ငွေတွေအများကြီးသုံးမိရင်၊ အစားတွေအများကြီး စားမိရင် တုန်ခါပြီးသတိပေးနေမယ့် လက်ပတ်

သင်က ကိုယ်အလေးချိန် လျှော့ချဖို့နဲ့ ငွေစုဖို့ ကြိုးစားနေတယ် ဆိုရင် သင်နဲ့အသင့်တော်ဆုံး လက်ပတ်တစ်လုံးကို အမေဇုန်ကနေ ရောင်းချပေးနေပါပြီနော်။ အဲဒီလက်ပတ်ကိုတော့ Pavlok bracelet လို့ နာမည်ပေးထားပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ပါ။ ဈေးက များပေမယ့် သင့်အတွက်တော့ အကျိူးရှိမှာ အသေအချာပါပါပဲ။ သင်က ငွေတွေအများကြီး သုံးမိနေပြီဆိုရင်၊ အစားတွေ အများကြီး စားမိနေပြီဆိုရင် လက်ပတ်က သင့်ကို ဓါတ်လိုက်သလိုပုံစံနဲ့ သတိပေးမှာပါ။

လက်ပတ်အတွက် application လည်း ရှိပါတယ်။ အဲဒါကြောင့် သင်က ငွေတွေအများကြီး သုံးမိတဲ့အခါ သင့်မိသားစုနဲ့ သူငယ်ချင်းတွေက app ကို download ပြီး သင့်ကို သတိပေးလို့ရပါတယ်။

သင့်မှာ မကောင်းတဲ့အကျင့်တွေရှိလို့ လုပ်မိတဲ့ အခါတွေမှာလည်း လက်ပတ်ကို သတိပေးနိုင်အောင် ပြုလုပ်ထားလို့ ရပါသေးတယ်။


Online မှာ အချိန်တွေ အရမ်းဖြုန်းနေရင်၊ စိတ်ရှိတိုင်း ခဏခဏစားနေရင်၊ fast food တွေ စားနေရင်၊ လက်သည်းကို ခဏခဏကိုက်နေရင်၊ ဆေးလိပ်သောက်နေရင်၊ အကြာကြီးအိပ်နေရင် စတဲ့ မကောင်းတဲ့ အကျင့်တွေ လုပ်မိတဲ့အခါ လက်ပတ်က သတိပေးနေမှာပါ။

လက်ပတ်က မနက်စောစောထဖို့ အချိန်ဆွဲနေသူတွေအတွက်လည်း အရမ်းကို အဆင်ပြေပါသေးတယ်။ သင့်ဦးနှောက်မှာ သင့်အတွက်မကောင်းတဲ့ အမူအကျင့်လို့ တွေးလိုက်တာနဲ့ မလုပ်မိအောင် လက်ပတ်က တုန်ခါနေမှာပါ။


ဥပမာ "ဆေးလိပ်သောက်ချင်တယ်၊ ဆေးလိပ်သောက်တာက ကောင်းမှမကောင်းပဲ"လို့ တွေးလိုက်တာနဲ့ လက်ပတ်က ဓါတ်လိုက်သလို ဖြစ်သွားမှာပါ။

သုံးတဲ့သူအများစုကတော့ ဒီလက်ပတ်လေးကို သဘောကျနေကြပါတယ်။

ရုပ်သံ

Zombie (lovemedia)

Post a Comment

0 Comments