မျက်နှာမှာ အမွေးအမျှင်တွေ နောက်ထပ် မပေါက်စေတော့မယ့် နည်းလမ်း

မျက်နှာမှာ အမွေးအမျှင် အနည်းငယ်ရှိခြင်းက သာမန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုတာထက် ပိုပီးပေါက်နေရင်တော့ နေ့တိုင်းရိတ်နေရမယ့်အပြင် သင့်ကိုလည်း ကြည့်ရဆိုးစေနိုင်ပါတယ်။ ဒီလိုအခြေအနေကို hirsutism လို့ခေါပြီး ဟော်မုန်း မညီမျှမှုကြောင့် ဖြစ်တတ်ပါတယ်။

Waxing နှင့် laser hair removal က မလိုအပ်တဲ့ အမွေးမျှင်တွေကို ဖယ်ရှားပေးနိုင်ပေမယ့်လည်း ဒီလိုမဟုတ်ပဲ တခြား သဘာဝနည်းလမ်း အချို့လည်း ရှိပါသေးတယ်။

၁။ ပူဒီနာလက်ဖက်ရည် သောက်ပါ။

ပူဒီနာလက်ဖက်ရည်က သင့်အာရုံကြောတွေကို ငြိမ်သက်စေတဲ့အပြင် သင့်သွေးကနေတဆင့် စီးဆင်းနေတဲ့ အမျိုးသားဟော်မုန်း အရေအတွက်ကို လျှော့ချပေးနိုင်ပါတယ်။ ကျားဟော်မုန်းများတာက အမွေးအမျှင်တွေကို ထူစေပါတယ်။

လေ့လာမှုတွေအရ တစ်နေ့ကို ပူဒီနာလက်ဖက်ရည် ၂ ခွက်သောက်ခြင်းဟာ မျက်နှာပေါ်က အမွှေးအမျှင်တွေ ကြီးထွားမှုကို နှေးကွေးစေတယ်လို့ ဆိုပါတယ်။

၂။ လာဗင်ဒါနှင့် လက်ဖက်ဆီတွေကို သုံးကြည့်ပါ။

Essential oil တွေကို အသားအရေ ထိန်းသိမ်းမှုနှင့် အလှအပရေးရာတွေမှာ အသက်အရွယ်အလိုက် အသုံးပြုခဲ့ကြပါတယ်။ Essential oil က မျက်နှာမှာ ပေါက်နေတဲ့ မလိုလားအပ်တဲ့ အမွေးအမျှင်တွေကို သိသိသာသာ ဖယ်ရှားပေးနိုင်ပါတယ်။ လာဗင်ဒါနှင့် လက်ဖက်အဆီတွေကိုလည်း လိမ်းပေးခြင်းကလည်း အမွေးအမျှင်တွေ အလွန်အကျွံထွက်နှုန်းကို လျော့ကျစေကြောင်း သက်သေပြခဲ့ပါတယ်။

၃။ Trans fats တွေကို လျှော့ချခြင်း

သင်စားနေကျဖြစ်တဲ့ ချောကလက်ချစ်ပ်တွေ၊ ကွတ်ကီးတွေဟာ သင့်စိတ်ခံစားချက်တွေကို မြှင့်တင်နိုင်ပြီး သင့်ကိုချိုမြိန်တဲ့ အရသာတွေ ရရှိစေပေမယ့်လည်း သူတို့ဟာ စီးပွားဖြစ် ထုတ်လုပ်ထားတာကြောင့် trans fats ပါဝင်နိုင်ချေ ရှိပါတယ်။

Trans fats တွေဟာ ကိုလက်စထရောပမာဏကို မြှင့်တင်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို တိုးလာစေတဲ့အပြင် သင့်ကိုလည်း အမွေးအမျှင်တွေ မြန်မြန်နဲ့ ပေါက်စေနိုင်ပါတယ်။ ဒါကြောင့် ဒါတွေကို လျှော့စားလိုက်တာက သင့်ခန္ဓာကိုယ်ကို အများကြီး အကျိုးရှိစေပါတယ်။

၄။ လေ့ကျင့်ခန်းတွေကို ပြောင်းလုပ်ပါ။

သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာက သင့်ခန္ဓာကိုယ်ကို ကျန်းမာစေပြီးတော့ တစ်နေ့ကို နာရီဝက်လောက် လုပ်ပေးမယ် ဆိုရင်တော့ သင့်ကိုယ်အလေးချိန်ကို ထိန်းနိုင်ပြီး စိတ်အနှောက်အယှက် ဖြစ်စေတဲ့ မျက်နှာမှာအမွေးအမျှင် ပေါက်တာတွေကို လျော့နည်းစေမှာပဲ ဖြစ်ပါတယ်။

သင့်ခန္ဓာကိုယ် အလေးချိန်ရဲ့ 5% ဆုံးရှုံးခြင်းဟာ သင့်ဟော်မုန်းတွေကို ဟန်ချက်ညီစေပြီး မျက်နှာက အမွေးအမျှင်တွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် cardio လိုမျိုး Testosterone ပမာဏ မတိုးစေမယ့် လေ့ကျင့်ခန်း အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

၅။ အပ်စိုက်ကုထုံး

အပ်စိုက်ကုသခြင်းဟာ စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး သင့်ကို လန်းဆန်းစေတဲ့အပြင် မလိုလားအပ်တဲ့ အမွှေးတွေ ပေါက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ အပ်စိုက်ကုထုံးဟာ ဆံပင်တွေ၊ အမွေးအမျှင်တွေရဲ့ သိပ်သည်းဆနှင့် အရှည်တို့ကို လျှော့ချနိုင်ပြီး အမျိုးသားဟော်မုန်းကိုလည်း ကျဆင်းစေတယ့်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

၆။ ရေကိုဝအောင် သောက်ပါ။

သင့်ကျန်းမာရေးနဲ့ အလှအပအတွက် ရေဓာတ်ပြည့်ဝနေဖို့က လုံးဝအရေးကြီးပါတယ်။ ရေလုံလောက်စွာ သောက်ခြင်းဟာ သင်ရဲ့ဇီဝဖြစ်ပျက်မှုကို တိုးတက်စေပြီး သင့်အသားအရေကို နုပျိုစေတဲ့အပြင် မျက်နှာမှာအမွေးအမျှင်တွေ အလွန်အကျွံပေါက်တာကို ကာကွယ်ပေးပါတယ်။ ပြီးတော့လည်း တခြားကျန်းမာရေးအကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းပါသေးတယ်။

တစ်နေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်လောက်သောက်တာက ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments