ပေါက်ပင်နှင့် ပြဿနာ

တခါက တိုင်းပြည်တပြည်မှာ ဘုရင်ကြီးတပါး ရှိတယ်။ အဲ့ဒိဘုရင်ကြီးမှာ သားတော် လေးပါး ရှိတယ်။ အဲ့ဒိ မင်းသားလေးပါးဟာ တခါတရံ တောလည်ထွက်လေ့ ရှိတယ်။

မင်းသားထဲက အကြီးဆုံး သားတော်၊ ပထမ မင်းသားလေးဟာ နွေခေါင်ခေါင်မှာ တောလည် ထွက်ရင်း ပေါက်ပင်တွေကို တွေရှိခဲ့လို့ ပေါက်ပင်ရဲ့ သဘာဝကို မှတ်သား မှတ်တမ်းတင်ခဲ့တယ်။

သူ့လိုဘဲ ဒုတိယ မင်းသားဟာ မိုးဥတုအချိန် မိုးတွေ ကောင်းစွာရွာနေချိန် တောလည်ထွက်ရင်း ပေါက်ပင်ကို တွေ့လို့ မှတ်သားထား သလို တတိယသားတော်က ဆောင်းကုန်ခါနီး မှာ ပေါက်ပင်ကို တွေ့လို့ မှတ်သားထားတယ်။

စတုတ္ထ မင်းသားလေးက နွေဦးဝင်စ အချိန်တွေမှာ ရထားများဖြင့် တောလည်ရင်း ပေါက်ပင်ကို တွေ့လို့ မှတ်သားထားလိုက် ကြတယ်။ မင်းသားတွေ သွားတဲ့ တောတွေနဲ့ သွားခဲ့တဲ့ အချိန်တွေကလည်း တပါးနဲ့ တပါး မတူကြပါဘူး။

တနေ့ မင်းသား လေးပါး ဆုံတွေ့ချိန် တပါးနဲ့တပါး မိမိတို့ တောလည်ထွက်ရာမှာ တွေ့ကြုံခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည် ပြောဆိုနေရင်းက ပေါက်ပင်နဲ့ ပတ်သက်လို့ ပြောဖြစ်ခဲ့ကြတယ်။

အဲ့ဒိလို ပြောရာမှာ ပထမ မင်းသားက ပေါက်ပင်ဆိုတာ ရိုးတံကျဲကျဲနဲ့ အခက်အရွက်ရယ်က မရှိ ရုတ်တရက် ကြည့်လိုက်ရင် မီးလောင်ထားတဲ့ သစ်ငုတ်တို အတိုင်းဘဲ လို့ ပြောဆိုခဲ့တယ်။

ဒုတိယ မင်းသား ကတော့ ပေါက်ပင်ဆိုတာ အခက်အလက်တွေ ဝေဝေဆာဆာနဲ့ စိမ်းလန်းနေပြီး ညောင်ပင်လိုအပင် ဟု သူတွေ့ရှိမှုကို ပြောသလို တတိယ မင်းသားကလည်း ဘယ်ဟုတ်မလဲ ပေါက်ပင် ဆိုတာက တပင်လုံး ရဲရဲနီနေတဲ့ အပင်ဗျ လို့ ပြောလိုက်တယ်။

စတုတ္ထမင်းသား ကတော့ ပေါက်ပင် ဆိုတာ ခုနက ပြောသွားတာတွေနဲ့ မတူဘူး။ အဲ့ဒိအပင်ဟာ အသီးအတောင့်တွေနဲ့ ပုံသဏ္ဌာန်အားဖြင့် ကုက္ကိပင်လိုပါ လို့ ပြောလိုက်တယ်။ မင်းသားလေးပါးဟာ ကိုယ့်ရဲ့မှတ်တမ်းတင် မှတ်သားထားတာ ကိုယ်မြင်တွေ့ခဲ့တာသာ အမှန်ဘဲလို့ပြောဆိုပြီး ဘယ်သူကမှ အလျော့မပေးဘဲ ငြင်းခုံနေတာပေါ့။ ဒါပေမဲ့ ဘယ်သူမှန်လဲ မဆုံးဖြတ်နိုင်ဘဲ ရှိနေခဲ့ကြတယ်။

အဲ့ဒိလို ငြင်းခုံနေရာက ပေါက်ပင်ပြဿနာကို ဖြေရှင်ပေးဖို့ ခမည်းတော် ဘုရင်ကြီးထံ မေးမြန်းဖို့ အခြေအနေ ဖြစ်လာခဲ့တယ်။ အဲ့ဒိမှာ ဘုရင်ကြီး ဆုံးဖြတ်ချက် အဖြစ် ဒိလို ဆုံးဖြတ်ပေးခဲ့တယ်။

သားတော်တို့ အခုကိစ္စမှာ သားတော်အားလုံးရဲ့ပြောဆိုမှုဟာ မှန်သလို သားတော်အားလုံးဟာ မှားခဲ့ကြတယ် လို့ ဆုံးဖြတ်ပေးလိုက်တယ် ဆိုရင်ပဲ သားတော်တွေက အားလုံးမှန်ပြီး ဘာလို့ အားလုံးမှားရတာပါလဲ လို့ ဖခမည်းတော်ဘုရင်ကြီးထံ မေးလျောက်လိုက်ကြတယ်။

ထိုအခါ ဘုရင်ကြီးက သားတော်လေးယောက်က ပေါက်ပင်ကို ကိုယ်တွေ့ခဲ့တဲ့ အချိန်တွေမှာ မြင်ခဲ့တဲ့ အခြေအနေတွေ အရဆိုရင် မြင်တာတွေက မှန်တယ်။ ဒါပေမဲ့ သားတော်တို့က ပေါက်ပင်ဟာ အချိန် ရာသီအလိုက် ရှိရမည့် အခြေအနေတွေ၊ ရှိနိုင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အချိန်ပေး စောင့်မကြည့်ခဲ့တာကတော့ မှားသွားတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။

ပြဿနာ ဖြစ်လာရင် ကိုယ့်အမြင် တဖက်သတ် အမြင်နဲ့ သုံးသပ်တိုင်း အမှန် မဖြစ်နိုင်ဘူး။ အချိန်မပေးဘဲ လတ်တလော ဆုံးဖြတ်ချက်ဟာလည်း အမှန်မရနိုင်ဘူးလို့ သားတော်လေးယောက်ကို ဘုရင်ကြီးက ဆုံးမလိုက်ပါတော့တယ်။

ပြဿနာ မှန်သမျှကို ကိုယ့်အမြင် တဖက်တည်း ကြည့်ပြီး ဆုံးဖြတ်မှုမှ ကင်းဝေးကြပါစေ။

Crd Thura Myo

Zawgyi

ေပါက္ပင္ႏွင့္ ျပႆနာ

တခါက တိုင္းျပည္တခုမွာ ဘုရင္ႀကီးတပါး ရွိတယ္။ အဲ့ဒိ ဘုရင္ႀကီးမွာ သားေတာ္ ေလးပါး ရွိတယ္။ အဲ့ဒိ မင္းသားေလးပါးဟာ တခါတရံ ေတာလည္ထြက္ေလ့ ရွိတယ္။

မင္းသားထဲက အႀကီးဆုံး သားေတာ္၊ ပထမ မင္းသားေလးဟာ ေႏြေခါင္ေခါင္မွာ ေတာလည္ ထြက္ရင္း ေပါက္ပင္ေတြကို ေတြရွိခဲ့လို႔ ေပါက္ပင္ရဲ႕ သဘာဝကို မွတ္သား မွတ္တမ္းတင္ခဲ့တယ္။

သူ႔လိုဘဲ ဒုတိယ မင္းသားဟာ မိုးဥတုအခ်ိန္ မိုးေတြ ေကာင္းစြာ႐ြာေနခ်ိန္ ေတာလည္ထြက္ရင္း ေပါက္ပင္ကို ေတြ႕လို႔ မွတ္သားထား သလို တတိယသားေတာ္က ေဆာင္းကုန္ခါနီး မွာ ေပါက္ပင္ကို ေတြ႕လို႔ မွတ္သားထားတယ္။

စတုတၳ မင္းသားေလးက ေႏြဦးဝင္စ အခ်ိန္ေတြမွာ ရထားမ်ားျဖင့္ ေတာလည္ရင္း ေပါက္ပင္ကို ေတြ႕လို႔ မွတ္သားထားလိုက္ ၾကတယ္။ မင္းသားေတြ သြားတဲ့ ေတာေတြနဲ႔ သြားခဲ့တဲ့ အခ်ိန္ေတြကလည္း တပါးနဲ႔ တပါး မတူၾကပါဘူး။

တေန႔ မင္းသား ေလးပါး ဆုံေတြ႕ခ်ိန္ တပါးနဲ႔တပါး မိမိတို႔ ေတာလည္ထြက္ရာမွာ ေတြ႕ႀကဳံခဲ့တဲ့ အေၾကာင္းအရာေတြကို ျပန္လည္ ေျပာဆိုေနရင္းက ေပါက္ပင္နဲ႔ ပတ္သက္လို႔ ေျပာျဖစ္ခဲ့ၾကတယ္။

အဲ့ဒိလို ေျပာရာမွာ ပထမ မင္းသားက ေပါက္ပင္ဆိုတာ ႐ိုးတံက်ဲက်ဲနဲ႔ အခက္အ႐ြက္ရယ္က မရွိ ႐ုတ္တရက္ ၾကည့္လိုက္ရင္ မီးေလာင္ထားတဲ့ သစ္ငုတ္တို အတိုင္းဘဲ လို႔ ေျပာဆိုခဲ့တယ္။

ဒုတိယ မင္းသား ကေတာ့ ေပါက္ပင္ဆိုတာ အခက္အလက္ေတြ ေဝေဝဆာဆာနဲ႔ စိမ္းလန္းေနၿပီး ေညာင္ပင္လိုအပင္ ဟု သူေတြ႕ရွိမႈကို ေျပာသလို တတိယ မင္းသားကလည္း ဘယ္ဟုတ္မလဲ ေပါက္ပင္ ဆိုတာက တပင္လုံး ရဲရဲနီေနတဲ့ အပင္ဗ် လို႔ ေျပာလိုက္တယ္။

စတုတၳမင္းသား ကေတာ့ ေပါက္ပင္ ဆိုတာ ခုနက ေျပာသြားတာေတြနဲ႔ မတူဘူး။ အဲ့ဒိအပင္ဟာ အသီးအေတာင့္ေတြနဲ႔ ပုံသဏၭာန္အားျဖင့္ ကုကၠိပင္လိုပါ လို႔ ေျပာလိုက္တယ္။ မင္းသားေလးပါးဟာ ကိုယ့္ရဲ႕မွတ္တမ္းတင္ မွတ္သားထားတာ ကိုယ္ျမင္ေတြ႕ခဲ့တာသာ အမွန္ဘဲလို႔ေျပာဆိုၿပီး ဘယ္သူကမွ အေလ်ာ့မေပးဘဲ ျငင္းခုံေနတာေပါ့။ ဒါေပမဲ့ ဘယ္သူမွန္လဲ မဆုံးျဖတ္ႏိုင္ဘဲ ရွိေနခဲ့ၾကတယ္။

အဲ့ဒိလို ျငင္းခုံေနရာက ေပါက္ပင္ျပႆနာကို ေျဖရွင္ေပးဖို႔ ခမည္းေတာ္ ဘုရင္ႀကီးထံ ေမးျမန္းဖို႔ အေျခအေန ျဖစ္လာခဲ့တယ္။ အဲ့ဒိမွာ ဘုရင္ႀကီး ဆုံးျဖတ္ခ်က္ အျဖစ္ ဒိလို ဆုံးျဖတ္ေပးခဲ့တယ္။

သားေတာ္တို႔ အခုကိစၥမွာ သားေတာ္အားလုံးရဲ႕ေျပာဆိုမႈဟာ မွန္သလို သားေတာ္အားလုံးဟာ မွားခဲ့ၾကတယ္ လို႔ ဆုံးျဖတ္ေပးလိုက္တယ္ ဆိုရင္ပဲ သားေတာ္ေတြက အားလုံးမွန္ၿပီး ဘာလို႔ အားလုံးမွားရတာပါလဲ လို႔ ဖခမည္းေတာ္ဘုရင္ႀကီးထံ ေမးေလ်ာက္လိုက္ၾကတယ္။

ထိုအခါ ဘုရင္ႀကီးက သားေတာ္ေလးေယာက္က ေပါက္ပင္ကို ကိုယ္ေတြ႕ခဲ့တဲ့ အခ်ိန္ေတြမွာ ျမင္ခဲ့တဲ့ အေျခအေနေတြ အရဆိုရင္ ျမင္တာေတြက မွန္တယ္။ ဒါေပမဲ့ သားေတာ္တို႔က ေပါက္ပင္ဟာ အခ်ိန္ ရာသီအလိုက္ ရွိရမည့္ အေျခအေနေတြ၊ ရွိႏိုင္ ျဖစ္လာႏိုင္တဲ့ အေျခအေနေတြကို အခ်ိန္ေပး ေစာင့္မၾကည့္ခဲ့တာကေတာ့ မွားသြားတဲ့ အေျခအေန ျဖစ္သြားတာေပါ့။

ျပႆနာ ျဖစ္လာရင္ ကိုယ့္အျမင္ တဖက္သတ္ အျမင္နဲ႔ သုံးသပ္တိုင္း အမွန္ မျဖစ္ႏိုင္ဘူး။ အခ်ိန္မေပးဘဲ လတ္တေလာ ဆုံးျဖတ္ခ်က္ဟာလည္း အမွန္မရႏိုင္ဘူးလို႔ သားေတာ္ေလးေယာက္ကို ဘုရင္ႀကီးက ဆုံးမလိုက္ပါေတာ့တယ္။

ျပႆနာ မွန္သမွ်ကို ကိုယ့္အျမင္ တဖက္တည္း ၾကည့္ၿပီး ဆုံးျဖတ္မႈမွ ကင္းေဝးၾကပါေစ။

Crd Thura Myo

Post a Comment

0 Comments