ခရီးထွက်တဲ့အခါ ကားပေါ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် လုံခြုံစိတ်ချရစေမယ့် နည်းလမ်း (၆) ခု

ခရီးသွားတဲ့အခါ ခွေးလေးတွေ၊ ကြောင်လေးတွေကို ခေါ်သွားရင် အမှတ်တရတွေနဲ့ ပိုပြီးပျော်စရာကောင်းမှာပါ။ ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ခရီးအတူထွက်တဲ့အခါ သူတို့အတွက် သက်တောင့်သက်သာ ဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ အဲဒါကြောင့် ခရီးသွားတဲ့အခါ ကားထဲမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လိုနည်းတွေနဲ့ စိတ်ချရအောင် ခေါ်သွားနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ခွေးလေးကို ခါးပတ်ကြိုး သေချာပတ်ပေးပါ။

လူသားတွေလိုပဲ ခွေးလေးတွေလည်း ကားစီးတဲ့အခါ ခါးပတ်ပတ်သင့်ပါတယ်။ ကြောင်လေးတွေကို ခေါ်သွားမယ်ဆိုရင်လည်း ကြောင်လေးတွေထည့်တဲ့ ခြင်းထဲကို ထည့်ပြီးခေါ်သွားပါ။ ကားမောင်းနေတုန်း သူတို့ကို ပြတင်းပေါက်ကနေ ခေါင်းထွက်ပြီး မကြည့်စေဖို့တော့ အရေးကြီးပါတယ်။ လေတိုက်တဲ့အခါ ချွဲမြှေးတွေလည်း ထွက်နိုင်တာကြောင့် ကားမှန်ကို ပိတ်ထားသင့်ပါတယ်။

၂။ အစာကျွေးပါ။

တချို့ ခွေးလေးတွေ၊ ကြောင်လေးတွေဟာ ကားမူးတတ်တာကြောင့် ခရီးမထွက်ခင်မှာ အစာမကျွေးသင့်ပါဘူး။ ကျွေးမယ်ဆိုရင်လည်း ခရီးပြီးဆုံးတဲ့အခါ သို့မဟုတ် သွားမယ့်နေရာကို ရောက်မှသာ ကျွေးသင့်ပါတယ်။ သင့်ခွေးလေးက ဗိုက်ထဲမှာ အဆာမရှိတာတောင် ကားမူးနေသေးတယ် ဆိုရင် တိရစ္ဆာန်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးတိုက်လို့ ရပါတယ်။

၃။ ပူပြင်းတဲ့လတွေမှာ ခရီးထွက်ရင် ရေခဲဖျာကို ယူသွားပါ။

ဥပမာအားဖြင့် ပူပြင်းတဲ့ လတွေရောက်ရင် အပြင်မှာ အပူချိန်က ၇၁.၆ ဒီဂရီဖာရင်ဟိုက်ရှိရင် ကားထဲမှာ အပူချိန်က ၁၁၆.၆ ဒီဂရီဖာရင်ဟိုက်အထိ ရှိပါတယ်။ အဲဒီအပူချိန်က အိမ်မွေးတိရစ္ဆာန်လေးတွေကို သေစေနိုင်ပါတယ်။ အဲဒါကြောင့် ပူပြင်းတဲ့ရာသီဥတုတွေမှာ ခရီးထွက်တော့မယ်ဆိုရင်

- မနက်စောစော သို့မဟုတ် ညနေဘက်မှာ သွားပါ။

- ရေများများတိုက်ပါ။

- ခွေးလေးတွေ အေးနေအောင် ရေခဲဖျာကို သုံးလို့လည်း ရပါတယ်။

၄။ Pickup ကားနဲ့သွားတဲ့အခါ သတိထားပါ။

ခွေးကို pickup ကားနဲ့ ခေါ်သွားရင် မတော်တဆ ကားပေါ်က ပြုတ်ကျတာ၊ တစ်ခုခုနဲ့ တိုက်မိတာတွေ ဖြစ်လာနိုင်ပါတယ်။ ကားရပ်ထားတဲ့ အချိန်ဆိုရင်လည်း ကားအောက်က အပူချိန်ကြောင့် သူတို့ရဲ့ခန္ဓာကိုယ်မှာ အပူလောင်တတ်ပါတယ်။

၅။ ခွေးတွေ၊ ကြောင်တွေကို ကားထဲမှာ တစ်ကောင်တည်း မထားခဲ့သင့်ပါဘူး။

ကားမှာ ပြတင်းပေါက်တွေ ဖွင့်ထားရင်တောင် ကားအပူချိန်က အရမ်းမြင့်တာကြောင့် ကားထဲမှာ ခွေးလေးတွေ၊ ကြောင်လေးတွေကို တစ်ကောင်တည်း ထားခဲ့ရင် အန္တရာယ်များပါတယ်။ သင်က အပြင်သွားဖို့ ခဏပဲ ကြာမယ်ဆိုရင်တောင် ခွေးကို ကားထဲကနေ ခဏထုတ်ထားပါ။

၆။ ခရီးရှည်တွေသွားတဲ့အခါ ခဏရပ်နားပါ။

သင်က ခရီးရှည်ကြီးသွားမယ်ဆိုရင် ခွေးလေး အညောင်းဆန့်နိုင်အောင်လို့ ခဏလောက် နားပေးပါ။ လမ်းခဏလျှောက်တာ၊ ရေသောက်တာ၊ မုန့်စားတာတို့ ပြုလုပ်ပေးရင် ခွေးလေးလည်း မပျင်းတော့ပါဘူး။ ကားက သွားနေတုန်းမှာ ခွေးကို အစာလုံးဝ မကျွေးသင့်ပါဘူး။ ကျွေးလိုက်ရင် ဆို့နင်တာဖြစ်တတ်လို့ပါ။

Zombie (lovemedia)

Post a Comment

0 Comments