နှာစေးတတ်ဖို့ လိုပါတယ်

တခါတုန်းက တောအုပ်တခုထဲမှာ ခြင်္သေ့ကြီး တကောင် အုပ်စိုးတယ်။ ခြင်္သေ့မင်း ဆိုပေမယ့် သူ့မှာ ဘာတပည့်သားမှ မရှိ။ တနေ့မှာတော့ ခြင်္သေ့ကြီးက "ငါဟာ ဒီတောရဲ့ ဘုရင် ဖြစ်ပေမယ့် ငါ့မှာ အခြွေရံလည်း မရှိပါလား" လို့ တွေးမိပြီး အခြွေအရံ မွေးရန် တောထဲမှာ လိုက်ရှာနေတယ်။

ထိုအခါ ပျားအုံကို ဖွတ်ပြီး စားသောက်နေတဲ့ဝက်ဝံကြီးကို သွားတွေ့တယ်။ ပျားကောင်တွေ ပလူပျံနေပေမယ့် အစားမပျက်သော ဝက်ဝံကြီးကိုကြည့်ပြီး။ "အင်း ဝက်ဝံက တော်တော် အရည်ထူတာပဲ၊ ပျားတုတ်တာတောင် မဖြုံဘူး ငါသူ့ကို တပည့်မွေးရမယ်" ဟု တွေးပြီး ဝက်ဝံကြီးကို ခေါ်ပြီး တပည့်အဖြစ် လုပ်ရန် ပြောလိုက်တယ်။ ဝက်ဝံကြီး ကလည်း တောဘုရင် ခြင်္သေ့ကို ကြောက်တော့ ခြင်္သေ့နောက်ကို လိုက်ပါလာခဲ့တယ်။

နောက်တနေရာ ရောက်တော့ သရက်ပင်ပေါ်မှာ သရက်သီးတွေကို မိုးရွာသလို လှုပ်ခါချနေတဲ့ မျောက်တကောင်ကို တွေ့တယ်။ ခြင်္သေ့ကြီးကလည်း "အသင်မျောက် သိပ်စွမ်းပါလား၊ အသင့်ကို ကျုပ် တပည့်အဖြစ် မွေးမယ် ကျုပ်နဲ့ လာနေပါ" လို့ လှမ်းအော်ပြော လိုက်တယ်။ မျောက်ကလည်း "အဲ့လိုမှန်းသိ ကျွန်တော် အမြစ်ပါ လှန်ပြပါတယ်" လို့ ခပ်ကြွားကြွားလေး ပြန်ပြောလိုက်လေတယ်။

ဘာပဲဖြစ်ဖြစ် ခြင်္သေ့ရဲ့ တပည့်ဖြစ်သွားရင် သူစားတာတော့ မခံရတော့ဘူး။ တခြား အကောင်တွေလည်း ခြင်္သေ့အရှိန်ဝါနဲ့ ရန်မမူရဲတော့ဘူးဆိုတဲ့ အသိနဲ့ ခြင်္သေ့မင်းရဲ့ တပည့်အဖြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူလိုက်ကြတယ်။

"အင်း ငါ့မှာ တပည့်နှစ်ယောက်တော့ အားကိုးလို့ရပြီ၊ နောက်ထပ် ကိစ္စတခုခုကို တိုင်ပင်ဆွေးနွေးဖို့ နောက်ထပ် တယောက်လောက် ရှာရမယ်" လို့ ခြင်္သေ့က ပြောတော့ မျောက်က "တောထဲမှ ပညာအရှိဆုံးက ဇီးကွက်ပါ၊ ဇီးကွက်ကို ခေါ်လိုက်ပါ" လို့ အကြံပေးလေတယ်။ ထိုအခါ ခြင်္သေ့က "ဇီးကွက်က ညမင်းသား ညမှသာ အလုပ်လုပ်တဲ့ကောင်၊ ပြီးရင် အခေါင်းထဲက မထွတ်တဲ့ ငပျင်း" လို့ ပြန်ပြောတယ်။ ဝက်ဝံကလည်း "ဒီလိုဆို ယုန်ကို ခေါ်လိုက်ပါ၊ ယုန်က ပညာရှိတယ်"

"မဖြစ်လောက်ဘူး ယုန်က အရေးကြောင်းဆို အသည်းငယ်တယ် ကြောက်လန့်တတ်တယ်။ ပြီးရင် ဟိုပုန်း ဒီပုန်းနဲ့ နောက်တော့ သူမဟုတ်သလိုပဲ" ဟု ခြင်္သေ့က ပြောလေတယ်။ မျောက်ကလည်း "ခြင်္သေ့မင်းကြီး အဲ့ဒါ ပညာရှိတွေရဲ့ သဘောသဘာဝပဲ ပညာရှိဆိုတာ အဲ့လိုပဲ" ဟု ဝင်ပြောရင်း နောက်ဆုံး ယုန်ကို အတိုင်ပင်ခံနေရာ ထားဖို့ သဘောတူလိုက် ကြလေတယ်။

ခြင်္သေ့မင်းကြီးကလည်း "သူဟာ တောဘုရင် ဖြစ်တယ်၊ ဒီတောထဲမှာ ရှိတဲ့ သတ္တဝါတွေအားလုံး သူ့အမိန့်တိုင်း နေရမယ်၊ သူလည်း တရားမျှတစွာ အုပ်ချုပ်မယ်" လို့ ပြောတယ်။ ခြင်္သေ့ဆိုတာ အသားစား သတ္တဝါ ဖြစ်တယ်။ သူက ချေတို့ သမင်တို့ကို သတ်စားမယ် လုပ်တိုင်း ဝက်ဝံ မျောက်နဲ့ ယုန်တို့က "မလုပ်သင့်ဘူး။ ဘုရင် ဆိုတာ အနိုင်မကျင့်ရဘူး၊ တရားမျှတမှု ရှိရတယ်၊ ပြည်သူကို မနှိပ်စက်ရဘူး" စသဖြင့် အမျိုးမျိုး တားလေသည်။

အဲ့လို တားပါ များလာတော့ ခြင်္သေ့ကြီးက "အင်း ဒီတိုင်းသာ သူတို့ကို ငါ့အနားမှာ ဆက်ထားနေရင် ငါစားချင်တာ မစားရ လုပ်ချင်တာ မလုပ်ရတော့ ဖြစ်တော့မယ်" ဟု တွေးမိပြီး အကြံတခု ကြံစည်လိုက်တယ်။ ထိုအကြံကတော့ သူမေးတာကို အမှန်တိုင်း ဖြေဖို့ပါ။ သူဟာ အကြံနဲ့ လုပ်တာ ဆိုတော့ သူ့နားမှာ ရှိတဲ့ ဝက်ဝံ မျောက်နဲ့ ယုန်တို့ကို အရင်မေးလေတယ်။

"ကဲ ဝက်ဝံ ရှေ့ကိုတိုးစမ်း၊ ငါမေးတာကို အမှန်တိုင်းဖြေ၊ မဖြေရင် သေဖို့ပြင်" ဟု ပြောကာ သူ့ရဲ့ ပါးစပ်ကြီးကို အကျယ်ကြီး ဟပြီး "ငါ့ရဲ့ ရွှေအာခံတွင်းတော်က ဘာအနံ့ ရသလဲ မှန်မှန်ဖြေပါ" ဟု ပြောလေတယ်။ ဝက်ဝံလည်း ခြင်္သေ့ရဲ့ ပါးစပ်အဝသို့ နှာခေါင်းကို ထိုးသွင်းပြီး ရှုလိုက်တယ်။

"မှန်လှပါ၊ ခြင်္သေ့မင်းရဲ့ အာခံတွင်းတော်ဟာ ၇ ရက်လောက် ပုပ်နေတဲ့ ခွေးသေပုပ်ကောင်ရဲ့ အနံ့လို နံစော်လှပါတယ်" လို့ ဖြေလိုက်တယ်။ ထိုအခါ အကြံသမား ခြင်္သေ့က "ဘာ၊ ငါ့ရွှေအာခံတွင်းက ခွေးသေပုပ်ကောင်စော် နံတယ် ဟုတ်လား" ဟု ဒေါသကြီးကာ ဝက်ဝံပေါ်သို့ ခုန်အုပ်ပြီး သတ်ပစ်လိုက်တယ်။ ပြီးတော့ မျောက်ကို ခေါ်လေတယ်။

သူ့ရဲ့ ပါးစပ်ကို ဟ ပြီး ဘာအနဲ့ရသလဲ ထပ်မေးတယ်။ မျောက်လည်း အမှန်တိုင်း ပြောရင်လည်း ဝက်ဝံလို အသတ်ခံရမည်။ အဲ့တော့ အမှန်တိုင်းတော့ ပြောလို့ မရဘူးဟု တွေးပြီး ခြင်္သေ့ရဲ့ ပါးစပ်ကို အနံခံပြီး "ခြင်္သေမင်းကြီးရဲ့ ရွှေအာခံတွင်းတော်က ပန်းပေါင်းစုံ စုတေထားသလို ပန်းရနံ့ ပေါင်းစုံတို့ရဲ့ ရနံ့ကို ရပါတယ်ခင်ဗျ" လို့ ဖားပြီး ပြောလိုက်လေတယ်။

ထိုအခါမှာလည်း ခြင်္သေ့က စိတ်အလွန်ဆိုးပြီး "မင်းက လိမ်ကကျစ်ပဲ၊ တော်တော်ညာတဲ့မျောက်၊ တော်တော် ဖားတဲ့မျောက်၊ အဲ့လို ဖားတဲ့ကောင်တွေကြောင့် လူကြီးတွေ စောက်ကျင့် ပါကုန်တာ။ အသားစားတဲ့ ပါးစပ်က ပန်းရနံ့ ရတယ်ဆို လိမ်တာပဲ" ဟု ပြောပြီး မျောက်ကိုလည်း လည်ပင်းညှစ်ကိုင်ပေါက် သတ်ပစ်လိုက်တယ်။

ခြင်္သေ့ကြီးက အကြံနှင့် ပြောနေခြင်း ဖြစ်သည်။ သူ အသားစားချင်တာကို လိုက်တားနေသော သူ့တပည့်တွေ ဒီတိုင်း အပြစ်မဲ့ သတ်ပစ်ရင်လည်း တောဘုရင် မတရားရာ ရောက်မှာစိုးလို့ တရားသောနည်းနဲ့ သတ်ဖို့ အကြံစည်နဲ့ မေးခြင်း ဖြစ်သည်။ နောက်ဆုံး ယုန်သာ ကျန်သည်။ ယုန်မှာလည်း ခြင်္သေ့ကို အလွန်ကြောက်နေသည်။ မှန်တဲ့အတိုင်း နံတယ် ပြောရင်လည်း သတ်ခံရမည်။ မနံဘူး မွှေးတယ် ပြောရင်လည်း သတ်ခံရမည်။

"ယုန်၊ ရှေ့တိုး ပြော ငါ့ပါးစပ်က ဘာနံ့ရသလဲ" ယုန်လည်း ဘယ်လို လုပ်ရမည်မသိ အလွန် အကြံအိုက် နေသည်။ တရှုံ့ရှုံ့ အနံ့ခံ နေပေမယ့် ဘာနံ့ရသည်ကို မပြောရဲချေ။ ခနနေတော့ ယုန်က အကြံတခု ရသွားသည်။ နှာစေးချင်ယောင် ဆောင်လိုက်သည်။ တရွှီးရွှီးနှင့် နှာရှုံ့ရင်း

"ခြင်္သေ့မင်းကြီး ကျွန်တော် ခြင်္သေ့မင်းကို လိမ်ညာ မပြောချင်ပါဘူး။ ခုခြင်္သေ့မင်းကြီး အာခံတွင်းတော်ကို ကျွန်တော်မျိုး အနံ့ ခံကြည့်ပေမယ့် ကျွန်တော်မျိုး နှာစေးနေသောကြောင့် ဘာအနံ့မှ မရ ဖြစ်နေပါတယ်။ ကျွန်တော်မျိုးကို အခွင့်ရေးတခုတော့ ပေးပါ။ ကျွန်တောမျိုး နှာစေးပျောက်အောင် အရင် ဆေးကုပြီးမှ ပြန်လာခဲ့ပါ့မယ်" ဟု ပြောသောအခါ ခြင်္သေ့မှာ တရားသဘောအရ လက်ခံပေးလိုက် ရလေသည်။

"အေး ဒါဆိုလည်း မြန်မြန်ဆေးသွားကု၊ ပြီးရင် ပြန်လာခဲ့" ဟု ပြောကာ ယုန်ကို ပြန်လွတ်လိုက် လေသည်။ အဲ့နေ့ကစပြီး ယုန်ဟာ အသက်ဘေးမှ ချမ်းသာရာရပြီး ထွတ်ပြေးလေတော့သည်။

ပုံပြင်လေးကတော့ ဒါပါပဲ။ တချို့သော လူတွေ၊ အကြီးကဲတွေဟာ သူတို့လိုရင် အနားကို ခေါ်ထားကြတယ်။ မလိုချင်တော့ရင် သူတို့ အလိမ်ညာ မသမာတာတွေ ပေါ်ကုန်မှာစိုးသော အခြေနေမျိုးမှာ မိမိကို အကြောင်းမရှိ အကြောင်းရှာ ပြဿနာ တခုခုနဲ့ နှိမ်နင်းတတ် ကြပါတယ်။ အဲ့လို အခြေနေမျိုးတွေမှာ မှန်တာလည်း ပြောမရရသလို မမှန်တာ ပြောရင်လည်း အရေးယူတာ ခံရပါမယ်။ နောက်ဆုံး အကျပ်တည်း ဘဝကို ရင်ဆိုင်နေရ ရင်တော့ ယုန်သူငယ်လို နှာစေးတတ်ဖို့တော့ လိုပါတယ်။

လောကကြီးမှာ နှာစေးတတ်ဖို့ အင်မတန် အရေးကြီးတယ် လို့ မြင်ပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း မကြာခဏ ဆိုသလိူ နှာစေးချင်ယောင်ဆောင်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် မှန်တာ ပြောရင်လည်း ထောင်းခံရမယ် ။ မမှန်တာ ပြောရင်လည်း အရေးယူခံရတော့မယ့် အခြေနေမျိုးပါ ကိုယ့်ရဲ့ ဖြတ်ထိုးဉာဏ်ကို အသုံးပြုပြီး နှာစေးတတ်ဖို့ လိုကြောင်း ဒီပုံပြင်လေးက သတိပေးနေပါတယ်။

crd

Zawgyi

ႏွာေစးတတ္ဖို့ လိုပါတယ္

တခါတုန္းက ေတာအုပ္တခုထဲမွာ ျခေသၤ့ႀကီး တေကာင္ အုပ္စိုးတယ္။ ျခေသၤ့မင္း ဆိုေပမယ့္ သူ႔မွာ ဘာတပည့္သားမွ မရွိ။ တေန႔မွာေတာ့ ျခေသၤ့ႀကီးက "ငါဟာ ဒီေတာရဲ႕ ဘုရင္ ျဖစ္ေပမယ့္ ငါ့မွာ အေႁခြရံလည္း မရွိပါလား" လို႔ ေတြးမိၿပီး အေႁခြအရံ ေမြးရန္ ေတာထဲမွာ လိုက္ရွာေနတယ္။

