တနင်္ဂနွေ
ဒီတစ်ပတ်အတွင်း မိမိစိတ်တိုင်းကျ ဖန်းတီးခွင့်တွေ ရလာတတ်ပါတယ်။ အဘက်ဘက်က အကူအညီတွေရ လာတတ်ပါတယ်။ စိတ်ကူးထားသမျှအကောင်အထည်ဖော်ဖို့ ငွေအားလူအား ကူညီမဲ့သူတွေ ရှိလာလိမ့်မယ်။ စိတ်ဓာတ် ခွန်အားရစေမဲ့ စကားတွေ ကြားရတတ်ပါတယ်။ လက်ထပ်ဖို့ ရည်ရွယ်ထားသူများ ဒီတစ်ပတ်အတွင်း မင်္ဂလာ ဆောင်ခြင်း ၊မင်္ဂလာလက်မှတ် ရေးထိုးခြင်းများ ပြုသင့်တယ်။ ငွေကြေးထက် မိမိနာမည်ကောင်းရဖို့ကို ဦးစားပေး သင့်တဲ့ ကာလပဲ ဖြစ်ပါတယ်။
အလုပ်ခွင်ထဲ လူမှုရေးကိစ္စတွေ ကြုံလာရင်တော့ မိမိစိတ်သဘော တစ်ခုထဲ မဆုံး ဖြတ်ဘဲ အများသဘောကို ဦးစားပေးလိုက်တာက အကောင်းဆုံးပါပဲ။ အချစ်ရေးကဏ္ဍ အထူးအားကောင်းချိန်လို့ ဆို ရမှာပါ။ အချစ်ရေးကိစ္စ အဆင်ပြေမယ်။ မိမိအပေါ်စိတ်ကောက်နေသူ၊ စကားများပြီး မခေါ်တဲ့ချစ်သူတောင် ပြန်ခေါ် လိမ့် မယ်။ သားသမီးရဲ့ ဇွတ်တရွတ် လုပ်ချင်စိတ်ကို အတင်းအကြပ် မတားပါနဲ့။ တတ်နိုင်သမျှ အချိန်ယူနားဝင်အောင် ပြောပြမှ အဆင်ပြေမဲ့အချိန်ပါပဲ။
စီးပွားရေး အထူးကောင်းမည်။ လက်ဝယ်ရရှိသော အခွင့်အရေးကို လက်လွှတ်မခံ ပါနှင့်။ အိမ်ကိစ္စ ၊အမွေကိစ္စ ၊မြေကိစ္စ များ အဆင်ပြေမည်။ တစ်ခုသတိထားရမှာက လူယုံမထားရ။ အရမ်းရင်းနှီး သူများကြောင့်စိတ်ညစ်ရမည်။ ကိုယ့်ရဲ့ငယ်ကျိုးငယ် နာတွေကို ဖော်တဲ့သူတွေကြောင့် အရှက်ကွဲမည်။ ကျန်းမာရေး အညံ့ နည်းပါတယ်။ အိမ်ထောင်ရေးမှာ သားသမီး အကြောင်းပြုပြီး စကားများရ တတ်ပါတယ်။ ပညာရေးကံညံ့ နေ သည်။
အကျိုးပေးဂဏန်း ဝ၊ ၄၊ ၂
အထူးဟော စုတ်ရော ၊လာဘ်ရော ဝင်မည်။
ယတြာ အုန့်နို့ကျောက်ကျောလေး တစ်ပန်းကန် ဘုရားကပ်ပေးပါ။
တနင်္လာ
အနည်းငယ် အလှုပ်အရှားများမဲ့ ကာလပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီး အထွက်များနေတတ်ပါတယ်။ လူနုန်းနေတာမျိုး၊ သွေးအားနည်းတာမျိုးတွေ ဖြစ်လွယ်တယ်။ မိတ်ဆွေကောင်းတွေက ကူညီချင်ပေမဲ့ သူတို့လဲ အဆင်မပြေတဲ့ ကာလဖြစ်နေတာကို တွေ့ရပါတယ်။ အရာရာ အကုန်အကျ များနေနိုင်ပါတယ်။ စိတ်ညစ်စိတ်ရှုပ်ရမည်။ စိတ်ပန်း လူပန်း ဖြစ်မည်။ အလုပ်ပိုတွေကြောင့် အလုပ်ဒဏ်ပိနေမည်။ လူမှုရေးကိစ္စ မိသားစုကိစ္စတွေ လိုက်လုပ်နေရမည်။
အဓိက ဂရုစိုက်ရမှာက ကျန်းမာရေးပဲ။ ကျန်းမာရေး ဒေါင်ဒေါင်မည်တဲ့သူတောင် ဒီကာလအတွင်း ဖျားနာတတ်တယ်။ ကျန်းမာရေးအတွက်လဲ ငွေထွက်ရနိုင် တာကို တွေ့ရပါတယ်။ ဆောင်းရာသီမို့ အခုမှစပြီး အားကစားစလုပ်သူဆို မတော်တဆ ထိခိုက်မိတတ်တယ်။ မျက်နှာများတဲ့ ချစ်သူကြောင့် စိတ်ညစ်ရမည်။ အောက်လယ်ငယ်သားကြောင့် ဒုက္ခရောက်တတ်တယ်။ အရေးကြီးကိစ္စများ အောက်လက်ငယ်သားတွေကို မျက်နှာလွှဲ မခိုင်းပါနဲ့။
သွေးထွက်သံယို၊ ထိခိုက်ရှနာ ဖြစ်လွယ်တဲ့အတွက် ယာဉ်ကား သတိထားမောင်းနှင်ပါဗျ။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ အကူအညီတွေကြောင့် အစစအရာရာအဆင်ပြေနိုင်ပါတယ်။ ကြွေးရစရာရှိတာများ ဒီကာလမှာ တောင်းရင် ထင်သ လောက် မရတတ်ပါဘူး။ ပညာရေးအတွက် အနည်းငယ် စိတ်ပူပန်စရာတော့ ရှိနေနိုင်ပါတယ်။
အကျိုးပေးဂဏန်း ၁၊ ၇ ၊၅
အထူးဟော ကျန်းမာရေး ညံ့နေမည်။
ယတြာ အိမ်ရှိ လျှပ်စစ်ဝါယာကြိုး အဟောင်းများ၊ အပျက်များ၊ အားသွင်းခေါင်းအစုတ်များ လွှတ်ပစ်လိုက်ပါ။
အင်္ဂါ
အနည်းငယ် စိတ်ရှည်ဖို့ လိုပါတယ်။ ငွေကံကောင်းနေမဲ့ မိမိလိုချင်တဲ့ ပမာဏလောက်တော့ မရနိုင်သေးတဲ့ကာ လပါပဲ။ ငွေကြေးနဲ့ ပတ်သက်ပြီး ရစရာများ ရဖို့ ရှိပါတယ်။ ငွေကတော့ ဝင်ပါလိမ့်မယ်။ ငွေလက်ထဲ ထားရင် ဆီလို အပေါက် ရှာပြီးထွက်သွား လိမ့်မယ်။ အလုပ်စီးပွားတော့ သိပ်မညံ့ပါဘူး။ အတွေးတူတဲ့ မိတ်ဆွေတွေနဲ့ ဆွေးနွေး တိုင်ပင် အကြံယူသင့် တဲ့ နေ့ရက်တွေလဲ ဖြစ်ပါတယ်။ အလုပ်များနေပေမဲ့ ငွေရတဲ့ အလုပ်တော့ မဟုတ်တာကို တွေ့ရပါ တယ်။
တတ်နိုင် သလောက် တစ်ခုခုကို ဇောက်ချလုပ်ကိုင်ပါ။ ဟိုစပ်စပ် ဒီစပ်စပ်လုပ်ရာကနေ ဘယ်အရာမှ မပြီးမြောက်တာမျိုး ဖြစ်ရ တတ်ပါတယ်။ မိတ်များမယ်။ ဖောက်သည်များမယ်။ ဝိုင်းဝန်းကူညီသူ ပေါမယ်။ သတိ ထားရ မှာက မိမိတို့ကိုယ်တိုင် ကဒီကာလမှာ ဒေါသကို လျော့ထားဖို့ အထူးလိုပါတယ်။ ကံကကောင်းလိုက် ဆိုး လိုက် တလှည့်ဆီ ဖြစ်နေမည်။ ဆိုးမလိုနဲ့ ကောင်းသွားတတ်သလို ကောင်းမလိုနဲ့ ဆိုးနေတတ်ပါတယ်။
ဒါပေမဲ့ တစ်ခု ကောင်းတာက လူချစ်လူခင်များမဲ့ ကာလပါပဲ။ စန်းလဲ ပွင့်နေပါတယ်။ အိမ်ထောင်ရေးတော့ စိတ်ညစ်ရ လိမ့်မယ်။ အိမ်ထောင်ဘက်အချင်းချင်း စကားများရမည်။ မောင်နှမတွေ စိတ်ဝမ်းကွဲစရာများ ကြုံလိမ့်မည်။ ပညာရေး ကဏ္ဍ အတွက် စတင်လိုက်တဲ့ ကိစ္စတိုင်း အဆင်ပြေမယ်။ မည်သူအကြံပေးတာမှ လက်မခံပါနဲ့။
အကျိုးပေးဂဏန်း ၂၊ ၄ ၊၆
အထူးဟော ကံသင့်ပါသည်။
ယတြာ ပုဗ္ဗဏှသုတ်တော်ကို တစ်နေ့တစ်ခေါက် တစ်ပတ်တိတိ ရွတ်ပွားပါ.
