ငုံးမလေးရဲ့ ဂလဲ့စား

တခါက ကိုင်းတောထဲတွင် ငုံးမိသားစုလေးသည် အသိုက်အမြုံ ဖွဲ့၍ ငုံးသားပေါက်လေးများဖြင့် ပျော်ရွှင်စွာ နေထိုင်ကြလေသည်။ တနေ့မှာတော့ ဆင်ကြီးတကောင်သည် ရေသောက်ဆင်းဖို့ ထွက်လာရာတွင် ငုံးမိသားစု၏ အသိုက် ရှိရာသို့ ဦးတည်နေသဖြင့် ငုံးမလေးမှာ သူ၏ သားသမီးများ အတွက် စိုးရိမ်စိတ် လွန်ကဲကာ ဆင်ကြီးအား

"အို အသင်မိတ်ဆွေ ကျေးဇူးပြု၍ ဤလမ်းမှ မသွားပါနှင့်၊ တခြားလမ်းလွှဲမှ သွားပေးပါရန် မေတ္တာရပ်ခံ တောင်းပန်ပါတယ်ရှင်" ဟုအသနားခံ ပြောဆိုရာ ဆင်ကြီးမှ ရှူးရှူး ရှဲရှဲဖြင့် ဒေါသတကြီး မှုန်ယိုကာ

"အောင်မယ် ရာရာစစ ငါ့ကို မလေးမစား ငုံးစုပ်မကများ ငါ့လို ခွန်အားကြီးတဲ့ သူကို နင်က ဘာကြောင့် လာတားနေရတာလဲ၊ ငါသွားချင်တဲ့ နေရာကနေ သွားမှာပါ့။ ရှေ့က ဖယ်စမ်းပါ သေသွားချင်လား" ဟု မောက်မာ ရိုင်းပြစွာ ဆိုလေရာ ငုံးမလေးမှ

"မဟုတ်ရပါဘူး ဆင်ကြီးရယ်၊ အသင်သွားမယ့် လမ်းမှာ ငှက်မမယ် ကျမ သားငယ်လေးတွေဟာ မပျံနိုင်သေးတဲ့ အရွယ်မို့ ယခုလို တောင်းပန် တားမြစ်ရခြင်း ဖြစ်ပါတယ်။ ကျမရဲ့ ရင်သွေးငယ်လေးတွေ အတွက်မို့ ပါရှင်" ဟု တောင်းပန်စကား ဆိုလိုက်သည်။

သို့သော် ဆင်ကြီးမှာ သူ့လမ်းကိုသူ တည့်တည့် လျှောက်သွားလေရာ ငုံးပေါက်လေးများ ရှိနေသည့် အသိုက်အမြုံကို ၎င်း၏ ခြေဖြင့် နင်းခြေ သတ်ဖြတ်လိုက် သည့်နှယ် ဖြစ်သွားလေတော့သည်။ ငုံးမလေးခင်မျာ ရင်ကွဲမတတ် သောကမီးများ တောက်လောင်ပြီး ဆင်ကြီးအား ယခုလို ကျုံးဝါး စိန်ခေါ်လိုက်လေသည်။

"ဒီမှာ ဆင်အယုတ်တမာ လောကကြီးမှာ အင်အား ကြီးမားတိုင်း အနိုင်ကျင့်လို့ မရဘူး ဆိုတာ ရှင် တနေ့ သိစေရမယ်။ အဲ့ဒီနေ့ ကျမအကြောင်း ရှင်ကောင်းကောင်းကြီး သိစေရမယ်။ ရှင်အလှည့် ကျရင် ဒီထက် နာကျင် ခံစားစေရမယ် လို့ မှတ်ပါ" ဟုကြိမ်းဝါးလိုက် လေ၏။

ထိုအခါ ဆင်ကြီးက "ဟဟဟဟဟ၊ လက်တောက်လောက်တောင် မရှိတဲ့ မင်းလို ပမွှားလေးက ငါ့လို စူပါပါဝါ အကောင်ကြီးကို ဘာများ လုပ်နိုင်မှာလဲကွာ။ ဒီလောကမှာ ငါ့ကို ဘယ်ကောင်မှ မယှဉ်နိုင်ကြ ပါဘူးကွာ။ ငါကပဲ အားလုံးကို အနိုင်ရယူခဲ့တာကွ ဟား ဟားဟားဟား" ဟု ရယ်မောဟားတိုက်ကာ ထွက်သွားပါတော့သည်။

ငုံးမလေးသည် ဆင်ကြီးကို ဘယ်လို ပြန်ပြီး ဂလဲ့စား ချေရမည် ဆိုတာကို အကြိမ်ကြိမ် စဉ်းစားရင်း မှိုင်ငေးနေစဉ် သူ၏ မိတ်ဆွေကျီးကန်းမှ ငုံးမလေးကို မြင်တော့ စိတ်မကောင်းစွာဖြင့် "အို မိတ်ဆွေ ဘယ်လို အကြောင်းကြောင့် ယခုလို ပူဆွေးသောက ရောက်နေရတာလဲ။ အကျွန်ုပ် ဘာများ ကူညီပေးရမလဲ ပြောပြပါ" ဟုမေးမြန်းရာ

ငုံးမလေးက ဖြစ်ကြောင်း ကုန်စင်ပြောပြီး "အသင်ကျီးကန်ရှင် ကျမကို တခုတော့ ကူညီပေးပါ။ ဆင်ကြီး မျက်လုံးနှစ်လုံးကို သင့်ရဲ့ ချွန်ထက်တဲ့ နှုတ်သီးနဲ့ ထိုးဖောက်ပေးပါရှင်" လို့ တောင်းဆိုလိုက်ပါတယ်။ ကျီးကန်းက "အို ဒီလောက်ကတော့ ကူညီပေးပါ့မယ်" လို့ ပြန်ပြောပါတယ်။

ထို့နောက် မိတ်ဆွေ ယင်ကောင်နှင့် ငုံးမလေးတို့ ဆုံတွေ့ချိန် အထက်ပါ အတိုင်း ပြောပြပြီး ငုံးမလေးမှ ယင်ကောင်အား "အသင် ယင်ကောင်ရှင့် ဆင်ကြီးရဲ့ မျက်လုံးနှစ်လုံးက ဒဏ်ရာအနာပေါ်ကို ယင်ဥများ ဥချပေးစေလို ပါတယ်" ဟု အကူအညီ တောင်းခံလိုက်ပါသည်။

ထပ်မံ၍ အနီးရှိ ရေအိုင်ထဲမှ ဖားလေးထံ သွားပြီး ၎င်း၏ ဖြစ်ကြောင်းကုန်စင် ပြောပြပြီး အကူအညီ ထပ်တောင်းပြန်သည်။ "မိတ်ဆွေဖားလေးရှင်၊ အသင်ကတော့ ချောက်ကမ်းပါထိပ်မှ နေပြီး အုံးအွမ် အုံးအွမ် ဟု အော်ပေးပါ ရှင်" ဟု အကူအညီ တောင်းခဲ့လိုက် လေသည်။

ထို့နောက် ကျီး၊ ယင်၊ ဖား တို့သည် ၎င်းတို့ ဆောင်ရွက်ရမည့် တာဝန်များကို အကောင်အထည် ဖော်ကြတော့သည်။ ပထမဆုံး ကျီးကန်းမှ ဆင်ကြီး ရေဆင်းသောက်ချိန်တွင် ဆင်ကြီး၏ မျက်လုံးနှစ်လုံးအား တိုက်ခိုက် ထိုးဖောက် ပစ်လိုက်ပါတော့သည်။ ဆင်ကြီးသည် နာကျင်လွန်းပြီး မမြင်မစမ်းဖြင့် ဆင်ကန်း တောတိုးသဖွယ် အော်မြည်ကာ ဦးတည်ရာ ထွက်ပြေးနေ ပါတော့သည်။

ထိုအချိန်မှာ ယင်ကောင်သည် ဆင်ကြီး၏ ဒဏ်ရာပေါ်သို့ ဥများ ဥချပစ်ခဲ့ ပြန်သည်။ ရက်အနည်းငယ် အကြာတွင် ပိုးလောက် တွယ်ပြီးဒဏ်ရာကို ထိုးဆွသည့် ဒဏ်ကြောင့် ဆင်ကြီးမှာ နာကျင်ကိုက်ခဲပြီး ရင်တွေ ပူလောင်ကာ ရေဆာသဖြင့် စမ်းတဝါးဝါးဖြင့် ရေအိုင် ရှိနိုင်မည့်နေရာကို မှန်းဆ၍ သွားနေသည်။

ထိုအချိန်မှာ ဖားလေးသည် "အုံးအွမ် အုံးအွမ်" ဟု ချောက်ကမ်းပါးမှ အသံပေးနေသဖြင့် ဆင်ကြီးသည် ရေအိုင်ရှိသည် အထင်ဖြင့် အားရပါးရ ပြေးလွှားလိုက်ချိန်တွင် ချောက်ကမ်းပါးထက်မှ အောက်သို့ ပြတ်ကျကာ ဘဝနိဂုံး ချုပ်ငြိမ်းသွားပါ လေတော့သည် ။

မိမိထက် အဆပေါင်းများစွာ ကြီးမားတဲ့ ဆင်ကြီးကို ကျီး ယင် ဖား တို့မှ စည်းစည်းလုံးလုံးဖြင့် အကွက်ကျကျ စီမံ တိုက်ခိုက်ခြင်းကြောင့် အနိုင် ရရှိလိုက် ကြပါသည်။

အင်အားကြီးမားသည် ဆိုသော်ငြား အင်အားသည် အချိန်၊ အတိုင်းအတာ၊ အကန့်အသက် ရှိသည်။ မိမိက အင်အားကြီးမားပြီး မိမိထက် အင်အားနည်းသူများကို နိုင်လိုမင်းထက် ပြုမူဆောင်ရွက်တတ်တဲ့ အကျင့် ရှိသူတို့သည် ယခုလိုမျိုး ငုံးမ၊ ကျီး၊ ယင်၊ ဖားနဲ့ တွေ့တဲ့ အခါမျိုးမှာ ရှုံးနိမ့်ခြင်းနဲ့ မလွှဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။ ကြီးနိုင်ငယ်ညှင်း ဝါဒများ ကင်းဝေးနိုင်ကြပါစေ။

crd

Zawgyi

ငုံးမေလးရဲ့ ဂလဲ့စား

တခါက ကိုင္းေတာထဲတြင္ ငုံးမိသားစုေလးသည္ အသိုက္အၿမဳံ ဖြဲ႕၍ ငုံးသားေပါက္ေလးမ်ားျဖင့္ ေပ်ာ္႐ႊင္စြာ ေနထိုင္ၾကေလသည္။ တေန႔မွာေတာ့ ဆင္ႀကီးတေကာင္သည္ ေရေသာက္ဆင္းဖို႔ ထြက္လာရာတြင္ ငုံးမိသားစု၏ အသိုက္ ရွိရာသို႔ ဦးတည္ေနသျဖင့္ ငုံးမေလးမွာ သူ၏ သားသမီးမ်ား အတြက္ စိုးရိမ္စိတ္ လြန္ကဲကာ ဆင္ႀကီးအား

"အို အသင္မိတ္ေဆြ ေက်းဇူးျပဳ၍ ဤလမ္းမွ မသြားပါႏွင့္၊ တျခားလမ္းလႊဲမွ သြားေပးပါရန္ ေမတၱာရပ္ခံ ေတာင္းပန္ပါတယ္ရွင္" ဟုအသနားခံ ေျပာဆိုရာ ဆင္ႀကီးမွ ရႉးရႉး ရွဲရွဲျဖင့္ ေဒါသတႀကီး မႈန္ယိုကာ

"ေအာင္မယ္ ရာရာစစ ငါ့ကို မေလးမစား ငုံးစုပ္မကမ်ား ငါ့လို ခြန္အားႀကီးတဲ့ သူကို နင္က ဘာေၾကာင့္ လာတားေနရတာလဲ၊ ငါသြားခ်င္တဲ့ ေနရာကေန သြားမွာပါ့။ ေရွ႕က ဖယ္စမ္းပါ ေသသြားခ်င္လား" ဟု ေမာက္မာ ႐ိုင္းျပစြာ ဆိုေလရာ ငုံးမေလးမွ

"မဟုတ္ရပါဘူး ဆင္ႀကီးရယ္၊ အသင္သြားမယ့္ လမ္းမွာ ငွက္မမယ္ က်မ သားငယ္ေလးေတြဟာ မပ်ံႏိုင္ေသးတဲ့ အ႐ြယ္မို႔ ယခုလို ေတာင္းပန္ တားျမစ္ရျခင္း ျဖစ္ပါတယ္။ က်မရဲ႕ ရင္ေသြးငယ္ေလးေတြ အတြက္မို႔ ပါရွင္" ဟု ေတာင္းပန္စကား ဆိုလိုက္သည္။

သို႔ေသာ္ ဆင္ႀကီးမွာ သူ႔လမ္းကိုသူ တည့္တည့္ ေလွ်ာက္သြားေလရာ ငုံးေပါက္ေလးမ်ား ရွိေနသည့္ အသိုက္အၿမဳံကို ၎၏ ေျချဖင့္ နင္းေျခ သတ္ျဖတ္လိုက္ သည့္ႏွယ္ ျဖစ္သြားေလေတာ့သည္။ ငုံးမေလးခင္မ်ာ ရင္ကြဲမတတ္ ေသာကမီးမ်ား ေတာက္ေလာင္ၿပီး ဆင္ႀကီးအား ယခုလို က်ဳံးဝါး စိန္ေခၚလိုက္ေလသည္။

"ဒီမွာ ဆင္အယုတ္တမာ ေလာကႀကီးမွာ အင္အား ႀကီးမားတိုင္း အႏိုင္က်င့္လို႔ မရဘူး ဆိုတာ ရွင္ တေန႔ သိေစရမယ္။ အဲ့ဒီေန႔ က်မအေၾကာင္း ရွင္ေကာင္းေကာင္းႀကီး သိေစရမယ္။ ရွင္အလွည့္ က်ရင္ ဒီထက္ နာက်င္ ခံစားေစရမယ္ လို႔ မွတ္ပါ" ဟုႀကိမ္းဝါးလိုက္ ေလ၏။

ထိုအခါ ဆင္ႀကီးက "ဟဟဟဟဟ၊ လက္ေတာက္ေလာက္ေတာင္ မရွိတဲ့ မင္းလို ပမႊားေလးက ငါ့လို စူပါပါဝါ အေကာင္ႀကီးကို ဘာမ်ား လုပ္ႏိုင္မွာလဲကြာ။ ဒီေလာကမွာ ငါ့ကို ဘယ္ေကာင္မွ မယွဥ္ႏိုင္ၾက ပါဘူးကြာ။ ငါကပဲ အားလုံးကို အႏိုင္ရယူခဲ့တာကြ ဟား ဟားဟားဟား" ဟု ရယ္ေမာဟားတိုက္ကာ ထြက္သြားပါေတာ့သည္။

ငုံးမေလးသည္ ဆင္ႀကီးကို ဘယ္လို ျပန္ၿပီး ဂလဲ့စား ေခ်ရမည္ ဆိုတာကို အႀကိမ္ႀကိမ္ စဥ္းစားရင္း မႈိင္ေငးေနစဥ္ သူ၏ မိတ္ေဆြက်ီးကန္းမွ ငုံးမေလးကို ျမင္ေတာ့ စိတ္မေကာင္းစြာျဖင့္ "အို မိတ္ေဆြ ဘယ္လို အေၾကာင္းေၾကာင့္ ယခုလို ပူေဆြးေသာက ေရာက္ေနရတာလဲ။ အကြၽႏ္ုပ္ ဘာမ်ား ကူညီေပးရမလဲ ေျပာျပပါ" ဟုေမးျမန္းရာ

ငုံးမေလးက ျဖစ္ေၾကာင္း ကုန္စင္ေျပာၿပီး "အသင္က်ီးကန္ရွင္ က်မကို တခုေတာ့ ကူညီေပးပါ။ ဆင္ႀကီး မ်က္လုံးႏွစ္လုံးကို သင့္ရဲ႕ ခြၽန္ထက္တဲ့ ႏႈတ္သီးနဲ႔ ထိုးေဖာက္ေပးပါရွင္" လို႔ ေတာင္းဆိုလိုက္ပါတယ္။ က်ီးကန္းက "အို ဒီေလာက္ကေတာ့ ကူညီေပးပါ့မယ္" လို႔ ျပန္ေျပာပါတယ္။

ထို႔ေနာက္ မိတ္ေဆြ ယင္ေကာင္ႏွင့္ ငုံးမေလးတို႔ ဆုံေတြ႕ခ်ိန္ အထက္ပါ အတိုင္း ေျပာျပၿပီး ငုံးမေလးမွ ယင္ေကာင္အား "အသင္ ယင္ေကာင္ရွင့္ ဆင္ႀကီးရဲ႕ မ်က္လုံးႏွစ္လုံးက ဒဏ္ရာအနာေပၚကို ယင္ဥမ်ား ဥခ်ေပးေစလို ပါတယ္" ဟု အကူအညီ ေတာင္းခံလိုက္ပါသည္။

ထပ္မံ၍ အနီးရွိ ေရအိုင္ထဲမွ ဖားေလးထံ သြားၿပီး ၎၏ ျဖစ္ေၾကာင္းကုန္စင္ ေျပာျပၿပီး အကူအညီ ထပ္ေတာင္းျပန္သည္။ "မိတ္ေဆြဖားေလးရွင္၊ အသင္ကေတာ့ ေခ်ာက္ကမ္းပါထိပ္မွ ေနၿပီး အုံးအြမ္ အုံးအြမ္ ဟု ေအာ္ေပးပါ ရွင္" ဟု အကူအညီ ေတာင္းခဲ့လိုက္ ေလသည္။

ထို႔ေနာက္ က်ီး၊ ယင္၊ ဖား တို႔သည္ ၎တို႔ ေဆာင္႐ြက္ရမည့္ တာဝန္မ်ားကို အေကာင္အထည္ ေဖာ္ၾကေတာ့သည္။ ပထမဆုံး က်ီးကန္းမွ ဆင္ႀကီး ေရဆင္းေသာက္ခ်ိန္တြင္ ဆင္ႀကီး၏ မ်က္လုံးႏွစ္လုံးအား တိုက္ခိုက္ ထိုးေဖာက္ ပစ္လိုက္ပါေတာ့သည္။ ဆင္ႀကီးသည္ နာက်င္လြန္းၿပီး မျမင္မစမ္းျဖင့္ ဆင္ကန္း ေတာတိုးသဖြယ္ ေအာ္ျမည္ကာ ဦးတည္ရာ ထြက္ေျပးေန ပါေတာ့သည္။

ထိုအခ်ိန္မွာ ယင္ေကာင္သည္ ဆင္ႀကီး၏ ဒဏ္ရာေပၚသို႔ ဥမ်ား ဥခ်ပစ္ခဲ့ ျပန္သည္။ ရက္အနည္းငယ္ အၾကာတြင္ ပိုးေလာက္ တြယ္ၿပီးဒဏ္ရာကို ထိုးဆြသည့္ ဒဏ္ေၾကာင့္ ဆင္ႀကီးမွာ နာက်င္ကိုက္ခဲၿပီး ရင္ေတြ ပူေလာင္ကာ ေရဆာသျဖင့္ စမ္းတဝါးဝါးျဖင့္ ေရအိုင္ ရွိႏိုင္မည့္ေနရာကို မွန္းဆ၍ သြားေနသည္။

ထိုအခ်ိန္မွာ ဖားေလးသည္ "အုံးအြမ္ အုံးအြမ္" ဟု ေခ်ာက္ကမ္းပါးမွ အသံေပးေနသျဖင့္ ဆင္ႀကီးသည္ ေရအိုင္ရွိသည္ အထင္ျဖင့္ အားရပါးရ ေျပးလႊားလိုက္ခ်ိန္တြင္ ေခ်ာက္ကမ္းပါးထက္မွ ေအာက္သို႔ ျပတ္က်ကာ ဘဝနိဂုံး ခ်ဳပ္ၿငိမ္းသြားပါ ေလေတာ့သည္ ။

မိမိထက္ အဆေပါင္းမ်ားစြာ ႀကီးမားတဲ့ ဆင္ႀကီးကို က်ီး ယင္ ဖား တို႔မွ စည္းစည္းလုံးလုံးျဖင့္ အကြက္က်က် စီမံ တိုက္ခိုက္ျခင္းေၾကာင့္ အႏိုင္ ရရွိလိုက္ ၾကပါသည္။

အင္အားႀကီးမားသည္ ဆိုေသာ္ျငား အင္အားသည္ အခ်ိန္၊ အတိုင္းအတာ၊ အကန႔္အသက္ ရွိသည္။ မိမိက အင္အားႀကီးမားၿပီး မိမိထက္ အင္အားနည္းသူမ်ားကို ႏိုင္လိုမင္းထက္ ျပဳမူေဆာင္႐ြက္တတ္တဲ့ အက်င့္ ရွိသူတို႔သည္ ယခုလိုမ်ိဳး ငုံးမ၊ က်ီး၊ ယင္၊ ဖားနဲ႔ ေတြ႕တဲ့ အခါမ်ိဳးမွာ ရႈံးနိမ့္ျခင္းနဲ႔ မလႊဲမေသြ ရင္ဆိုင္ရေပလိမ့္မည္။ ႀကီးႏိုင္ငယ္ညႇင္း ဝါဒမ်ား ကင္းေဝးႏိုင္ၾကပါေစ။

crd

Post a Comment

0 Comments