ထိုအခါ ပ်ားအုံကို ဖြတ္ၿပီး စားေသာက္ေနတဲ့ဝက္ဝံႀကီးကို သြားေတြ႕တယ္။ ပ်ားေကာင္ေတြ ပလူပ်ံေနေပမယ့္ အစားမပ်က္ေသာ ဝက္ဝံႀကီးကိုၾကည့္ၿပီး။ "အင္း ဝက္ဝံက ေတာ္ေတာ္ အရည္ထူတာပဲ၊ ပ်ားတုတ္တာေတာင္ မၿဖဳံဘူး ငါသူ႔ကို တပည့္ေမြးရမယ္" ဟု ေတြးၿပီး ဝက္ဝံႀကီးကို ေခၚၿပီး တပည့္အျဖစ္ လုပ္ရန္ ေျပာလိုက္တယ္။ ဝက္ဝံႀကီး ကလည္း ေတာဘုရင္ ျခေသၤ့ကို ေၾကာက္ေတာ့ ျခေသၤ့ေနာက္ကို လိုက္ပါလာခဲ့တယ္။

ေနာက္တေနရာ ေရာက္ေတာ့ သရက္ပင္ေပၚမွာ သရက္သီးေတြကို မိုး႐ြာသလို လႈပ္ခါခ်ေနတဲ့ ေမ်ာက္တေကာင္ကို ေတြ႕တယ္။ ျခေသၤ့ႀကီးကလည္း "အသင္ေမ်ာက္ သိပ္စြမ္းပါလား၊ အသင့္ကို က်ဳပ္ တပည့္အျဖစ္ ေမြးမယ္ က်ဳပ္နဲ႔ လာေနပါ" လို႔ လွမ္းေအာ္ေျပာ လိုက္တယ္။ ေမ်ာက္ကလည္း "အဲ့လိုမွန္းသိ ကြၽန္ေတာ္ အျမစ္ပါ လွန္ျပပါတယ္" လို႔ ခပ္ႂကြားႂကြားေလး ျပန္ေျပာလိုက္ေလတယ္။

ဘာပဲျဖစ္ျဖစ္ ျခေသၤ့ရဲ႕ တပည့္ျဖစ္သြားရင္ သူစားတာေတာ့ မခံရေတာ့ဘူး။ တျခား အေကာင္ေတြလည္း ျခေသၤ့အရွိန္ဝါနဲ႔ ရန္မမူရဲေတာ့ဘူးဆိုတဲ့ အသိနဲ႔ ျခေသၤ့မင္းရဲ႕ တပည့္အျဖစ္ကို ေက်ေက်နပ္နပ္ႀကီး ခံယူလိုက္ၾကတယ္။

"အင္း ငါ့မွာ တပည့္ႏွစ္ေယာက္ေတာ့ အားကိုးလို႔ရၿပီ၊ ေနာက္ထပ္ ကိစၥတခုခုကို တိုင္ပင္ေဆြးေႏြးဖို႔ ေနာက္ထပ္ တေယာက္ေလာက္ ရွာရမယ္" လို႔ ျခေသၤ့က ေျပာေတာ့ ေမ်ာက္က "ေတာထဲမွ ပညာအရွိဆုံးက ဇီးကြက္ပါ၊ ဇီးကြက္ကို ေခၚလိုက္ပါ" လို႔ အႀကံေပးေလတယ္။ ထိုအခါ ျခေသၤ့က "ဇီးကြက္က ညမင္းသား ညမွသာ အလုပ္လုပ္တဲ့ေကာင္၊ ၿပီးရင္ အေခါင္းထဲက မထြတ္တဲ့ ငပ်င္း" လို႔ ျပန္ေျပာတယ္။ ဝက္ဝံကလည္း "ဒီလိုဆို ယုန္ကို ေခၚလိုက္ပါ၊ ယုန္က ပညာရွိတယ္"

"မျဖစ္ေလာက္ဘူး ယုန္က အေရးေၾကာင္းဆို အသည္းငယ္တယ္ ေၾကာက္လန႔္တတ္တယ္။ ၿပီးရင္ ဟိုပုန္း ဒီပုန္းနဲ႔ ေနာက္ေတာ့ သူမဟုတ္သလိုပဲ" ဟု ျခေသၤ့က ေျပာေလတယ္။ ေမ်ာက္ကလည္း "ျခေသၤ့မင္းႀကီး အဲ့ဒါ ပညာရွိေတြရဲ႕ သေဘာသဘာဝပဲ ပညာရွိဆိုတာ အဲ့လိုပဲ" ဟု ဝင္ေျပာရင္း ေနာက္ဆုံး ယုန္ကို အတိုင္ပင္ခံေနရာ ထားဖို႔ သေဘာတူလိုက္ ၾကေလတယ္။

ျခေသၤ့မင္းႀကီးကလည္း "သူဟာ ေတာဘုရင္ ျဖစ္တယ္၊ ဒီေတာထဲမွာ ရွိတဲ့ သတၱဝါေတြအားလုံး သူ႔အမိန႔္တိုင္း ေနရမယ္၊ သူလည္း တရားမွ်တစြာ အုပ္ခ်ဳပ္မယ္" လို႔ ေျပာတယ္။ ျခေသၤ့ဆိုတာ အသားစား သတၱဝါ ျဖစ္တယ္။ သူက ေခ်တို႔ သမင္တို႔ကို သတ္စားမယ္ လုပ္တိုင္း ဝက္ဝံ ေမ်ာက္နဲ႔ ယုန္တို႔က "မလုပ္သင့္ဘူး။ ဘုရင္ ဆိုတာ အႏိုင္မက်င့္ရဘူး၊ တရားမွ်တမႈ ရွိရတယ္၊ ျပည္သူကို မႏွိပ္စက္ရဘူး" စသျဖင့္ အမ်ိဳးမ်ိဳး တားေလသည္။

အဲ့လို တားပါ မ်ားလာေတာ့ ျခေသၤ့ႀကီးက "အင္း ဒီတိုင္းသာ သူတို႔ကို ငါ့အနားမွာ ဆက္ထားေနရင္ ငါစားခ်င္တာ မစားရ လုပ္ခ်င္တာ မလုပ္ရေတာ့ ျဖစ္ေတာ့မယ္" ဟု ေတြးမိၿပီး အႀကံတခု ႀကံစည္လိုက္တယ္။ ထိုအႀကံကေတာ့ သူေမးတာကို အမွန္တိုင္း ေျဖဖို႔ပါ။ သူဟာ အႀကံနဲ႔ လုပ္တာ ဆိုေတာ့ သူ႔နားမွာ ရွိတဲ့ ဝက္ဝံ ေမ်ာက္နဲ႔ ယုန္တို႔ကို အရင္ေမးေလတယ္။

"ကဲ ဝက္ဝံ ေရွ႕ကိုတိုးစမ္း၊ ငါေမးတာကို အမွန္တိုင္းေျဖ၊ မေျဖရင္ ေသဖို႔ျပင္" ဟု ေျပာကာ သူ႔ရဲ႕ ပါးစပ္ႀကီးကို အက်ယ္ႀကီး ဟၿပီး "ငါ့ရဲ႕ ေ႐ႊအာခံတြင္းေတာ္က ဘာအနံ႔ ရသလဲ မွန္မွန္ေျဖပါ" ဟု ေျပာေလတယ္။ ဝက္ဝံလည္း ျခေသၤ့ရဲ႕ ပါးစပ္အဝသို႔ ႏွာေခါင္းကို ထိုးသြင္းၿပီး ရႈလိုက္တယ္။

"မွန္လွပါ၊ ျခေသၤ့မင္းရဲ႕ အာခံတြင္းေတာ္ဟာ ၇ ရက္ေလာက္ ပုပ္ေနတဲ့ ေခြးေသပုပ္ေကာင္ရဲ႕ အနံ႔လို နံေစာ္လွပါတယ္" လို႔ ေျဖလိုက္တယ္။ ထိုအခါ အႀကံသမား ျခေသၤ့က "ဘာ၊ ငါ့ေ႐ႊအာခံတြင္းက ေခြးေသပုပ္ေကာင္ေစာ္ နံတယ္ ဟုတ္လား" ဟု ေဒါသႀကီးကာ ဝက္ဝံေပၚသို႔ ခုန္အုပ္ၿပီး သတ္ပစ္လိုက္တယ္။ ၿပီးေတာ့ ေမ်ာက္ကို ေခၚေလတယ္။

သူ႔ရဲ႕ ပါးစပ္ကို ဟ ၿပီး ဘာအနဲ႔ရသလဲ ထပ္ေမးတယ္။ ေမ်ာက္လည္း အမွန္တိုင္း ေျပာရင္လည္း ဝက္ဝံလို အသတ္ခံရမည္။ အဲ့ေတာ့ အမွန္တိုင္းေတာ့ ေျပာလို႔ မရဘူးဟု ေတြးၿပီး ျခေသၤ့ရဲ႕ ပါးစပ္ကို အနံခံၿပီး "ျခေသၤမင္းႀကီးရဲ႕ ေ႐ႊအာခံတြင္းေတာ္က ပန္းေပါင္းစုံ စုေတထားသလို ပန္းရနံ႔ ေပါင္းစုံတို႔ရဲ႕ ရနံ႔ကို ရပါတယ္ခင္ဗ်" လို႔ ဖားၿပီး ေျပာလိုက္ေလတယ္။

ထိုအခါမွာလည္း ျခေသၤ့က စိတ္အလြန္ဆိုးၿပီး "မင္းက လိမ္ကက်စ္ပဲ၊ ေတာ္ေတာ္ညာတဲ့ေမ်ာက္၊ ေတာ္ေတာ္ ဖားတဲ့ေမ်ာက္၊ အဲ့လို ဖားတဲ့ေကာင္ေတြေၾကာင့္ လူႀကီးေတြ ေစာက္က်င့္ ပါကုန္တာ။ အသားစားတဲ့ ပါးစပ္က ပန္းရနံ႔ ရတယ္ဆို လိမ္တာပဲ" ဟု ေျပာၿပီး ေမ်ာက္ကိုလည္း လည္ပင္းညႇစ္ကိုင္ေပါက္ သတ္ပစ္လိုက္တယ္။

ျခေသၤ့ႀကီးက အႀကံႏွင့္ ေျပာေနျခင္း ျဖစ္သည္။ သူ အသားစားခ်င္တာကို လိုက္တားေနေသာ သူ႔တပည့္ေတြ ဒီတိုင္း အျပစ္မဲ့ သတ္ပစ္ရင္လည္း ေတာဘုရင္ မတရားရာ ေရာက္မွာစိုးလို႔ တရားေသာနည္းနဲ႔ သတ္ဖို႔ အႀကံစည္နဲ႔ ေမးျခင္း ျဖစ္သည္။ ေနာက္ဆုံး ယုန္သာ က်န္သည္။ ယုန္မွာလည္း ျခေသၤ့ကို အလြန္ေၾကာက္ေနသည္။ မွန္တဲ့အတိုင္း နံတယ္ ေျပာရင္လည္း သတ္ခံရမည္။ မနံဘူး ေမႊးတယ္ ေျပာရင္လည္း သတ္ခံရမည္။

"ယုန္၊ ေရွ႕တိုး ေျပာ ငါ့ပါးစပ္က ဘာနံ႔ရသလဲ" ယုန္လည္း ဘယ္လို လုပ္ရမည္မသိ အလြန္ အႀကံအိုက္ ေနသည္။ တရႈံ႕ရႈံ႕ အနံ႔ခံ ေနေပမယ့္ ဘာနံ႔ရသည္ကို မေျပာရဲေခ်။ ခနေနေတာ့ ယုန္က အႀကံတခု ရသြားသည္။ ႏွာေစးခ်င္ေယာင္ ေဆာင္လိုက္သည္။ တ႐ႊီး႐ႊီးႏွင့္ ႏွာရႈံ႕ရင္း

"ျခေသၤ့မင္းႀကီး ကြၽန္ေတာ္ ျခေသၤ့မင္းကို လိမ္ညာ မေျပာခ်င္ပါဘူး။ ခုျခေသၤ့မင္းႀကီး အာခံတြင္းေတာ္ကို ကြၽန္ေတာ္မ်ိဳး အနံ႔ ခံၾကည့္ေပမယ့္ ကြၽန္ေတာ္မ်ိဳး ႏွာေစးေနေသာေၾကာင့္ ဘာအနံ႔မွ မရ ျဖစ္ေနပါတယ္။ ကြၽန္ေတာ္မ်ိဳးကို အခြင့္ေရးတခုေတာ့ ေပးပါ။ ကြၽန္ေတာမ်ိဳး ႏွာေစးေပ်ာက္ေအာင္ အရင္ ေဆးကုၿပီးမွ ျပန္လာခဲ့ပါ့မယ္" ဟု ေျပာေသာအခါ ျခေသၤ့မွာ တရားသေဘာအရ လက္ခံေပးလိုက္ ရေလသည္။

"ေအး ဒါဆိုလည္း ျမန္ျမန္ေဆးသြားကု၊ ၿပီးရင္ ျပန္လာခဲ့" ဟု ေျပာကာ ယုန္ကို ျပန္လြတ္လိုက္ ေလသည္။ အဲ့ေန႔ကစၿပီး ယုန္ဟာ အသက္ေဘးမွ ခ်မ္းသာရာရၿပီး ထြတ္ေျပးေလေတာ့သည္။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ တခ်ိဳ႕ေသာ လူေတြ၊ အႀကီးကဲေတြဟာ သူတို႔လိုရင္ အနားကို ေခၚထားၾကတယ္။ မလိုခ်င္ေတာ့ရင္ သူတို႔ အလိမ္ညာ မသမာတာေတြ ေပၚကုန္မွာစိုးေသာ အေျခေနမ်ိဳးမွာ မိမိကို အေၾကာင္းမရွိ အေၾကာင္းရွာ ျပႆနာ တခုခုနဲ႔ ႏွိမ္နင္းတတ္ ၾကပါတယ္။ အဲ့လို အေျခေနမ်ိဳးေတြမွာ မွန္တာလည္း ေျပာမရရသလို မမွန္တာ ေျပာရင္လည္း အေရးယူတာ ခံရပါမယ္။ ေနာက္ဆုံး အက်ပ္တည္း ဘဝကို ရင္ဆိုင္ေနရ ရင္ေတာ့ ယုန္သူငယ္လို ႏွာေစးတတ္ဖို႔ေတာ့ လိုပါတယ္။

ေလာကႀကီးမွာ ႏွာေစးတတ္ဖို႔ အင္မတန္ အေရးႀကီးတယ္ လို႔ ျမင္ပါတယ္။ စာေရးသူ ကိုယ္တိုင္လည္း မၾကာခဏ ဆိုသလိူ ႏွာေစးခ်င္ေယာင္ေဆာင္ခဲ့ဖူးပါတယ္။ ဒါ့ေၾကာင့္ မွန္တာ ေျပာရင္လည္း ေထာင္းခံရမယ္ ။ မမွန္တာ ေျပာရင္လည္း အေရးယူခံရေတာ့မယ့္ အေျခေနမ်ိဳးပါ ကိုယ့္ရဲ႕ ျဖတ္ထိုးဉာဏ္ကို အသုံးျပဳၿပီး ႏွာေစးတတ္ဖို႔ လိုေၾကာင္း ဒီပုံျပင္ေလးက သတိေပးေနပါတယ္။

crd

Post a Comment

1 Comments

  1. သတ်ပုံမှန်နဲ့ ရေးသားတင်ပြသူ ကျေးဇူး။

    ReplyDelete