အသက် ၇၀ အရွယ်ဘွားဘွားရဲ့ အလွန်နုပျိုနေရတဲ့ လျှို့ဝှက်ချက်

လူတစ်ယောက်မှာ ပျော်ရွှင်ကျန်းမာနေဖို့က အဓိကကျပါတယ်။ ပျော်ရွှင်ကျန်းမာမှ ကိုယ်လုပ်ချင်တဲ့ အရာတွေအားလုံးကို လုပ်နိုင်မှာပါ။ သြစတေးလျတိုက်သူ အသက် ၇၀ အရွယ် Carolyn Hartz က အမြဲကျန်းမာပြီး နုပျိုနေရတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြထားပါတယ်။

Carolyn Hartz က မြေး ၄ ယောက်ရဲ့အဘွား ဖြစ်ပါတယ်။ သူက အရမ်းနုတာကြောင့် သူ့အသက်အမှန်ကို သိသူတိုင်းက အံ့ဩသွားကြပါတယ်။ Carolyn က အသက်ကြီးတယ် ဆိုတဲ့ ဆင်ခြေကို ဘယ်တော့မှ မသုံးပါဘူး။ မကြာသေးခင်ကပဲ တင်းနစ်လည်း ရိုက်ခဲ့ပါသေးတယ်။

သူမ လှနေရတဲ့ လျှို့ဝှက်ချက်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက သကြား၊ အချိုပါတဲ့ အစားအစာတွေကို မစားတော့တာပါ။ ဘာလို့လဲ ဆိုတော့ Carolyn မှာ ဆီးချိုရောဂါ ရှိလို့ပါ။ သကြားဖြတ်ပြီး တစ်နှစ်အကြာမှာ ခန္ဓာကိုယ်ထဲက သကြားဓါတ်က ပုံမှန်ဖြစ်လာပါတယ်။ သူမ ကြိုက်တဲ့အစားအစာတွေအားလုံးကို ရှောင်လိုက်ရလို့ သဘောတော့ မကျခဲ့ပါဘူး။

ချိုတဲ့အစားအစာတွေကို ဘေးမဖြစ်စေဘဲ စားနိုင်မယ့်နည်းလမ်းကို Carolyn တွေ့သွားတဲ့အခါ နို့ဆီအတုကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားပါတော့တယ်။

Carolyn လှပနုပျိုနေရတာ အစားအစာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ Carolyn က တစ်နေ့ကို ၈ နာရီအိပ်ပြီး လမ်းများများ လျှောက်ပါတယ်။ တရားထိုင်ပြီး အားကစား လုပ်ပါတယ်။ အသေးစားပလက်စတစ် ဆာဂျရီလုပ်ဖူးတယ် ဆိုတာကိုတော့ ဝန်ခံထားပါတယ်။

" ဘဝဆိုတာ မပြည့်စုံဘူး။ အရာရာတိုင်းဟာ ထင်ထားသလို ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် အဆင်ပြေပါတယ်။ တစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ချက်ချင်းထလုပ်လိုက်ပါ။ ဘဝတစ်ခု ပြီးဆုံးသွားရင် နောက်ဘဝတစ်ခုကို ထပ်ရှိသေးတယ်လို့ ကျွန်မက ခိုင်ခိုင်မာမာ ယုံတယ်။

ကျွန်မမှာလည်း ခက်ခဲတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်ကတော့ ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိသေးတာပဲလို့ မြင်တတ်သူပါ။ ချက်ချင်းထပြီး မအောင်မြင်မချင်း ပြုလုပ်ပါ" လို့ Carolyn က ပြောပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments