အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တကမ္ဘာလုံးက သိတဲ့ Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်း (Aamir Khan) နေထိုင်ပါတယ်။ သူက အရမ်းလည်း ချမ်းသာတယ်။
အခုလို ကိုဗစ် ကာလမှာ သူက လူတွေကို ကြေငြာလိုက်တယ်။
သူ ဂျုံကြမ်း အထုပ်ကလေးတွေ အများကြီး ထုပ်ထားတယ်၊ လာယူကြပါ လို့ ကြေငြာပါတယ်။
မြို့နေ လူထုကလည်း အံဩသွားပြီး ဝေဖန်မှုတွေ မြင့်တက် လာတယ်။
ဒီလောက် ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲ ပေးတာလား၊ စေတနာ မကောင်းဘူး၊ ပေးချင်တယ်ဆို ဂျုံအနုမှုန့် ကောင်းတာ ပေးပါလား၊ ပိုက်ဆံ ပေးပါလား၊ ပေါ်ပင် လုပ်တာ ဘာလား ညာလားနဲ့ မကောင်းဘူး ထင်ပြီး သွားမယူခဲ့ ကြသူတွေလည်း များစွာ ရှိခဲ့ကြပါတယ်။
ဒါပေမယ့် တကယ့် စားရမဲ့ သောက်ရမဲ့ အတိဒုက္ခ ရောက်နေတဲ့ သူတွေကတော့ သွားယူကြတာပေါ့။
စားစရာ မရှိလို့ ဂျုံမှုန့်ထုပ်လေးတွေ သယ်ပြီး အိမ်ပြန်ရောက်၊ ပူရီတို့ ချာပါတီတို့ မုန့်လုပ်ဖို့ အိပ်ကို ဖွင့်လိုက်ချိန် ဂျုံမုန့်တွေ ကြားမှာ ရူပီး ၁၀၀၀၀ (နှစ်သိန်းခန့်) သေချာစွာ ထည့်ထားပေးတာကို ဂျုံအိတ် သွားယူသူတွေ ရရှိသွားခဲ့ ပါတယ်။
လူတွေကလည်း တအံတဩနဲ့ ဂျုံအိတ် မယူလိုက်ကြတဲ့ သူတွေကလည်း မချိတင်ကဲ ဖြစ်၊ တောက် တခေါက်ခေါက် ဖြစ်နေကြတာပေါ့။
မင်းသားကြီးကို ဘာကြောင့် အဲ့ဒီလို လုပ်တာလဲ မေးတော့ မင်းသားကြီးက တခွန်းပဲ ပြန်အဖြေမှာ လောဘကြီးသူတွေ မျက်နှာ ပျက်သွားကြရ ပါတော့တယ်။
မင်းသားကြီး ဖြေလိုက်ပုံက "တကယ်ကို လိုအပ်သူတွေ ရစေချင်တာပါ" တဲ့။ ဘယ်လောက်များ ကြည်နူးစရာ ကောင်းလိုက်သလဲ။
Crd
Zawgyi
လိုအပ္သူ
အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕မွာ တကမာၻလုံးက သိတဲ့ Bollywood ႐ုပ္ရွင္မင္းသားႀကီး အမီးရ္ခန္း (Aamir Khan) ေနထိုင္ပါတယ္။ သူက အရမ္းလည္း ခ်မ္းသာတယ္။ အခုလို ကိုဗစ္ ကာလမွာ သူက လူေတြကို ေၾကျငာလိုက္တယ္။
သူ ဂ်ဳံၾကမ္း အထုပ္ကေလးေတြ အမ်ားႀကီး ထုပ္ထားတယ္၊ လာယူၾကပါ လို႔ ေၾကျငာပါတယ္။ ၿမိဳ႕ေန လူထုကလည္း အံဩသြားၿပီး ေဝဖန္မႈေတြ ျမင့္တက္ လာတယ္။
ဒီေလာက္ ခ်မ္းသာတာ ဂ်ဳံၾကမ္းမႈန႔္ပဲ ေပးတာလား၊ ေစတနာ မေကာင္းဘူး၊ ေပးခ်င္တယ္ဆို ဂ်ဳံအႏုမႈန႔္ ေကာင္းတာ ေပးပါလား၊ ပိုက္ဆံ ေပးပါလား၊ ေပၚပင္ လုပ္တာ ဘာလား ညာလားနဲ႔ မေကာင္းဘူး ထင္ၿပီး သြားမယူခဲ့ ၾကသူေတြလည္း မ်ားစြာ ရွိခဲ့ၾကပါတယ္။
ဒါေပမယ့္ တကယ့္ စားရမဲ့ ေသာက္ရမဲ့ အတိဒုကၡ ေရာက္ေနတဲ့ သူေတြကေတာ့ သြားယူၾကတာေပါ့။
စားစရာ မရွိလို႔ ဂ်ဳံမႈန႔္ထုပ္ေလးေတြ သယ္ၿပီး အိမ္ျပန္ေရာက္၊ ပူရီတို႔ ခ်ာပါတီတို႔ မုန႔္လုပ္ဖို႔ အိပ္ကို ဖြင့္လိုက္ခ်ိန္ ဂ်ဳံမုန႔္ေတြ ၾကားမွာ ႐ူပီး ၁၀၀၀၀ (ႏွစ္သိန္းခန႔္) ေသခ်ာစြာ ထည့္ထားေပးတာကို ဂ်ဳံအိတ္ သြားယူသူေတြ ရရွိသြားခဲ့ ပါတယ္။
လူေတြကလည္း တအံတဩနဲ႔ ဂ်ဳံအိတ္ မယူလိုက္ၾကတဲ့ သူေတြကလည္း မခ်ိတင္ကဲ ျဖစ္၊ ေတာက္ တေခါက္ေခါက္ ျဖစ္ေနၾကတာေပါ့။
မင္းသားႀကီးကို ဘာေၾကာင့္ အဲ့ဒီလို လုပ္တာလဲ ေမးေတာ့ မင္းသားႀကီးက တခြန္းပဲ ျပန္အေျဖမွာ ေလာဘႀကီးသူေတြ မ်က္ႏွာ ပ်က္သြားၾကရ ပါေတာ့တယ္။
မင္းသားႀကီး ေျဖလိုက္ပုံက "တကယ္ကို လိုအပ္သူေတြ ရေစခ်င္တာပါ" တဲ့။ ဘယ္ေလာက္မ်ား ၾကည္ႏူးစရာ ေကာင္းလိုက္သလဲ။
Crd
0 Comments