ပန်ကရိယကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာ (၈) မျိုး

 

အစာချေစနစ်အတွက် ပန်ကရိယက အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ကျန်းမာတဲ့ ပန်ကရိယဖြစ်ဖို့အတွက် အစားအသောက်က အရေးကြီးပါတယ်။ ပန်ကရိယ ကျန်းမာရေးအတွက် စားသောက်သင့်တဲ့ အစားအစာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ နနွင်း

ပန်ကရိယထဲက နာကျင်မှုတွေကို သဘာဝအတိုင်းလျှော့ချပေးတာက နနွင်းပါပဲ။ ဒါ့အပြင် နနွင်းက ပန်ကရိယထဲမှာ အင်ဆူလင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ အဲဒီအင်ဆူလင်က  သွေးထဲက သကြားဓါတ်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်။

၂။ ကြက်သွန်ဖြူ

အစာအိမ်ထဲမှာ ဘာမှမရှိခင် ကြက်သွန်ဖြူနဲ့ ပျားရည်ကို စားပါလို့ ရှေးလူကြီးတွေက ပြောကြပါတယ်။ ကြက်သွန်ဖြူနဲ့ ပျားရည်က ပန်ကရိယအပါအဝင် အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ တစ်သျှူးတွေကို ပြုပြင်ပေးပါတယ်။

၃။ ဟင်းနုနွယ်ရွက်

ပန်ကရိယထဲမှာ လိုအပ်တဲ့ ဗီတာမင်ဘီ၊ သံဓါတ်တွေက ဟင်းနုနွယ်မှာ အပြည့်အဝ လိုအပ်ပါတယ်။ ဗီတာမင်ဘီက ပန်ကရိယာကို အားဖြစ်စေပါတယ်။ ဟင်းနုနွယ်က ပန်ကရိယကင်ဆာဖြစ်ဖို့ အခွင့်အရေးတွေကိုလည်း နည်းပါးသွားစေပါတယ်။

၄။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဂေါ်ဖီထုပ်က ပန်ကရိယထဲက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။

၅။ စပျစ်သီး

စပျစ်သီးမှာ အင်တီအောက်ဆီးဒင့်က အပြည့်အဝကို ပါဝင်ပါတယ်။ စပျစ်သီးက ပန်ကရိယ ရောင်ရမ်းတာကို သက်သာစေပြီး ပန်ကရိယ ကင်ဆာဆဲလ်တွေကို ပျက်သွားစေပါတယ်။ စပျစ်သီးဝိုင်ကို သောက်ရင်လည်း အာနိသင်က အတူတူပါပဲ။ ဒါပေမယ့် စပျစ်သီး အစိမ်းစားတာက ပိုပြီး အကျိုးရှိပါတယ်။

၆။ ကန်စွန်းဥ

ကန်စွန်းဥက ပန်ကရိယနဲ့ အရောင်ရော ပုံစံပါ ဆင်တူပါတယ်။ ကန်စွန်းဥက ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓါတ်ကိုလည်း တည်ငြိမ်စေပါတယ်။

၇။ Oregano

တောရှုံးပင် လို့ခေါ်တဲ့ oregano မှာ အင်တီအောက်ဆီးဒင့်တွေ အများကြီး ပါဝင်ပါတယ်။ အဲဒါကြောင့် ပန်ကရိယ ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။

၈။ ဒုဓလီပန်းပင်

ဒုဓလီရေနွေးကြမ်းက အသည်းနဲ့ ပန်ကရိယထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးပါတယ်။ သည်းခြေရည် ဖယ်ထုတ်နေတုန်း ပန်ကရိတစ်သျှူးတွေ ပျက်သွားတဲ့အခါမှာလည်း အလုံးစုံစစ်ဆေး ပြုပြင်ပေးပါတယ်။ ဒုဓလီပန်းအမြစ်ကလည်း ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ ထိရောက်မှု ရှိပါတယ်။

ပန်ကရိယ ကျန်းမာရေးအတွက်

- ပန်ကရိယနဲ့ ပတ်သက်တဲ့ ရောဂါရှိသူတွေက ကယ်လိုရီ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိကို အဆီနဲ့ သဘာဝအစ ားအစာတွေကနေပဲ ရရှိသင့်ပါ

တယ်။

- အရက်၊ ဘီယာတွေ၊ ကာဗွန်ဟိုက်ဒရိတ်တွေကို ရှောင်သင့်ပါတယ်။

- ရေများများ သောက်ခြင်းကလည်း ပန်ကရိယနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်တဲ့ သော့ချက်ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments