နယ်သာလန်နိုင်ငံရဲ့ အတုယူစရာအချက် (၇) ချက်

နယ်သာန်နိုင်ငံဟာ စည်းကမ်းရှိမှု၊ လှပမှုတွေ၊ ရှုခင်းတွေကြောင့် နာမည်ကြီးပါတယ်။ ဒါ့အပြင် နယ်သာလန်နိုင်ငံမှာ စိတ်ဝင်စားစရာ အချက်တွေလည်း အများကြီး ရှိပါတယ်။ တချို့အချက်တွေဆိုရင် တခြားနိုင်ငံတွေကပါ အတုယူနေကြပါပြီ။

၁။ နယ်သာလန်နိုင်ငံက စွန့်ပစ်အိမ်မွေးတိရစ္ဆာန်မရှိတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံမှာ အိမ်ခြေယာမဲ့တဲ့ ခွေးတွေ၊ ကြောင်တွေ မရှိပါဘူး။ အစိုးရက စွန့်ပစ်တိရစ္ဆာန်တွေ မရှိအောင် စီမံနိုင်ခဲ့ပါတယ်။ ဘယ်တိရစ္ဆာန်မှလည်း ထိခိုက်နစ်နာတာမျိုး မရှိခဲ့ပါဘူး။ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှုကို တားမြစ်တဲ့ ဥပဒေတွေကို အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် ပြဌာန်းထားပါတယ်။

၂။ နေစွမ်းအင်သုံး စက်ဘီးလမ်းရှိတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

တက္ကသိုလ်ပညာရှင် အသိုင်းအဝိုင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ အစိုးရပူးပေါင်းပြီး နေစွမ်းအင်သုံးလမ်း ပြုလုပ်ထားပါတယ်။ ပထမဆုံးလမ်းကြောင်းကို ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ လမ်းကြောင်းအရှည်က ၁၀၀ မီတာ ရှည်လျားပါတယ်။ နေစွမ်းအင်သုံးလမ်း ဖောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လမ်းမတွေကို မီးထွန်းဖို့နဲ့ လျှပ်စစ်စွမ်းအင်သုံးယာဉ်တွေကို အားသွင်းဖို့ပါပဲ။

၃။ လျှပ်စစ်ကားတွေ အားသွင်းဖို့ ပလတ်ပေါက်တွေက မီတာ ၅၀ ကွာဝေးတိုင်းမှာ တစ်ခုစီ ရှိပါတယ်။

နယ်သာလန်နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းက အရမ်းကို စနစ်ကြပါတယ်။ ဓါတ်ဆီနဲ့ ဒီဇယ်သုံးယာဉ်တွေကို လျှော့ချဖို့အတွက် လျှပ်စစ်ကားတွေကို အားသွင်းနိုင်တဲ့ ပလတ်ပေါက်တွေကို ထားပေးထားတာ ဖြစ်ပါတယ်။ လျှပ်စစ်ကားသုံးတဲ့ ပြည်သူတိုင်း အားသွင်းဖို့ ဖွင့်ပေးထားပါတယ်။

၄။ နယ်သာလန်နိုင်ငံမှာ တစ်မြို့လုံး ကားမမောင်းတဲ့ မြို့တစ်မြို့ရှိပါတယ်။

ဒတ်ချ်လူမျိုးတွေရဲ့ Houten မြို့ကို ကမ္ဘာပေါ်မှာ အလုံခြုံဆုံးမြို့လို့ သတ်မှတ်ထားကြပါတယ်။ ၁၉၈၀ ခုနှစ်တွေတုန်းက မြို့နေပြည်သူ ၄၀၀၀ ဟာ ကားထက် စက်ဘီးစီးဖို့ အချင်းချင်း တိုက်တွန်းခဲ့ကြပါတယ်။ အဲဒီကနေစပြီး Houten မြို့မှာနေသူတွေဟာ စက်ဘီးကို ပိုပြီး စီးလာကြပါတယ်။

၅။ အာဏာပိုင်တွေက ဓါတ်ဆီနဲ့ ဒီဇယ်သုံးယာဉ်တွေ ရောင်းချမှုကို တားမြစ်တော့မှာပါ။

၂၀၂၅ ခုနှစ်ကစပြီး နယ်သာလန်နိုင်ငံမှာ ဓါတ်ဆီနဲ့ ဒီဇယ်သုံးကားတွေ အသုံးပြုလို့ မရနိုင်တော့ပါဘူး။ ဒါ့အပြင် အခြားလောင်စာသုံး ကားပိုင်ရှင်တွေက ကိုယ်ပိုင်ယာဉ်အခွန်ကို ပေးဆောင်စရာလည်း မလိုတော့ပါဘူး။ ရလဒ်အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ကားတွေက ယူရို ၁၅၀၀၀ ဈေးသက်သာသွားပါတယ်။

၆။ ထောင်တွေမှာ ထောင်သားတွေ မရှိလို့ ထောင်တွေကို ပိတ်ထားရပါတယ်။

နယ်သာလန်အစိုးရက နိုင်ငံတွင်းက ပြစ်မှုတွေကို လျှော့ချဖို့ အလွန်ကြိုးပမ်းခဲ့ပါတယ်။ ရလဒ်က အရမ်းကို အောင်မြင်ခဲ့ပါတယ်။ ထောင်သားတွေ မရှိတော့တာကြောင့် ၂၀၀၉ ခုနှစ်ကစပြီး ထောင် ၁၉ ခုကို ပိတ်ထားခဲ့ပါတယ်။ နယ်သာလန်နိုင်ငံမှာ အကျဉ်းကျနေတဲ့ လူဦးရေကို ပျမ်းမျှတွက်လိုက်ရင် လူ တစ်သိန်းမှာ ၁၆၃ယောက်ပဲ ရှိပါတယ်။

၇။ တောရိုင်းတိရစ္ဆာန်တွေအတွက် လမ်းကူးဖို့ တံတားတွေလည်း ရှိပါတယ်။

နယ်သာလန်နိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးတဲ့ နေရာမှာလည်း နာမည်ကြီးပါတယ်။ တောအုပ်တစ်ခုနဲ့တစ်ခု ကူးတဲ့အခါ တောရိုင်းတိရစ္ဆာန်လေးတွေ အန္တရာယ်ကင်းစေဖို့ ကုန်းကျော်တံတားတွေကိုလည်း ဆောက်လုပ်ပေးထားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments