အသင့်စားခေါက်ဆွဲခြောက်တွေ စားပြီးတဲ့အခါ ခန္ဓာကိုယ်မှာ ပြောင်းလဲလာမယ့်အချက်များ

ချက်ပြုတ်ရတာလွယ်ကူပြီး မြန်မြန်ဆန်ဆန် စားနိုင်တာကြောင့် အသင့်စားခေါက်ဆွဲခြောက်တွေကို လူအများစုက စားသုံးလာကြပါတယ်။ အသင့်စားခေါက်ဆွဲခြောက်တွေကို တစ်ခါတရံမှာစားသုံးတာက ကိစ္စမရှိပေမယ့် နေ့တိုင်းစားတဲ့အခါမှာတော့ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ ဒီနေ့မှာတော့ အသင့်စားခေါက်ဆွဲခြောက်တွေကို စားပြီး ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

- ခေါက်ဆွဲခြောက်ကို စားတဲ့အခါ တစ်နေ့တာလိုအပ်တဲ့ ဆိုဒီယမ်ဓါတ်က တစ်ခါတည်းနဲ့ အကုန်ရရှိပြီး ဖြစ်သွားပါတယ်။ ခေါက်ဆွဲခြောက်တွေမှာ အများအားဖြင့် ဆားနဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ ပါဝင်ပါတယ်။ ဆားနဲ့ ကာဗွန်ဟိုက်ဒရိတ်က လိုအပ်သလောက်ပဲ စားသင့်ပြီး များများစားရင်တော့ ကျန်းမာရေးကို ထိခိုက်စေမှာပါ။ ပြီးတော့ အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ဗီတာမင်၊ အမျှင်ဓါတ်နဲ့ သတ္ထုဓါတ်တွေ မပါဝင်ပါဘူး။

- ခေါက်ဆွဲခြောက်တွေ စားပြီးရင် လေပွသလို၊ အစာမကြေသလို ခံစားရပါတယ်။ ပြီးတော့ ခေါက်ဆွဲခြောက်ကြောင့် ကိုယ်အလေးချိန်လည်း တက်လာမှာပါ။

- အသင့်စား ခေါက်ဆွဲခြောက်တွေက အစာအိမ်ထဲမှာ အချိန်အကြာကြီး ရှိနေပါတယ်။ ရိုးရိုးခေါက်ဆွဲတွေကတော့ အစာအိမ်ထဲမှာ အကြာကြီးရှိမနေပါဘူး။ လတ်ဆတ်တဲ့ ရိုးရိုးခေါက်ဆွဲတွေက အစာချေပြီး ၂ နာရီကြာရင် အစာအိမ်ထဲမှာ မရှိတော့ပါဘူး။ အသင့်စားခေါက်ဆွဲတွေကတော့ ၂ နာရီကြာမှ အစာချေဖို့ စတင်တာပါ။

-အသင့်စားခေါက်ဆွဲတွေကြောင့် ပိုပြီး နေမကောင်းဖြစ်လာပါတယ်။ လေ့လာချက်တွေအရ တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ်ခန့် အသင့်စား ခေါက်ဆွဲတွေစားတဲ့ အမျိုးသမီးတွေက ပိုပြီးဖျားနာနိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် ဆီးချိုနဲ့ နှလုံးရောဂါကိုလည်း ဖြစ်စေပါသေးတယ်။ ခေါက်ဆွဲခြောက်မှာ ပါဝင်တဲ့ MSG က ခေါင်းကိုက်ပြီး ကိုယ်လက်မအီမသာလည်း ဖြစ်စေမှာပါ။

- အသင့်စားခေါက်ဆွဲခြောက်ရဲ့ နောက်ထပ် ဆိုးကျိုးတစ်ခုကတော့ အမြင်အာရုံတွေ ဝေဝါးလာတာပါ။ အသင့်စား ခေါက်ဆွဲခြောက်တွေကို အချိန်ကြာကြာထားနိုင်အောင် ပြုလုပ်ထားတာကြောင့် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေ ပါဝင်ပါတယ်။ သူ့ရဲ့ဘေးထွက်ဆိုးကျိုး တစ်ခုကတော့ အမြင်အာရုံ ဝေဝါးလာတာပါ။

- အသင့်စားခေါက်ဆွဲခြောက်ထဲမှာပါဝင်တဲ့ အထုပ်ငယ်လေးတွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ သင်က ခေါက်ဆွဲခြောက်ကို အရမ်းကြိုက်သူဆိုရင်တော့ အရသာကို ကိုယ်တိုင်ပြင်ဆင်ပြီးမှသာ စားသင့်ပါတယ်။ အထုပ်ငယ်လေးတွေမှာ ပါဝင်တဲ့ MSG က ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလို့ပါ။

- ခေါက်ဆွဲခြောက်ထက် လတ်ဆတ်တဲ့ အစားအစာက ပိုကောင်းပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်တွေက အာဟာရ မဖြစ်စေတဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေပါသေးတယ်။ အဲဒါကြောင့် သင်က ခေါက်ဆွဲခြောက် ကြိုက်တတ်သူဆိုရင် အကန့်အသတ်နဲ့သာ စားသုံးပြီး ခေါက်ဆွဲခြောက်နေရာမှာ အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုခုကို အစားထိုးသင့်ပါတယ်။

Zombie (lovemedia)

for zawgyi

အသင့္စားေခါက္ဆြဲေျခာက္ေတြ စားၿပီးတဲ့အခါ ခႏၶာကိုယ္မွာ ေျပာင္းလဲလာမယ့္အခ်က္မ်ား

ခ်က္ျပဳတ္ရတာလြယ္ကူၿပီး ျမန္ျမန္ဆန္ဆန္ စားႏိုင္တာေၾကာင့္ အသင့္စားေခါက္ဆြဲေျခာက္ေတြကို လူအမ်ားစုက စားသုံးလာၾကပါတယ္။ အသင့္စားေခါက္ဆြဲေျခာက္ေတြကို တစ္ခါတရံမွာစားသုံးတာက ကိစၥမရွိေပမယ့္ ေန႔တိုင္းစားတဲ့အခါမွာေတာ့ က်န္းမာေရးကို ထိခိုက္လာေစပါတယ္။ ဒီေန႔မွာေတာ့ အသင့္စားေခါက္ဆြဲေျခာက္ေတြကို စားၿပီး ခႏၶာကိုယ္မွာ ဘာေတြျဖစ္လာမလဲ ဆိုတာကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

- ေခါက္ဆြဲေျခာက္ကို စားတဲ့အခါ တစ္ေန႔တာလိုအပ္တဲ့ ဆိုဒီယမ္ဓါတ္က တစ္ခါတည္းနဲ႔ အကုန္ရရွိၿပီး ျဖစ္သြားပါတယ္။ ေခါက္ဆြဲေျခာက္ေတြမွာ အမ်ားအားျဖင့္ ဆားနဲ႔ ကာဗြန္ဟိုက္ဒရိတ္ေတြ ပါဝင္ပါတယ္။ ဆားနဲ႔ ကာဗြန္ဟိုက္ဒရိတ္က လိုအပ္သေလာက္ပဲ စားသင့္ၿပီး မ်ားမ်ားစားရင္ေတာ့ က်န္းမာေရးကို ထိခိုက္ေစမွာပါ။ ၿပီးေတာ့ အသင့္စား ေခါက္ဆြဲေျခာက္ေတြမွာ ဗီတာမင္၊ အမွ်င္ဓါတ္နဲ႔ သတၳဳဓါတ္ေတြ မပါဝင္ပါဘူး။

- ေခါက္ဆြဲေျခာက္ေတြ စားၿပီးရင္ ေလပြသလို၊ အစာမေၾကသလို ခံစားရပါတယ္။ ၿပီးေတာ့ ေခါက္ဆြဲေျခာက္ေၾကာင့္ ကိုယ္အေလးခ်ိန္လည္း တက္လာမွာပါ။

- အသင့္စား ေခါက္ဆြဲေျခာက္ေတြက အစာအိမ္ထဲမွာ အခ်ိန္အၾကာႀကီး ရွိေနပါတယ္။ ႐ိုး႐ိုးေခါက္ဆြဲေတြကေတာ့ အစာအိမ္ထဲမွာ အၾကာႀကီးရွိမေနပါဘူး။ လတ္ဆတ္တဲ့ ႐ိုး႐ိုးေခါက္ဆြဲေတြက အစာေခ်ၿပီး ၂ နာရီၾကာရင္ အစာအိမ္ထဲမွာ မရွိေတာ့ပါဘူး။ အသင့္စားေခါက္ဆြဲေတြကေတာ့ ၂ နာရီၾကာမွ အစာေခ်ဖို႔ စတင္တာပါ။

-အသင့္စားေခါက္ဆြဲေတြေၾကာင့္ ပိုၿပီး ေနမေကာင္းျဖစ္လာပါတယ္။ ေလ့လာခ်က္ေတြအရ တစ္ပတ္ကို အနည္းဆုံးႏွစ္ႀကိမ္ခန႔္ အသင့္စား ေခါက္ဆြဲေတြစားတဲ့ အမ်ိဳးသမီးေတြက ပိုၿပီးဖ်ားနာႏိုင္ေျခ ပိုမ်ားပါတယ္။ ဒါ့အျပင္ ဆီးခ်ိဳနဲ႔ ႏွလုံးေရာဂါကိုလည္း ျဖစ္ေစပါေသးတယ္။ ေခါက္ဆြဲေျခာက္မွာ ပါဝင္တဲ့ MSG က ေခါင္းကိုက္ၿပီး ကိုယ္လက္မအီမသာလည္း ျဖစ္ေစမွာပါ။

- အသင့္စားေခါက္ဆြဲေျခာက္ရဲ႕ ေနာက္ထပ္ ဆိုးက်ိဳးတစ္ခုကေတာ့ အျမင္အာ႐ုံေတြ ေဝဝါးလာတာပါ။ အသင့္စား ေခါက္ဆြဲေျခာက္ေတြကို အခ်ိန္ၾကာၾကာထားႏိုင္ေအာင္ ျပဳလုပ္ထားတာေၾကာင့္ ခႏၶာကိုယ္အတြက္ အဆိပ္အေတာက္ျဖစ္ေစတဲ့ အရာေတြ ပါဝင္ပါတယ္။ သူ႔ရဲ႕ေဘးထြက္ဆိုးက်ိဳး တစ္ခုကေတာ့ အျမင္အာ႐ုံ ေဝဝါးလာတာပါ။

- အသင့္စားေခါက္ဆြဲေျခာက္ထဲမွာပါဝင္တဲ့ အထုပ္ငယ္ေလးေတြကလည္း က်န္းမာေရးနဲ႔ မညီၫြတ္ပါဘူး။ သင္က ေခါက္ဆြဲေျခာက္ကို အရမ္းႀကိဳက္သူဆိုရင္ေတာ့ အရသာကို ကိုယ္တိုင္ျပင္ဆင္ၿပီးမွသာ စားသင့္ပါတယ္။ အထုပ္ငယ္ေလးေတြမွာ ပါဝင္တဲ့ MSG က က်န္းမာေရးကို ဆိုးဆိုးဝါးဝါး ထိခိုက္ေစလို႔ပါ။

- ေခါက္ဆြဲေျခာက္ထက္ လတ္ဆတ္တဲ့ အစားအစာက ပိုေကာင္းပါတယ္။ အသင့္စား ေခါက္ဆြဲေျခာက္ေတြက အာဟာရ မျဖစ္ေစတဲ့အျပင္ က်န္းမာေရးကိုလည္း ထိခိုက္ေစပါေသးတယ္။ အဲဒါေၾကာင့္ သင္က ေခါက္ဆြဲေျခာက္ ႀကိဳက္တတ္သူဆိုရင္ အကန႔္အသတ္နဲ႔သာ စားသုံးၿပီး ေခါက္ဆြဲေျခာက္ေနရာမွာ အာဟာရျပည့္ဝတဲ့ အစားအစာတစ္ခုခုကို အစားထိုးသင့္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments