အဖိုးအို၏ ဥပမာပေး ဆုံးမစကား

တခါတုန်းက တောရွာလေး တခုမှာ အင်မတန်မှ ဆင်းရဲလှတဲ့ မုဆိုးမ သားအမိ ရှိတယ်တဲ့။ ရာသီဥတု ပူပြင်းတဲ့ နေ့တနေ့မှာတော့ ကလေးတယောက်ဟာ ရွာအပြင် သစ်ပင်ရိပ်အောက်မှာ ဒေါသတွေ အကြီးကျယ်ထွက်ပြီး တယောက်တည်း ပါးစပ်ကနေ ပြောနေလေရဲ့။

ထိုအချိန်မှာ ခွေးလေးတကောင်ကို ခေါ်ဆောင်ပြီး အပန်းဖြေရန် သစ်ပင်ရိပ်သို့ ရောက်လာတဲ့ ခရီးသွား အဖိုးအိုတယောက်က သူ့အဖြစ်ပျက်ကြည့်ပြီး အဲ့ကောင်လေးကို မေးလိုက်တာပေါ့။

"ကောင်လေး မင်းကို ဘာဖြစ်လို့ ဒီလောက်တောင် စိတ်တိုနေရတာလဲကွာ"

"ဘာရှိရမှာလဲဗျာ၊ အိမ်က အမေပေါ့။ သားကို အလုပ်တွေ တနေကုန် ခိုင်းနေတယ်။ သူငယ်ချင်းတွေနဲ့တောင် ကစားချိန်မရဘူး" လို့ ပြန်ဖြေတာပေါ့။

"ဒါဆို မင်း အဖိုးနဲ့ ကစားမလား" လို့ အဖိုးအိုက ထပ်မေးလိုက်တယ်။ အဖိုးအိုက ပြောပြောဆိုဆို ကျောက်ခဲ၂ လုံးကို ကောက်ယူပြီး "ရော့ မင်းနဲ့ငါ ဘယ်သူ ဇွဲပိုကောင်းလဲ ကြည့်ရအောင်၊ ခဲလုံး မ တမ်း ကစားရအောင်။ အကြာကြီး ကိုင်ထားနိုင်သူက အနိုင်ပေါ့"

ကစားနည်းက မခက်ခဲတာကြောင့် ကောင်လေးက လက်ခံလိုက်တာပေါ့်။ ခဲလုံးကို နာရီဝက်မျှပင် မပြည့်သေး၊ မထားရတာ လေးလာတာကြောင့် "တော်ပြီဗျာ သားအရူံးပေးတယ်။ လက်ညောင်းလာပြီ။ ကစားရတာလည်း မပျော်ဘူးဗျာ"

အဖိုးအိုးက "ဒါဖြင်လည်း ခွေးကလေးနဲ့ ကစားလေ။ တခုတော့ ရှိတယ်၊ ခွေးကလေးနဲ့ မကစားခင် ဟိုအိတ်ထဲက နို့တဗူး ကုန်အောင် တိုက်ပြီးမှ ကစားရမယ်"

"ရတယ်ဗျာ သားနို့တိုက် ပေးမယ်"

ထိုသို့ပြောပြီး ခွေးကလေးကို နို့တိုက်ရာမှာ ခွေးကလေးက နို့မသောက်ပဲ ဟိုပြေး ဒီပြေး လုပ်နေတော့ ကောင်လေးက စိတ်တိုလာပြီး "မတိုက်နိုင်တော့ဘူးဗျာ။ တချက်မှကို အငြိမ်မနေတာ စိတ်ကုန်လာပြီ။ မကစားရရင်လည်း နေပါစေတော့"

ဒီတော့မှ အဖိုးအိုက ပြုံးပြီး "ဒီမှာကောင်လေး ဘယ်လောက်မှ မလေးတဲ့ ကျောက်တုံးတတုံးကို နာရီဝက်ပြည့်အောင်တောင် မင်းက ကိုင်ထားနိုင်တာ မဟုတ်ဘူး။ မင်း ဒီအရွယ် ရောက်ဖို့အရေး မင်းအမေက မင်းကို ကိုးလကြာ လွယ်လာခဲ့ရတယ် ဆိုတာ မင်းသတိထားမိရဲ့လား။

မင်းက ခွေးကလေးကိုလည်း နို့တနပ်စာတောင် ဝအောင် မတိုက်နိုင် ခဲ့ပေမယ့် မင်းအမေက ဒီအရွယ်ရောက်ဖို့ နို့အနပ်ပေါင်း မရေတွက်နိုင်အောင် တိုက်နိုင်ဖို့ ဘယ်လို ဒုက္ခခံပြီး တိုက်ခဲ့ရတယ် ဆိုတာကိုရော မင်းသိကော သိရဲ့လား"

ကောင်လေးက အဖိုးအိုစကား ကြားချိန်မှာ သေချာ စဉ်းစားမိပြီး အမေ့ကို သနားတဲ့စိတ်နဲ့ မျက်ရည်တွေ ဝဲပြီး ဘာတခွန်းမျှ မပြောတော့ပဲ နောက်ဆို အမေခိုင်းသမျှ မညိုငြင်ပဲ ချိုချိုသာသာနဲ့ လုပ်ပေးပါတော့မယ် ဆိုပြီး အိမ်ကို အပြေးလေး ပြန်သွားတော့တယ်။

ကောင်လေးဟာ သတိမထားမိလို့ အသိတရားတွေ မရှိခဲ့ပေမယ့် အခုတော့ မိဘရဲ့ ကျေးဇူးတရားကို သူကောင်းကောင်းကြီး သတိထားမိပြီပေါ့။

Crd

Zawgyi

အဖိုးအို၏ ဥပမာေပး ဆုံးမစကား

တခါတုန္းက ေတာ႐ြာေလး တခုမွာ အင္မတန္မွ ဆင္းရဲလွတဲ့ မုဆိုးမ သားအမိ ရွိတယ္တဲ့။ ရာသီဥတု ပူျပင္းတဲ့ ေန႔တေန႔မွာေတာ့ ကေလးတေယာက္ဟာ ႐ြာအျပင္ သစ္ပင္ရိပ္ေအာက္မွာ ေဒါသေတြ အႀကီးက်ယ္ထြက္ၿပီး တေယာက္တည္း ပါးစပ္ကေန ေျပာေနေလရဲ႕။

ထိုအခ်ိန္မွာ ေခြးေလးတေကာင္ကို ေခၚေဆာင္ၿပီး အပန္းေျဖရန္ သစ္ပင္ရိပ္သို႔ ေရာက္လာတဲ့ ခရီးသြား အဖိုးအိုတေယာက္က သူ႔အျဖစ္ပ်က္ၾကည့္ၿပီး အဲ့ေကာင္ေလးကို ေမးလိုက္တာေပါ့။

"ေကာင္ေလး မင္းကို ဘာျဖစ္လို႔ ဒီေလာက္ေတာင္ စိတ္တိုေနရတာလဲကြာ"

"ဘာရွိရမွာလဲဗ်ာ၊ အိမ္က အေမေပါ့။ သားကို အလုပ္ေတြ တေနကုန္ ခိုင္းေနတယ္။ သူငယ္ခ်င္းေတြနဲ႔ေတာင္ ကစားခ်ိန္မရဘူး" လို႔ ျပန္ေျဖတာေပါ့။

"ဒါဆို မင္း အဖိုးနဲ႔ ကစားမလား" လို႔ အဖိုးအိုက ထပ္ေမးလိုက္တယ္။ အဖိုးအိုက ေျပာေျပာဆိုဆို ေက်ာက္ခဲ၂ လုံးကို ေကာက္ယူၿပီး "ေရာ့ မင္းနဲ႔ငါ ဘယ္သူ ဇြဲပိုေကာင္းလဲ ၾကည့္ရေအာင္၊ ခဲလုံး မ တမ္း ကစားရေအာင္။ အၾကာႀကီး ကိုင္ထားႏိုင္သူက အႏိုင္ေပါ့"

ကစားနည္းက မခက္ခဲတာေၾကာင့္ ေကာင္ေလးက လက္ခံလိုက္တာေပါ့္။ ခဲလုံးကို နာရီဝက္မွ်ပင္ မျပည့္ေသး၊ မထားရတာ ေလးလာတာေၾကာင့္ "ေတာ္ၿပီဗ်ာ သားအ႐ူံးေပးတယ္။ လက္ေညာင္းလာၿပီ။ ကစားရတာလည္း မေပ်ာ္ဘူးဗ်ာ"

အဖိုးအိုးက "ဒါျဖင္လည္း ေခြးကေလးနဲ႔ ကစားေလ။ တခုေတာ့ ရွိတယ္၊ ေခြးကေလးနဲ႔ မကစားခင္ ဟိုအိတ္ထဲက ႏို႔တဗူး ကုန္ေအာင္ တိုက္ၿပီးမွ ကစားရမယ္"

"ရတယ္ဗ်ာ သားႏို႔တိုက္ ေပးမယ္"

ထိုသို႔ေျပာၿပီး ေခြးကေလးကို ႏို႔တိုက္ရာမွာ ေခြးကေလးက ႏို႔မေသာက္ပဲ ဟိုေျပး ဒီေျပး လုပ္ေနေတာ့ ေကာင္ေလးက စိတ္တိုလာၿပီး "မတိုက္ႏိုင္ေတာ့ဘူးဗ်ာ။ တခ်က္မွကို အၿငိမ္မေနတာ စိတ္ကုန္လာၿပီ။ မကစားရရင္လည္း ေနပါေစေတာ့"

ဒီေတာ့မွ အဖိုးအိုက ၿပဳံးၿပီး "ဒီမွာေကာင္ေလး ဘယ္ေလာက္မွ မေလးတဲ့ ေက်ာက္တုံးတတုံးကို နာရီဝက္ျပည့္ေအာင္ေတာင္ မင္းက ကိုင္ထားႏိုင္တာ မဟုတ္ဘူး။ မင္း ဒီအ႐ြယ္ ေရာက္ဖို႔အေရး မင္းအေမက မင္းကို ကိုးလၾကာ လြယ္လာခဲ့ရတယ္ ဆိုတာ မင္းသတိထားမိရဲ႕လား။

မင္းက ေခြးကေလးကိုလည္း ႏို႔တနပ္စာေတာင္ ဝေအာင္ မတိုက္ႏိုင္ ခဲ့ေပမယ့္ မင္းအေမက ဒီအ႐ြယ္ေရာက္ဖို႔ ႏို႔အနပ္ေပါင္း မေရတြက္ႏိုင္ေအာင္ တိုက္ႏိုင္ဖို႔ ဘယ္လို ဒုကၡခံၿပီး တိုက္ခဲ့ရတယ္ ဆိုတာကိုေရာ မင္းသိေကာ သိရဲ႕လား"

ေကာင္ေလးက အဖိုးအိုစကား ၾကားခ်ိန္မွာ ေသခ်ာ စဥ္းစားမိၿပီး အေမ့ကို သနားတဲ့စိတ္နဲ႔ မ်က္ရည္ေတြ ဝဲၿပီး ဘာတခြန္းမွ် မေျပာေတာ့ပဲ ေနာက္ဆို အေမခိုင္းသမွ် မညိဳျငင္ပဲ ခ်ိဳခ်ိဳသာသာနဲ႔ လုပ္ေပးပါေတာ့မယ္ ဆိုၿပီး အိမ္ကို အေျပးေလး ျပန္သြားေတာ့တယ္။

ေကာင္ေလးဟာ သတိမထားမိလို႔ အသိတရားေတြ မရွိခဲ့ေပမယ့္ အခုေတာ့ မိဘရဲ႕ ေက်းဇူးတရားကို သူေကာင္းေကာင္းႀကီး သတိထားမိၿပီေပါ့။

Crd

Post a Comment

0 Comments