အနီးမှုန်

ကျောင်လှေခါးပေါ်ကို ခြေလှမ်းတွေ လေးကန်စွာနဲ့ တက်လာတဲ့ ဒကာကြီးကို ဆရာတော်က ပြုံးပြီး ကြည့်လိုက်တယ်။ ဖတ်လက်စ စာအုပ်ကို ဘေးချပြီးတော့ " ဒကာကြီး ဒီကို သက်သက် လာတာလား၊ လမ်းကြုံလို့ ဝင်လာတာလား "

" သက်သက် ရောက်လာတာပါ ဘုရား "

" အကြောင်းရှိသလား "

" တပည့်တော် ဘဝ ပျက်သွားပြီ ဘုရား။ လုပ်ငန်းတွေ ဆုံးရှုံးကုန်ပြီ။ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ်တောင် ဖြစ်မိပါတယ် ဘုရား "

" ဒကာကြီး ခုန ပြောလိုက်တဲ့ အထဲမှာ ဘဝပျက်သွားပြီ ဆိုတာ ပါသွားသလား လို့ "

" တင်ပါ့ဘုရား "

ဆရာတော်က အနီးနားရှိ စာရွက်တရွက်ကို လှမ်းယူလိုက်တယ်။ ဒေါင်လိုက် အလယ်တည့်တည့်က ခေါက်လိုက်ပြီးတော့ ဘော့ပင်တချောင်းနဲ့အတူ လှမ်းပေးလိုက်ပြီး

" ဒကာကြီး စာရွက် ဘယ်ဘက်ခြမ်းမှာ ဒကာကြီး ဆုံးရှုံးသွားတာတွေ ချရေး ကြည့်လိုက်။ ညာဘက်ခြမ်း မှာတော့ ဒကာကြီး မဆုံးရှုံး သေးတာတွေ ချရေးလိုက် "

" အားလုံး ဆုံးရှုံးသွားပါပြီ ဘုရား ။ ညာဘက်မှာ ဘာမှ ချရေးစရာတောင် မကျန်တော့ပါဘူး "

" ဟုတ်ရဲ့လား ဒကာ ၊ ဒါဆို သင့်ဇနီးနဲ့ သင် ကွဲသွားပြီပေါ့ "

" ဟာ အရှင်ဘုရားကလည်း တပည့်တော်တို့ အိမ်ထောင် မကွဲသေးပါဘူး "

" ဒါဆိုရင် ညာဘက်မှာ ငါ့ကို သစ္စာရှိစွာ ပေါင်းသင်းနေသော ဇနီးရှိ ဆိုတာ ရေးလိုက်လေ "

" တပည့်တော်မှာ ဆက်ရေးစရာ မကျန်တော့ပါဘူး "

" အလို ဒကာကြီးရဲ့ သားတွေ ထောင်ကျသွားလို့လား "

" အရှင်ဘုရားကလည်း သားတွေ ထောင်မကျပါဘူး "

" ဒါဆိုလည်း လိမ္မာသောသားများ ရှိသေးတာ ရေးလိုက်လေ "

" ကုန်ပါပြီ ဘုရား "

" ဟဲ့ ဒကာ ၊ သင့်သမီးတွေ လင်နောက် လိုက်ကုန်လို့လား "

" သမီးတွေလည်း မိဘကို လုပ်ကျွေးနေပါတယ် ဘုရား "

" အလို မြန်မြန် ချရေးလိုက်လေ ။ မိဘကို လုပ်ကျွေးနေသော သမီးများရှိ "

" အို ၊ ကောင်းလိုက်တာ ဘုရား။ တပည့်တော် မတွေးမိပါလား။ တပည့်တော်မှာ တန်ဖိုး မဖြတ်နိုင်တာတွေ ရှိနေသေးတာ တပည့်တော် မေ့နေပါလား ဘုရား "

" ဒကာကြီး ဘယ်ဘက်ခြမ်းမှာ ဆုံးရှုံးသွားတာတွေ ချရေးလိုက်ဦးလေ "

" မရေးတော့ပါဘူး အရှင်ဘုရား ။ တပည့်တော်မှာ ဆုံးရှုံးသွားတယ် ဆိုတာတွေဟာ ဘာမှ မဟုတ်တော့ပါ ဘုရား "

" သာဓု သာဓု သာဓု မြင်အောင် ရှုနိုင်သားပဲ ဒကာ။ တခါတလေ အဝေးကြီးကို ကြည့်ရင်းနဲ့ အနီးနားမှာ ရှိတာတွေ ပျောက်ကုန် တတ်တယ်။ အနီးမှုန်တွေပေါ့ "

Crd

Zawgyi

အနီးမႈန္

ေက်ာင္ေလွခါးေပၚကို ေျခလွမ္းေတြ ေလးကန္စြာနဲ႔ တက္လာတဲ့ ဒကာႀကီးကို ဆရာေတာ္က ၿပဳံးၿပီး ၾကည့္လိုက္တယ္။ ဖတ္လက္စ စာအုပ္ကို ေဘးခ်ၿပီးေတာ့ " ဒကာႀကီး ဒီကို သက္သက္ လာတာလား၊ လမ္းႀကဳံလို႔ ဝင္လာတာလား "

" သက္သက္ ေရာက္လာတာပါ ဘုရား "

" အေၾကာင္းရွိသလား "

" တပည့္ေတာ္ ဘဝ ပ်က္သြားၿပီ ဘုရား။ လုပ္ငန္းေတြ ဆုံးရႈံးကုန္ၿပီ။ ကိုယ့္ကိုယ္ကို သတ္ေသခ်င္တဲ့ စိတ္ေတာင္ ျဖစ္မိပါတယ္ ဘုရား "

" ဒကာႀကီး ခုန ေျပာလိုက္တဲ့ အထဲမွာ ဘဝပ်က္သြားၿပီ ဆိုတာ ပါသြားသလား လို႔ "

" တင္ပါ့ဘုရား "

ဆရာေတာ္က အနီးနားရွိ စာ႐ြက္တ႐ြက္ကို လွမ္းယူလိုက္တယ္။ ေဒါင္လိုက္ အလယ္တည့္တည့္က ေခါက္လိုက္ၿပီးေတာ့ ေဘာ့ပင္တေခ်ာင္းနဲ႔အတူ လွမ္းေပးလိုက္ၿပီး

" ဒကာႀကီး စာ႐ြက္ ဘယ္ဘက္ျခမ္းမွာ ဒကာႀကီး ဆုံးရႈံးသြားတာေတြ ခ်ေရး ၾကည့္လိုက္။ ညာဘက္ျခမ္း မွာေတာ့ ဒကာႀကီး မဆုံးရႈံး ေသးတာေတြ ခ်ေရးလိုက္ "

" အားလုံး ဆုံးရႈံးသြားပါၿပီ ဘုရား ။ ညာဘက္မွာ ဘာမွ ခ်ေရးစရာေတာင္ မက်န္ေတာ့ပါဘူး "

" ဟုတ္ရဲ႕လား ဒကာ ၊ ဒါဆို သင့္ဇနီးနဲ႔ သင္ ကြဲသြားၿပီေပါ့ "

" ဟာ အရွင္ဘုရားကလည္း တပည့္ေတာ္တို႔ အိမ္ေထာင္ မကြဲေသးပါဘူး "

" ဒါဆိုရင္ ညာဘက္မွာ ငါ့ကို သစၥာရွိစြာ ေပါင္းသင္းေနေသာ ဇနီးရွိ ဆိုတာ ေရးလိုက္ေလ "

" တပည့္ေတာ္မွာ ဆက္ေရးစရာ မက်န္ေတာ့ပါဘူး "

" အလို ဒကာႀကီးရဲ႕ သားေတြ ေထာင္က်သြားလို႔လား "

" အရွင္ဘုရားကလည္း သားေတြ ေထာင္မက်ပါဘူး "

" ဒါဆိုလည္း လိမၼာေသာသားမ်ား ရွိေသးတာ ေရးလိုက္ေလ "

" ကုန္ပါၿပီ ဘုရား "

" ဟဲ့ ဒကာ ၊ သင့္သမီးေတြ လင္ေနာက္ လိုက္ကုန္လို႔လား "

" သမီးေတြလည္း မိဘကို လုပ္ေကြၽးေနပါတယ္ ဘုရား "

" အလို ျမန္ျမန္ ခ်ေရးလိုက္ေလ ။ မိဘကို လုပ္ေကြၽးေနေသာ သမီးမ်ားရွိ "

" အို ၊ ေကာင္းလိုက္တာ ဘုရား။ တပည့္ေတာ္ မေတြးမိပါလား။ တပည့္ေတာ္မွာ တန္ဖိုး မျဖတ္ႏိုင္တာေတြ ရွိေနေသးတာ တပည့္ေတာ္ ေမ့ေနပါလား ဘုရား "

" ဒကာႀကီး ဘယ္ဘက္ျခမ္းမွာ ဆုံးရႈံးသြားတာေတြ ခ်ေရးလိုက္ဦးေလ "

" မေရးေတာ့ပါဘူး အရွင္ဘုရား ။ တပည့္ေတာ္မွာ ဆုံးရႈံးသြားတယ္ ဆိုတာေတြဟာ ဘာမွ မဟုတ္ေတာ့ပါ ဘုရား "

" သာဓု သာဓု သာဓု ျမင္ေအာင္ ရႈႏိုင္သားပဲ ဒကာ။ တခါတေလ အေဝးႀကီးကို ၾကည့္ရင္းနဲ႔ အနီးနားမွာ ရွိတာေတြ ေပ်ာက္ကုန္ တတ္တယ္။ အနီးမႈန္ေတြေပါ့ "

Crd

Post a Comment

0 Comments