ငါးမျှားသော ယုန်ကလေး

တခါတုန်းက ယုန်ကလေး တကောင်ဟာ ငါးဟင်း စားချင်စိတ် ဖြစ်ပေါ် နေတယ်။

အဲ့ဒါနဲ့ တရက် မှာတော့ ယုန်ကလေး ငါးမျှား ထွက်လာတယ်။ ငါးမျှားတယ်။ ဒါပေမယ့် အဲ့ဒီနေ့မှာ ငါးမရဘူး။

ဒုတိယတရက်၊ ထပ်သွား မျှားပြန်တယ်။ ငါးမရပြန်ဘူး။ လက်ဗလာ နဲ့ပဲ ပြန်လာ ခဲ့ရတယ်။

တတိယတရက်၊ ယုန်ကလေး ငါးမျှားဖို့ ရေကန်ဘက် ထွက်လာခဲ့ ပြန်တယ်။

ယုန်ကလေး ရေကန်နား ရောက်တော့ ရေထဲက ငါးတကောင် ခုန်တက်လာပြီး ယုန်ကလေးကို လှမ်းအော် ပြောတယ်။

"မင်း အဲဒီ မုန်လာဥနီနဲ့ လာမျှား နေသေးသမျှ လက်ဗလာနဲ့ချည်း အိမ်ပြန် နေရမှာပဲ ဆိုတာ မှတ်ထားလိုက်ပါ" တဲ့။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ကိုယ်ကြိုက်တတ်တဲ့ အရာနဲ့ သူတပါးကို သိမ်းသွင်းလို့ မရပါဘူး။ သူ ကြိုက်တတ်တဲ့ အရာနဲ့မှသာ သူ့ကို သိမ်းသွင်း နိုင်မှာပါ။

ကိုယ် ကြိုက်နှစ်သက်ရတဲ့ အရာကို သူ့ကို ပေးနေပေမယ့် သူ မလိုအပ်တဲ့ အရာ ဖြစ်နေခဲ့ရင် အသုံး မဝင်ပါဘူး။ ကိုယ်က ကြိုက်တာ မှန်ပေမဲ့ သူကြိုက်တာ မဟုတ်တော့ အရာမထင် အလကား သက်သက်လို ဖြစ်နေပါတယ်။

ဒီပုံပြင်လေးကနေ စီးပွားရေး လောက၊ အချစ်ရေး၊ လူမှုရေး လောကတွေမှာ သင်ခန်းစာယူ အသုံးချလို့ ရပါတယ်။

ကုန်သွယ်ရေး လုပ်တဲ့ အခါ ဆိုရင်တော့ ကိုယ့်ရဲ့ အမြတ်အစွန်း တွေထက် သူတပါးရဲ့ လိုအပ်ချက်တွေကို အရင် ကြည့်ပေးတတ်မှ သာလျှင် တိုးတက် အောင်မြင်နိုင်မှာပါ။

Crd

Zawgyi

ငါးမွ်ားေသာ ယုန္ကေလး

တခါတုန္းက ယုန္ကေလး တေကာင္ဟာ ငါးဟင္း စားခ်င္စိတ္ ျဖစ္ေပၚ ေနတယ္။

အဲ့ဒါနဲ႔ တရက္ မွာေတာ့ ယုန္ကေလး ငါးမွ်ား ထြက္လာတယ္။ ငါးမွ်ားတယ္။ ဒါေပမယ့္ အဲ့ဒီေန႔မွာ ငါးမရဘူး။

ဒုတိယတရက္၊ ထပ္သြား မွ်ားျပန္တယ္။ ငါးမရျပန္ဘူး။ လက္ဗလာ နဲ႔ပဲ ျပန္လာ ခဲ့ရတယ္။

တတိယတရက္၊ ယုန္ကေလး ငါးမွ်ားဖို႔ ေရကန္ဘက္ ထြက္လာခဲ့ ျပန္တယ္။

ယုန္ကေလး ေရကန္နား ေရာက္ေတာ့ ေရထဲက ငါးတေကာင္ ခုန္တက္လာၿပီး ယုန္ကေလးကို လွမ္းေအာ္ ေျပာတယ္။

"မင္း အဲဒီ မုန္လာဥနီနဲ႔ လာမွ်ား ေနေသးသမွ် လက္ဗလာနဲ႔ခ်ည္း အိမ္ျပန္ ေနရမွာပဲ ဆိုတာ မွတ္ထားလိုက္ပါ" တဲ့။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ကိုယ္ႀကိဳက္တတ္တဲ့ အရာနဲ႔ သူတပါးကို သိမ္းသြင္းလို႔ မရပါဘူး။ သူ ႀကိဳက္တတ္တဲ့ အရာနဲ႔မွသာ သူ႔ကို သိမ္းသြင္း ႏိုင္မွာပါ။

ကိုယ္ ႀကိဳက္ႏွစ္သက္ရတဲ့ အရာကို သူ႔ကို ေပးေနေပမယ့္ သူ မလိုအပ္တဲ့ အရာ ျဖစ္ေနခဲ့ရင္ အသုံး မဝင္ပါဘူး။ ကိုယ္က ႀကိဳက္တာ မွန္ေပမဲ့ သူႀကိဳက္တာ မဟုတ္ေတာ့ အရာမထင္ အလကား သက္သက္လို ျဖစ္ေနပါတယ္။

ဒီပုံျပင္ေလးကေန စီးပြားေရး ေလာက၊ အခ်စ္ေရး၊ လူမႈေရး ေလာကေတြမွာ သင္ခန္းစာယူ အသုံးခ်လို႔ ရပါတယ္။

ကုန္သြယ္ေရး လုပ္တဲ့ အခါ ဆိုရင္ေတာ့ ကိုယ့္ရဲ႕ အျမတ္အစြန္း ေတြထက္ သူတပါးရဲ႕ လိုအပ္ခ်က္ေတြကို အရင္ ၾကည့္ေပးတတ္မွ သာလွ်င္ တိုးတက္ ေအာင္ျမင္ႏိုင္မွာပါ။

Crd

Post a Comment

0 Comments