ကိုယ့်အကြောင်းနဲ့ ကိုယ်

တခါတုန်းက ခြင်္သေ့ တကောင်ဟာ ရေစပ်မှာ ရေသောက် နေတဲ့ သမင်တကောင်ကို လိုက်ရင်း လွတ်သွားတယ်။

ဒါကို ကောင်းကင်မှာ ဝဲနေတဲ့ သိန်းငှက်က မြင်တော့ ခြင်္သေ့ကို ပြောတယ်။

"ဒီမှာ အဆွေ၊ အဆွေမှာ ကြံ့ခိုင် သန်စွမ်းတဲ့ ခြေတွေ လက်တွေ ရှိတယ်။ ပြည့်ဝတဲ့ ခွန်အားတွေ ရှိတယ်။ အစွမ်း ထက်လှတဲ့ ခြေသည်း လက်သည်းတွေ ရှိတယ်။

ဒါပေမယ့် ကျုပ်လို မပျံသန်း နိုင်တော့ ခုလို မျက်ခြေပြတ်သွားတဲ့ သားကောင်ကို အဆွေ ရှာမတွေ့တော့ ဖူးပေါ့။ ကျုပ်ဆို ခဏလေး ကောင်းကင်ပေါ် ဝဲလိုက်တာနဲ့ သားကောင်ကို မြင်နိုင်စွမ်း ရှိတယ်"

ခြင်္သေ့က ဘာမှ မပြောပဲ ရေထဲ ဆင်းသွားတယ်။ "အဆွေသိန်းငှက် ကျုပ်လို ရေထဲ ဆင်းပြပါ" ဆိုတော့ သိန်းငှက်က ပြောတယ်။

"ကျုပ် ရေနေ သတ္တဝါ မဟုတ်ပါဘူး။ ကျုပ် အတောင်တွေ ရေစို သွားရင် ပျံသန်းရ ခက်တယ်"

ခြင်္သေ့က ပြန်ပြောတယ်။ "ဒီ သဘောတရားကို သိရင် ရပြီ အဆွေသိန်းငှက်။ လောကမှာ အလွယ်ကူဆုံးက သူတပါးရဲ့ အပြစ်ကို ကြည့်တတ်ခြင်း ဖြစ်ပြီး အခက်ခဲဆုံးက ကိုယ့်ကိုယ်ကို နားလည်ခြင်း ဖြစ်တယ်။

တချို့က သူတပါးရဲ့ အပြစ်နဲ့ အားနည်းချက်ကို သိတယ်။ ကိုယ့်ရဲ့ အားနည်းချက် အပြစ်ကို မေ့နေ ကြတယ်။ တချို့က သူ့တပါးရဲ့ စွမ်းအင်ကို အားကျ ကြတယ်။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားကို လျစ်လျူ ရှုထား ကြတယ်။

ကျုပ်က တောဘုရင် ခြင်္သေ့၊ ဒါပေမယ့် ကျုပ်ရဲ့ လည်ဆံမွှေး ထဲက သန်းကို ကျုပ်မနိုင်ဘူး။ ဘဝမှာ တခါတလေ ကိုယ့်ရဲ့ အားနည်းချက်ကို သိသော်ငြားလည်း ဖြည့်ဆည်းရန် ခက်တယ်။

အဆွေသိန်းငှက် ပြောသလိုပေါ့ ကျုပ်သာ ခင်ဗျားလို ပျံသန်း နိုင်ရင်တော့ တောဘုရင် ဘယ်ဟုတ်တော့ မလဲဗျာ"

Crd

Zawgyi

ကိုယ့္အေၾကာင္းနဲ႔ ကိုယ္

တခါတုန္းက ျခေသၤ့ တေကာင္ဟာ ေရစပ္မွာ ေရေသာက္ ေနတဲ့ သမင္တေကာင္ကို လိုက္ရင္း လြတ္သြားတယ္။

ဒါကို ေကာင္းကင္မွာ ဝဲေနတဲ့ သိန္းငွက္က ျမင္ေတာ့ ျခေသၤ့ကို ေျပာတယ္။

"ဒီမွာ အေဆြ၊ အေဆြမွာ ႀကံ့ခိုင္ သန္စြမ္းတဲ့ ေျခေတြ လက္ေတြ ရွိတယ္။ ျပည့္ဝတဲ့ ခြန္အားေတြ ရွိတယ္။ အစြမ္း ထက္လွတဲ့ ေျခသည္း လက္သည္းေတြ ရွိတယ္။

ဒါေပမယ့္ က်ဳပ္လို မပ်ံသန္း ႏိုင္ေတာ့ ခုလို မ်က္ေျချပတ္သြားတဲ့ သားေကာင္ကို အေဆြ ရွာမေတြ႕ေတာ့ ဖူးေပါ့။ က်ဳပ္ဆို ခဏေလး ေကာင္းကင္ေပၚ ဝဲလိုက္တာနဲ႔ သားေကာင္ကို ျမင္ႏိုင္စြမ္း ရွိတယ္"

ျခေသၤ့က ဘာမွ မေျပာပဲ ေရထဲ ဆင္းသြားတယ္။ "အေဆြသိန္းငွက္ က်ဳပ္လို ေရထဲ ဆင္းျပပါ" ဆိုေတာ့ သိန္းငွက္က ေျပာတယ္။

"က်ဳပ္ ေရေန သတၱဝါ မဟုတ္ပါဘူး။ က်ဳပ္ အေတာင္ေတြ ေရစို သြားရင္ ပ်ံသန္းရ ခက္တယ္"

ျခေသၤ့က ျပန္ေျပာတယ္။ "ဒီ သေဘာတရားကို သိရင္ ရၿပီ အေဆြသိန္းငွက္။ ေလာကမွာ အလြယ္ကူဆုံးက သူတပါးရဲ႕ အျပစ္ကို ၾကည့္တတ္ျခင္း ျဖစ္ၿပီး အခက္ခဲဆုံးက ကိုယ့္ကိုယ္ကို နားလည္ျခင္း ျဖစ္တယ္။

တခ်ိဳ႕က သူတပါးရဲ႕ အျပစ္နဲ႔ အားနည္းခ်က္ကို သိတယ္။ ကိုယ့္ရဲ႕ အားနည္းခ်က္ အျပစ္ကို ေမ့ေန ၾကတယ္။ တခ်ိဳ႕က သူ႔တပါးရဲ႕ စြမ္းအင္ကို အားက် ၾကတယ္။ ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းအားကို လ်စ္လ်ဴ ရႈထား ၾကတယ္။

က်ဳပ္က ေတာဘုရင္ ျခေသၤ့၊ ဒါေပမယ့္ က်ဳပ္ရဲ႕ လည္ဆံေမႊး ထဲက သန္းကို က်ဳပ္မႏိုင္ဘူး။ ဘဝမွာ တခါတေလ ကိုယ့္ရဲ႕ အားနည္းခ်က္ကို သိေသာ္ျငားလည္း ျဖည့္ဆည္းရန္ ခက္တယ္။

အေဆြသိန္းငွက္ ေျပာသလိုေပါ့ က်ဳပ္သာ ခင္ဗ်ားလို ပ်ံသန္း ႏိုင္ရင္ေတာ့ ေတာဘုရင္ ဘယ္ဟုတ္ေတာ့ မလဲဗ်ာ"

Crd

Post a Comment

0 Comments