မင်းသမီးလေးရဲ့ သံဝေဂ

တခုသော ညတညမှာ ဥဒ္ဒယဘဒ္ဒ မင်းသမီးလေးသည် ပြာသာဒ်ထက်မှာ တဦးတည်း စံနေတော် မူပါတယ်။ အဲဒီအချိန်မှာ လုလင်တယောက်ဟာ ရွှေခွက်နဲ့ ရွှေအပြည့် ထည့်လျှက် မင်းသမီးလေးကို "အသင် မင်းသမီးလေး၊ ဒီတညလောက် အသင်၏ နန်းပြသဒ်မှာ အသင်နှင့် အတူ ကုန်လွန်ပါရစေ" လို့ ပြောဆိုလိုက်ပါတယ်။

မင်းသမီးလေးလည်း ထိတ်လန့်သွားပြီး "သူနေတဲ့ နေရာမှာ အစောင့်များစွာ ရှိနေရက်နဲ့ အဘယ်သို့ တက်ရောက်လာသနည်း" ဟု မေးမြန်းလိုက်ပါတယ်။

လုလင်ကလည်း "ငါဟာ နတ်သားတယောက် ဖြစ်ပါတယ်။ အသင် မင်းသမီးလေးကသာ ငါ့ကို ချစ်တယ် ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့ ရွှေအပြည့် ပေးပါ့မယ်" လို့ ဖြေကြားလိုက်ပါတယ်။

မင်းသမီးလေးက "အသင်ဟာ နတ်သားဖြစ်စေ၊ လူပင် ဖြစ်စေ ကွယ်လွန်သွားတဲ့ ကျွန်မ ခင်ပွန်းဟောင်း မင်းသားမှ တပါး မည်သူ့ကိုမျှ မြတ်နိုး၍ မရပါ၊ အသင် ပြန်ပါလော့" ဟု ပြောဆိုကာ နှင်ထုတ်လိုက် ပါတယ်။

ဒုတိယညမှာတော့ လုလင်နတ်သားက ငွေခွက်မှာ ရွှေအပြည့် ထည့်ပြီး ထပ်မံ ပြောဆို လာပြန်ပါတယ်။ မင်းသမီးလေး ကလည်း ချက်ချင်းပဲ နှင်ထုတ် ခဲ့ပါတယ်။

တတိယည မှာတော့ လုလင်နတ်သားက ကြေးခွက်မှာ ရွှေအပြည့် ထည့်ပြီး ထပ်မံ ပြောဆို လာပြန်ပါတယ်။ ဒီအခါမှာတော့ မင်းသမီးလေးက စဉ်းစားပြီး ပထမနေ့မှာ ရွှေခွက်၊ ဒုတိယနေ့မှာ ငွေခွက်၊ တတိယနေ့မှာ ကြေးခွက်နဲ့ လာရခြင်းကို သိချင်လာ၍

"အသင်နတ်သား၊ ယောက်ျားများဟာ မိန်းကလေးကို ချစ်ရေးဆိုရာမှာ ဥစ္စာပစ္စည်းကို တိုး၍ တိုး၍ ပေးရပါတယ်။ အသင်က အဘယ့်ကြောင့် လျော့၍ ပေးပါသနည်း" ဟု မေးတဲ့အခါ နတ်သားက

"မင်းသမီးရယ်၊ အသင့်ရဲ့ အသက်နဲ့ ရုပ်ရည်အဆင်းက တနေ့ထက် တနေ့ တိုးတိုးပြီး နုပျိုလှပလာတယ် ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုး၍ တိုး၍ ပေးမှာပေါ့။ ခုတော့ မင်းသမီးရဲ့ အသက်နဲ့ ရုပ်ရည်က လျော့လျော့ပြီး တနေ့ထက် တနေ့ တိုး၍ တိုး၍ အိုလာတာပဲ။

ဒါ့ကြောင့် ငါက ဥစ္စာပစ္စည်းကို လျော့လျော့ပြီး ပေးတာပါ။ မင်းသမီးရယ် တရက်တည ကုန်လွန်တာကို ထားလိုက်ပါဦး၊ ယခု သင့်ကို ကြည့်နေဆဲမှာပဲ သင့်ရဲ့ ရုပ်ရည်ဟာ တဖြုတ်ဖြုတ်နဲ့ အိုလာတော့တာ၊ တနေ့ထက် တနေ့ နှပျိုလာတာမှ မဟုတ်တာ" လို့ ပြန်လည် ရှင်းပြလိုက်ပါတယ်။

အဲဒီနောက် နတ်သားက နတ်ပြည်ရောက်ကြောင်း ပြုရမယ့် ကုသိုလ်ကောင်းမှုတွေကို ဆက်ဟောပါတယ်။

တကယ်တော့ လုလင်နတ်သားဟာ အတိတ် လူ့ဘဝက ခင်ပွန်းဟောင်းပါ။ လူ့ပြည်မှာ ကျန်ခဲ့တဲ့ ဇနီးဟောင်းကို သံဝေဂတရား လာဟောတာပါ။

ဒါ့ကြောင့် တရက် ကုန်ဆုံးသွားတာနဲ့ သေဖို့တရက် ပိုနီးလာပြီ ဆိုတာလေးကို သံဝေဂ ဖြစ်အောင် ဆင်ခြင်ကြရင်း နုနယ် ရုပ်ဆင်း ပျိုမြစ်ခြင်းက အိုခြင်း နာခြင်း သေခြင်း နောက်ဆုံး ရှိချေ၏ ဆိုတဲ့ သင်္ခါရ တရားကို မမေ့လျော့လိုက်ပါနှင့်။

Crd ဆရာတော် အရှင်ဉာဏာဝုဓ

Zawgyi

မင္းသမီးေလးရဲ႕ သံေဝဂ

တခုေသာ ညတညမွာ ဥဒၵယဘဒၵ မင္းသမီးေလးသည္ ျပာသာဒ္ထက္မွာ တဦးတည္း စံေနေတာ္ မူပါတယ္။ အဲဒီအခ်ိန္မွာ လုလင္တေယာက္ဟာ ေ႐ႊခြက္နဲ႔ ေ႐ႊအျပည့္ ထည့္လွ်က္ မင္းသမီးေလးကို "အသင္ မင္းသမီးေလး၊ ဒီတညေလာက္ အသင္၏ နန္းျပသဒ္မွာ အသင္ႏွင့္ အတူ ကုန္လြန္ပါရေစ" လို႔ ေျပာဆိုလိုက္ပါတယ္။

မင္းသမီးေလးလည္း ထိတ္လန႔္သြားၿပီး "သူေနတဲ့ ေနရာမွာ အေစာင့္မ်ားစြာ ရွိေနရက္နဲ႔ အဘယ္သို႔ တက္ေရာက္လာသနည္း" ဟု ေမးျမန္းလိုက္ပါတယ္။

လုလင္ကလည္း "ငါဟာ နတ္သားတေယာက္ ျဖစ္ပါတယ္။ အသင္ မင္းသမီးေလးကသာ ငါ့ကို ခ်စ္တယ္ ဆိုရင္ ပါလာတဲ့ ေ႐ႊခြက္နဲ႔ ေ႐ႊအျပည့္ ေပးပါ့မယ္" လို႔ ေျဖၾကားလိုက္ပါတယ္။

မင္းသမီးေလးက "အသင္ဟာ နတ္သားျဖစ္ေစ၊ လူပင္ ျဖစ္ေစ ကြယ္လြန္သြားတဲ့ ကြၽန္မ ခင္ပြန္းေဟာင္း မင္းသားမွ တပါး မည္သူ႔ကိုမွ် ျမတ္ႏိုး၍ မရပါ၊ အသင္ ျပန္ပါေလာ့" ဟု ေျပာဆိုကာ ႏွင္ထုတ္လိုက္ ပါတယ္။

ဒုတိယညမွာေတာ့ လုလင္နတ္သားက ေငြခြက္မွာ ေ႐ႊအျပည့္ ထည့္ၿပီး ထပ္မံ ေျပာဆို လာျပန္ပါတယ္။ မင္းသမီးေလး ကလည္း ခ်က္ခ်င္းပဲ ႏွင္ထုတ္ ခဲ့ပါတယ္။

တတိယည မွာေတာ့ လုလင္နတ္သားက ေၾကးခြက္မွာ ေ႐ႊအျပည့္ ထည့္ၿပီး ထပ္မံ ေျပာဆို လာျပန္ပါတယ္။ ဒီအခါမွာေတာ့ မင္းသမီးေလးက စဥ္းစားၿပီး ပထမေန႔မွာ ေ႐ႊခြက္၊ ဒုတိယေန႔မွာ ေငြခြက္၊ တတိယေန႔မွာ ေၾကးခြက္နဲ႔ လာရျခင္းကို သိခ်င္လာ၍

"အသင္နတ္သား၊ ေယာက္်ားမ်ားဟာ မိန္းကေလးကို ခ်စ္ေရးဆိုရာမွာ ဥစၥာပစၥည္းကို တိုး၍ တိုး၍ ေပးရပါတယ္။ အသင္က အဘယ့္ေၾကာင့္ ေလ်ာ့၍ ေပးပါသနည္း" ဟု ေမးတဲ့အခါ နတ္သားက

"မင္းသမီးရယ္၊ အသင့္ရဲ႕ အသက္နဲ႔ ႐ုပ္ရည္အဆင္းက တေန႔ထက္ တေန႔ တိုးတိုးၿပီး ႏုပ်ိဳလွပလာတယ္ ဆိုရင္ေတာ့ ဥစၥာပစၥည္းကို တိုး၍ တိုး၍ ေပးမွာေပါ့။ ခုေတာ့ မင္းသမီးရဲ႕ အသက္နဲ႔ ႐ုပ္ရည္က ေလ်ာ့ေလ်ာ့ၿပီး တေန႔ထက္ တေန႔ တိုး၍ တိုး၍ အိုလာတာပဲ။

ဒါ့ေၾကာင့္ ငါက ဥစၥာပစၥည္းကို ေလ်ာ့ေလ်ာ့ၿပီး ေပးတာပါ။ မင္းသမီးရယ္ တရက္တည ကုန္လြန္တာကို ထားလိုက္ပါဦး၊ ယခု သင့္ကို ၾကည့္ေနဆဲမွာပဲ သင့္ရဲ႕ ႐ုပ္ရည္ဟာ တျဖဳတ္ျဖဳတ္နဲ႔ အိုလာေတာ့တာ၊ တေန႔ထက္ တေန႔ ႏွပ်ိဳလာတာမွ မဟုတ္တာ" လို႔ ျပန္လည္ ရွင္းျပလိုက္ပါတယ္။

အဲဒီေနာက္ နတ္သားက နတ္ျပည္ေရာက္ေၾကာင္း ျပဳရမယ့္ ကုသိုလ္ေကာင္းမႈေတြကို ဆက္ေဟာပါတယ္။

တကယ္ေတာ့ လုလင္နတ္သားဟာ အတိတ္ လူ႔ဘဝက ခင္ပြန္းေဟာင္းပါ။ လူ႔ျပည္မွာ က်န္ခဲ့တဲ့ ဇနီးေဟာင္းကို သံေဝဂတရား လာေဟာတာပါ။

ဒါ့ေၾကာင့္ တရက္ ကုန္ဆုံးသြားတာနဲ႔ ေသဖို႔တရက္ ပိုနီးလာၿပီ ဆိုတာေလးကို သံေဝဂ ျဖစ္ေအာင္ ဆင္ျခင္ၾကရင္း ႏုနယ္ ႐ုပ္ဆင္း ပ်ိဳျမစ္ျခင္းက အိုျခင္း နာျခင္း ေသျခင္း ေနာက္ဆုံး ရွိေခ်၏ ဆိုတဲ့ သခၤါရ တရားကို မေမ့ေလ်ာ့လိုက္ပါႏွင့္။

Crd ဆရာေတာ္ အရွင္ဉာဏာဝုဓ

Post a Comment

0 Comments