သူအိုနှင့် သေမင်း

တရံရောအခါ သူအို တယောက်သည် တောအုပ်တခု ထဲ၌ ထင်းခုတ် နေ၏။

တစည်းစာ မျှသော ထင်းတို့ ရရှိသောခါ သူသည် ၎င်းတို့ကို ထမ်းလျက် အိမ်သို့ ပြန်ခဲ့၏။

သူသွားရမည့် ခရီးမှာ အတန်ပင် ဝေးလှသည်။ ထို့ကြောင့် ခရီးတဝက်မျှ မရောက်သေး မီပင် မောဟိုက် ပင်ပန်းလေ၏။

ထိုအခါ သူအိုသည် ထင်းစည်းကို မြေပေါ်သို့ ပစ်ချပြီးလျှင် "အို အရှင်သေမင်း၊ ဤမျှ ဆင်းရဲ ပင်ပန်းလှသော ဘဝ၌ ကျွန်ုပ် မနေနိုင် ပါပြီ။ လာ၍ ခေါ်လှည့်ပါတော့" ဟု ညည်းတွား တမ်းတ ပြောဆိုလေ၏။

ထိုသို့ သူ၏ နှုတ်မှ မြည်းတမ်း၍ မဆုံးသေး မီပင် သေမင်းသည် သူ့ရှေ့၌ ရုတ်တရက် ပေါ်လာလေ၏။

သေမင်းက သူ့အား "အလိုရှိရာ တောင်းဆိုပါ။ ပြည့်ဝအောင် ဆောင်ရွက်ပေး ပါမည်" ဟူ ဆိုလေသည်။

သူအိုမှာ အလွန် ထိတ်လန့် လှသော်လည်း သတိကို ဖြစ်စေ၍ "အို မြင့်မြတ်သော အရှင်၊ သင်သည် ကျွန်ုပ်အား သနားသဖြင့် ဤထင်းစည်းကို ကျွန်ုပ်၏ ခေါင်းပေါ်သို့ ပင့်၍ ပေးပါ" ဟု ပြောဆိုလိုက် လေသတည်း။

တကယ်တော့ လူအများသည် အသက်မရှင်ချင်တော့ဘူး၊ သေချင်တယ် ဟု ပြောနေကြပေမယ့်လည်း တကယ်တမ်း သေချင်းတရားကို တွေ့ရသောအခါ အင်မတန်ပင် ကြောက်တတ်ကြလေသည်။

Crd

Zawgyi

သူအိုႏွင့္ ေသမင္း

တရံေရာအခါ သူအို တေယာက္သည္ ေတာအုပ္တခု ထဲ၌ ထင္းခုတ္ ေန၏။

တစည္းစာ မွ်ေသာ ထင္းတို႔ ရရွိေသာခါ သူသည္ ၎တို႔ကို ထမ္းလ်က္ အိမ္သို႔ ျပန္ခဲ့၏။

သူသြားရမည့္ ခရီးမွာ အတန္ပင္ ေဝးလွသည္။ ထို႔ေၾကာင့္ ခရီးတဝက္မွ် မေရာက္ေသး မီပင္ ေမာဟိုက္ ပင္ပန္းေလ၏။

ထိုအခါ သူအိုသည္ ထင္းစည္းကို ေျမေပၚသို႔ ပစ္ခ်ၿပီးလွ်င္ "အို အရွင္ေသမင္း၊ ဤမွ် ဆင္းရဲ ပင္ပန္းလွေသာ ဘဝ၌ ကြၽႏ္ုပ္ မေနႏိုင္ ပါၿပီ။ လာ၍ ေခၚလွည့္ပါေတာ့" ဟု ညည္းတြား တမ္းတ ေျပာဆိုေလ၏။

ထိုသို႔ သူ၏ ႏႈတ္မွ ျမည္းတမ္း၍ မဆုံးေသး မီပင္ ေသမင္းသည္ သူ႔ေရွ႕၌ ႐ုတ္တရက္ ေပၚလာေလ၏။

ေသမင္းက သူ႔အား "အလိုရွိရာ ေတာင္းဆိုပါ။ ျပည့္ဝေအာင္ ေဆာင္႐ြက္ေပး ပါမည္" ဟူ ဆိုေလသည္။

သူအိုမွာ အလြန္ ထိတ္လန႔္ လွေသာ္လည္း သတိကို ျဖစ္ေစ၍ "အို ျမင့္ျမတ္ေသာ အရွင္၊ သင္သည္ ကြၽႏ္ုပ္အား သနားသျဖင့္ ဤထင္းစည္းကို ကြၽႏ္ုပ္၏ ေခါင္းေပၚသို႔ ပင့္၍ ေပးပါ" ဟု ေျပာဆိုလိုက္ ေလသတည္း။

တကယ္ေတာ့ လူအမ်ားသည္ အသက္မရွင္ခ်င္ေတာ့ဘူး၊ ေသခ်င္တယ္ ဟု ေျပာေနၾကေပမယ့္လည္း တကယ္တမ္း ေသခ်င္းတရားကို ေတြ႕ရေသာအခါ အင္မတန္ပင္ ေၾကာက္တတ္ၾကေလသည္။

Crd

Post a Comment

0 Comments