိုက် အိပ်လိုက်နဲ့ အလုပ်ကို ဖြစ်နေတော့တာ ပါပဲ။

ဒီလိုနဲ့ ဆန်စေ့လေးတွေကို စားကောင်းကောင်းနဲ့ စားလိုက်တာ အိုး အောက်ခြေထိ ကပ်သွားပြီး ဆန်စေ့တွေ ကုန်သလောက် ရှိတော့မှ ကြွက်ကလေးဟာ တစုံတခုကို သတိရမိပြီး လန့်သွားပါတယ်။

ဒီစဉ့်အိုး နက်နက်ထဲကနေ သူဘယ်လို ပြန်ထွက်လို့ ရနိုင်မလဲ ဆိုတာ အပူတပြင်း စဉ်းစားရင်း နောင်တတွေ တလှေကြီး ရနေ ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ အချောင်ရတာတွေ စားကောင်းကောင်းနဲ့ စားလိုက်လို့ ဒုက္ခရောက်သွားရတဲ့ ကြွက်ကလေးကို ကြည့်ပြီး သင်ခန်းစာ ယူရပါမယ်။ ဘဝမှာ ထောင်ချောက်တမျိုး ရှိပါတယ်။ သက်သာခြင်း ဆိုတာပါပဲ။

ကိုယ်အပင်ပန်းခံ ကြိုးစား ရုန်းကန်နိုင်တဲ့ အချိန်တွေ အခြေအနေတွေမှာ သက်သာခြင်း ကို မရွေးချယ် မိဖို့ လိုပါတယ်။ အခက်အခဲ မရှိဘူး ဆိုတာဟာ အကြီးမားဆုံး အခက်အခဲ ပါပဲ။

ကိုယ်က ကြိုးစား ရုန်းကန်ချင်စိတ် မရှိဘူးဆိုရင် ကိုယ့်ရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီး ဝါးမျိုပစ်လိုက်မယ့် အန္တရာယ်နဲ့ အခက်အခဲတွေက တချိန်လုံး ဝိုင်းရံနေတာကို သတိထားရ ပါမယ်။

crd ori

Zawgyi

ဆန္အိုးထဲကႂကြက္

တခါတုန္းက ႂကြက္ကေလးတေကာင္ဟာ ဆန္အျပည့္ ရွိေနတဲ့ စဥ့္အိုး တလုံးထဲကို အမွတ္မထင္ ျပဳတ္က် သြားခဲ့ပါတယ္။

က်က် သြားခ်င္း ႂကြက္ကေလးလည္း ဝမ္းသာတာေပါ့။ ဆန္ေစ့ေလးေတြကို ကိုက္စားလိုက္ ဗိုက္ကေလး ပြတ္လိုက္နဲ႔ အေက်နပ္ႀကီး ေက်နပ္ေနေတာ့တာ ပါပဲ။

ေလာကႀကီးမွာ သူ႔ေလာက္ ျပည့္စုံတဲ့သူ မရွိေတာ့ဘူး လို႔လည္း ဒီႂကြက္ကေလး ထင္ေနမိၿပီး စားလိုက္ အိပ္လိုက္နဲ႔ အလုပ္ကို ျဖစ္ေနေတာ့တာပါပဲ။

ဒီလိုနဲ႔ ဆန္ေစ့ေလးေတြကို စားေကာင္းေကာင္းနဲ႔ စားလိုက္တာ အိုး ေအာက္ေျခထိ ကပ္သြားၿပီး ဆန္ေစ့ေတြ ကုန္သေလာက္ ရွိေတာ့မွ ႂကြက္ကေလးဟာ တစုံတခုကို သတိရမိၿပီး လန႔္သြားပါတယ္။

ဒီစဥ့္အိုး နက္နက္ထဲကေန သူဘယ္လို ျပန္ထြက္လို႔ ရႏိုင္မလဲ ဆိုတာ အပူတျပင္း စဥ္းစားရင္း ေနာင္တေတြ တေလွႀကီး ရေန ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ အေခ်ာင္ရတာေတြ စားေကာင္းေကာင္းနဲ႔ စားလိုက္လို႔ ဒုကၡေရာက္သြားရတဲ့ ႂကြက္ကေလးကို ၾကည့္ၿပီး သင္ခန္းစာ ယူရပါမယ္။ ဘဝမွာ ေထာင္ေခ်ာက္တမ်ိဳး ရွိပါတယ္ သက္သာျခင္း ဆိုတာပါပဲ။

ကိုယ္အပင္ပန္းခံ ႀကိဳးစား ႐ုန္းကန္ႏိုင္တဲ့ အခ်ိန္ေတြ အေျခအေနေတြမွာ သက္သာျခင္း ကို မေ႐ြးခ်ယ္ မိဖို႔ လိုပါတယ္။ အခက္အခဲ မရွိဘူး ဆိုတာဟာ အႀကီးမားဆုံး အခက္အခဲ ပါပဲ။

ကိုယ္က ႀကိဳးစား ႐ုန္းကန္ခ်င္စိတ္ မရွိဘူးဆိုရင္ ကိုယ့္ရည္မွန္းခ်က္နဲ႔ ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီး ဝါးမ်ိဳပစ္လိုက္မယ့္ အႏၲရာယ္နဲ႔ အခက္အခဲေတြက တခ်ိန္လုံး ဝိုင္းရံေနတာကို သတိထားရ ပါမယ္။

crd ori

Post a Comment

0 Comments