ဗုဒ္ဓဟူး ၊ ရာဟု
စီးပွားရေး အထူးကောင်းမဲ့ အချိန်ပါပဲ။ လုပ်ငန်းများချဲ့ထွင်ခြင်း အလုပ်အသစ်စတင်ခြင်း အထူးကောင်းပါလိမ့် မယ်။ စိတ်ထဲကောင်းတဲ့ အယူအဆတွေ၊အတွေးအခေါ်တွေ ပေါ်လာတတ်ပါတယ်။ လှမ်းမှားနေသူအတွက် လမ်းမှန် ရောက်အောင်ကံက လမ်းပြပါလိမ့်မယ်။ ကံကလဲ အရမ်းမြင့်မားနေတဲ့ ကာလပါ။ ကောင်းတဲ့ လိုအင်ဆန္ဒတွေ ပြည့်စုံမဲ့အချိန်ပေါ့။ အရင်အပတ်က စိတ်ညစ်စိတ်ရှုပ်ရတဲ့ ကိစ္စတွေ ဒီအပတ်ထဲ လျော့ပါး သက်သာခွင့်တွေ ရလာတာ ကိုတွေ့ရပါတယ်။
ငွေကိုတော့ ချွေတာသုံးပါ ။ငွေကြေးလဲ အဘက်ဘက်က ဝင်လာဖို့ရှိပေမဲ့ မိမိက အပေးအကမ်း ရက်ရောတာ၊ အားနာလို့ ချေးငှားလိုက်တာကနေ ငွေကုန်သွားနိုင်လို့ပါ။ မိမိကျန်းမာရေး အနည်းငယ် အားနည်း နေနိုင်တာ ကိုတွေ့ရပါတယ်။ ရေချိုးမှားခြင်း၊ နေ့လည်နေခင်း အချိန်ကြာမြင့်စွာ အိပ်ရာကနေ ဖျားနာခြင်းများဖြစ်နိုင် တာကို တွေ့ရပါတယ်။ ဆိုင်ခန်းကိစ္စ၊ အိမ်ကိစ္စ၊ အလုပ်ကိစ္စ အခက်အခဲကြုံနေသူများ ပြန်အဆင်ပြေလိမ့်မည်။
စပ်တူ ကိစ္စ၊ ရှယ်ယာကိစ္စများ လုပ်ကိုင်၍ အကျိုးပေးလိမ့်မယ်။ ဘာသာရေးနဲ့ ပတ်သက်သော ပစ္စည်းများ လက်ဆောင်ရ မည်။ ပညာရေးကိစ္စ ၊အင်တာဗျူးကိစ္စ၊စာမေးပွဲကိစ္စ အောင်မြင်လိမ့်မည်။ အချစ်ရေးကံ ကောင်းလာပါ တော့မယ်။ သို့သော် ကျန်းမာရေး ညံ့နေတဲ့ ချစ်သူကြောင့် စိတ်ပူပန်နေရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၃၊ ၅၊ ၇
အထူးဟော ဘာသာတရား များများလုပ်လေ ကံကောင်းလေပါပဲ
ယတြာ ယပ်တောင်တစ်ချောင်းနဲ့ ဘုရားရှစ်ခိုးပြီးတိုင်း ဘုရားရှင်ကို ယပ်တော်သွင်းပါ။
ကြာသပတေး
တတ်နိုင်သမျှ မိမိအနေနဲ့ စတင်ကြံစည်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ တစ်ခုခုကို အသစ်စတင်ခြင်းတွေ အားမပေးပါဘူး။ ငွေကြေးကံက မညံ့ပေမဲ့ မိမိရင်းနှီးမြုပ်နှံမှု မှားယွင်းမှုတွေကြောင့် ဆုံးရှုံးနိုင်ဖွယ်ရှိပါတယ်။ တတ် နိုင်သမျှ ဘယ်ပစ္စည်းမှ ဒီအပတ်ထဲ မလှောင်ရင် အကောင်းဆုံးပဲ။ အချစ်ရေးကိစ္စ ၊ အိမ်ထောင်ရေးကိစ္စ အထူးညံ့ တဲ့ ကာလ ပါ။ ချစ်သူချင်း စကားများ စိတ်ဝမ်းကွဲ ရတတ်ပါ တယ်။ အရင်ကတည်းက လမ်းခွဲရင် ကောင်းမလား တွေးနေတဲ့ ချစ်သူစုံတွဲတွေ အပြီးတိုင် ကွဲသွားတတ်ပါတယ်။
အိမ်ထောင်သည်များ ငွေကိုအကြောင်းပြုပြီး စကားများ ရနိုင်ပါတယ်။ အလုပ်ဒဏ်တွေ ပိနေတတ်တယ်။ အလုပ်ကိစ္စ တွေမှာ မနိုင်ဝန်တွေ ထမ်း နေရတတ်သည်။ အလုပ် နဲ့ပတ်သက်ပြီး လုပ်သလောက် အကျိုးမခံစားရတတ်ပါဘူး။ ဒီအချိန်မှာ စိတ်ပန်းလူပန်းဖြစ် နေရမည်။ ရထားတဲ့ ရာထူးနဲ့ လုပ်ရတဲ့အလုပ်က ပိုများနေလိမ့်မယ်။ ဒေါသဖြစ်စရာ စိတ်ညစ်စရာတွေ ဆက် တိုက်ကြုံရတတ်တဲ့အတွက် သည်းခံနိုင်မှတော်ကာကျမည်။
မိမိအနေနဲ့က ဒီအချိန်မှာခိုက် ရန် ဒေါသဖြစ်စရာ တွေ ကြုံလာနိုင်တဲ့အတွက် အရာရာ ခေါင်းအေးအေးထားပြီး ရှေးတိုး ဆောင်ရွက် ပါ။ပညာရေး နဲ့အသက်မွေးသူများ အလုပ်အပြောင်းအလဲ၊ နေရာအပြောင်းအလဲ၊ ရာထူးအပြောင်းအလဲတွေ ဖြစ်ရတတ်ပါတယ်။ ပညာရေး ကံကောင်းနိုင်ပေမဲ့ မိမိတက်လမ်း အတွက် အတားအဆီးတွေ ကြုံရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၅ ၊၄၊ ၃
အထူးဟော စိတ်ပင်ပန်းရမည်။
ယတြာ ဘဲဥလေးတွေ ပြုတ်ပြီးတော့ ကိုယ်ချစ်တဲ့ ခွေးတစ်ကောင်ကို ချကျွေးလိုက်ပါ။
သောကြာ
မည်သို့ပင်ဆိုစေ စိတ်လိုက်မာန်ပါ ပြန်လည်ပြောဆိုခြင်းများ မပြုလုပ်သင့်ပါဘူး။ အသေးအမွှားစကားလေး တစ်ခွန်း၊ သူတစ်ပါးအပေါ် အသေးအမွှားလောက် body shaming လုပ်လိုက်မိတာကအစ တစ်ဖက်လူက မိမိကို ကြီးစွာသော ရန်ငြိုးဖွဲ့ခြင်း ခံရတတ်ပါတယ်။ ဒီအပတ်ထဲ နားချင်ပေမဲ့ မသွားချင်တဲ့ခရီးတွေ သွားရတတ်ပါတယ်။ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေကြောင့် အိမ်မကပ် ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးလဲ အနည်းငယ်ညံ့နေ တတ်ပါ တယ်။
အုံးလွဲတာ၊ အိပ်ရာပြောင်းလို့ ကိုယ့်လက်မအီမသာ ဖြစ်တာမျိုးတွေ ကြုံရတတ်ပါ တယ်။ အရင်ကတည်းက သွားကိုက်တတ်သူတွေ ဒီကာလ ထိုဝေဒနာပြန်ခံစားရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့အုပ်စုဖွဲ့ တိုက်ခိုက်ခြင်း တွေခံရတတ်ပါတယ်။ ရင်းနှီးသူတွေနဲ့ စကားများ ခွဲခွာရမဲ့ အချိန်ပါပဲ။ အချစ်ရေးကိစ္စတွေလဲ အဆင်မပြေကြုံ ရတတ်ပါတယ်။ သို့သော် ချစ်သူဆီက ငွေကြေးအကူအညီမျိုးတော့ ရတတ်ပါတယ်။
