အရာအားလုံးဟာ ကောင်းဖို့ဖြစ်လာတာပါ (၁)
ငါးတကောင် ကုန်းပေါ်ရောက်လာပါတယ် ။ ရေထဲပြန်ဆင်းဖို့ သူ လူးလှိမ့် ခုန်ပစ် ပေမယ့် ရေမြောင်းဆီကို မရောက်နိုင် ဖြစ်နေတော့ သူစိတ်လျော့လိုက်တယ် ။ သေပါစေတော့ ပေါ့ ။
ဒါကို ပုရွက်ဆိတ်တွေ မြင်တော့ ငါး ကို ကယ်မယ် လုပ်ကြတယ် ။ ပုရွက်ဆိတ် တချို့က ငါးကို ဝိုင်းချီ ကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ ။
အဲဒီမှာ ပုရွက်ဆိတ် ခေါင်းဆောင်က ပြောတယ် " မချီကြနဲ့ မနိုင်လောက်ဘူး ၊ ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက် ကြမယ် " ဆိုပြီး ဝိုင်းကိုက်ကြ လေသည်။
ငါးက နာလွန်းပြီး တအားပဲ လူးလှိမ့် ခုန်ဆွ ပြေးရင်း ရေမြောင်းစပ်ဆီ ရောက်သွားတယ် ။ နောက်ဆုံး ရေထဲထိ ရောက်သွားနိုင် ခဲ့တယ် ။
တချို့ နာကျင်မှုတွေ ၊ တချို့ တိုက်ခိုက်မှု တွေဟာ အောင်မြင်ခြင်း အတွက် အထောက်အပံ့ ဖြစ်စေတယ် ဆိုတာ မမေ့ကြ ပါနဲ့ ။ တခါတလေမှာ တိုက်ခိုက်လာတဲ့ သူတွေကြောင့် ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ ။ သို့သော် စိတ်ဓာတ် မကျနဲ့။ ဘာအကြောင်း ကြောင့်မှ စိတ်ဓာတ် မကျကောင်းဘူးနော် ။ နင်းတတ်ရင် အားလုံးဟာ လှေကားထစ်တွေ ချည်း ပါပဲ။ " အရာအားလုံးဟာ ကောင်းဖို့ ဖြစ်လာတာ " ဆိုတဲ့ ပုံပြင်လေးကို သတိရပါ ။
crd
Zawgyi
crd
Post a Comment
0 Comments