ရတာနဲ့အပြောခံရတာနဲ့ မကာမိ တာ မျိုးတော့ဖြစ်လိမ့်မယ်။ ရည်မှန်းချက်တွေ မျော်လင့်ထားတာတွေ အထစ်အငေါ့ ကြုံပြီးမှ အဆင်ပြေလိမ့်မယ်။ ဒါကြောင့် ဒီအပတ်ထဲမှာတော့ စိတ်ရှည်သည်းခံဖို့ အထူးလိုပါတယ်။ စက်ပစ္စည်းများ လျှပ်စစ်ပစ္စည်းများ အဝင် မခံသင့်တဲ့ ကာလ ပါပဲ။ ခရီးဝေးကိစ္စ နိုင်ငံခြားကိစ္စ ခဏဆိုင်းထားသင့်တဲ့ ကာလပါပဲ။ ပညာရေးကံ အထူးကောင်းနေ ပါ လိမ့် မယ်။
အကျိုးပေးဂဏန်း ၁၊ ၄၊ ၈
အထူးဟော အနည်းငယ်တော့ စိတ်လက်မအီမသာ ဖြစ်ရတတ်ပါတယ်။
ယတြာ တတ်နိုင်သမျှ ရေအလှူလေးတွေ များများလုပ်ပါ။
စနေ
ကံကောင်းခြင်းတွေ မိမိဆီ ရောက်လာနေပါပြီ။ စိတ်တူသဘောတူ လုပ်ဖော်ကိုင်ဖက်တွေကြောင့် လုပ်ငန်းခွင် စိတ်ချမ်းသာခွင့်ရလာမဲ့ ကာလပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီး ထီပေါက်တာမျိုး၊ ငွေအစုလိုက်ဝင်တာမျိုးတွေ ဒီကာလ မှာကြုံရဖွယ် ရှိနေပါတယ်။ အလုပ်စီးပွားတိုးတတ်မည်။ မိမိတန်ဖိုးထားတဲ့အရာများ မိမိလက်ဝယ်ရောက်ရှိမည်။ ရတနာဝင်မည်။ အနာဂတ်အကျိုးစီးပွားအတွက်ခိုင်မာစွာ ဆုံးဖြတ်ချက်ချသင့်တဲ့ ကာလပါ။
အလုပ်ရှာနေသူများ အလုပ်ရမည်။ အင်တာဗျူးဖြေထားသူများ အောင်လိမ့်မည်။ အထက်လူကြီး မစမည်။ ဖခင်ဘက်က အမျိုးတွေဆီက အကူအညီတွေရမည်။ တစ်ကိုယ်ကောင်းဆန်တဲ့စိတ် ဖြစ်ပေါ်လာနိုင်တဲ့ အချိန်ပါပဲ။ ဒါကြောင့်ပဲ ရန်များတတ်ပါတယ်။ မိသားစုအတွင်း အမိန့်ဆန်ဆန် ပြောဆိုမှုကြောင့် စကားအခြေအတင် ဖြစ်ရလိမ့်မယ်။ ဘာသာရေးကိစ္စ၊ တရားအား ထုတ်ခြင်း၊ ဝိပဿနာပွားများခြင်းများ ဒီကာလမှာ ထူးခြားတဲ့ အသိဉာဏ်စဉ်တွေ ရလာတတ်ပါ တယ်။
တရား မမေ့သူများ တရားတွေ့နိုင်တဲ့ ကာလပါပဲ။ အချစ်ရေးအတွက် အားနည်း ချက်တွေကို ပြုပြင် နိုင်ပါလိမ့်မယ်။ အချစ် ကြောင့် မိမိစိတ်တွေ ပြောင်းလဲလာမဲ့ ကာလပါ။ ကျန်းမာရေး အညံ့အဆိုးတွေ လျော့သွားပါလိမ့်မယ်။ သမားတော် ကောင်း၊ ဆေးဝါးကောင်းတွေနဲ့ တွေ့ရလိမ့်မယ်။ ပညာရေး ကံကောင်းနေပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၆၊ ၄၊ ၁
အထူးဟော ကံကောင်းနေမည်
ယတြာ အကြီးအကဲတွေကို ဆံပင်အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ ဘီးတို့၊ ကလစ်တို့၊ ဆံညှပ်တို့ လက်ဆောင်ပေး လိုက်ပါ။
၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)
0 Comments