လျှာရှည်သော မုဆိုးကြီး

ရှေးရှေးတုန်းက မုဆိုးတယောက်ဟာ တောထဲကို အမဲလိုက် သွားရင်း ရသေ့တပါးတည်း သီတင်းသုံး နေထိုင်တဲ့ တဲအိမ်လေးကို ရောက်သွားခဲ့တယ်။ ရသေ့ကြီးဟာ ထူးခြားစွာပဲ နှာခေါင်း ရှည်နေတယ်။

ဒါကို မုဆိုးကြီးက မြင်ပြီး "အရှင်ရသေ့ကြီးရဲ့ နှာခေါင်းကြီးက ရှည်နေတာ ပါလား" လို့ ပြောတော့ ရသေ့ကြီးက "အေး၊ ငါ့နှာခေါင်း ရှည်တာက အရေးမကြီးဘူး။ မင်း လျှာမရှည်စေနဲ့" လို့ ပြန်ပြော လိုက်တယ်။

မုဆိုးကြီးလည်း အိမ်ပြန် ရောက်တော့ သူ့မိန်းမကို ပြန်ပြောပြ တာပေါ့။ "မိန်းမရေ ငါဒီနေ့ တောထဲမှာ ထူးထူး ဆန်းဆန်း နှာခေါင်း ရှည်နေတဲ့ ရသေ့ကြီး တပါးကို တွေ့ခဲ့တယ်" လို့ ပြောပြ လိုက်တယ်။

သိတဲ့အတိုင်း ဗူးတရာသာ ပိတ်ဆို့ဖို့ လွယ်ပေမဲ့ ပါးစပ်ပေါက် တခုကိုတော့ ပိတ်ဖို့ရာ မလွယ်ဘူးလေ။ အဲဒီလိုနဲ့ ရသေ့ကြီး နှခေါင်း ရှည်နေတဲ့ သတင်းဟာ တဆင့်စကား တဆင့်နား နဲ့ပဲ ဘုရင်ကြီးဆီကို ရောက်သွားခဲ့တယ်။

ဒါပေမယ့် ဘုရင်ကြီးက မယုံပါဘူးတဲ့။ အဲ့တာကို ဘယ်သူ ပြောတာလဲ ပေါ့။ ပြောသူ ငါ့ရှေ့တော်ကို ခေါ်လာ ဆိုတော့ မူးမတ်တို့လည်း ပြောသူမုဆိုးကြီးကို ဘုရင့်ဆီ ခေါ်လာခဲ့ ကြရတယ်။

မုဆိုးကြီးက တောထဲမှာ သူတကယ် တွေ့မြင်ခဲ့ ရတယ်လို့ ဘုရင်ကြီးကို ပြောပြတော့ "အဲ့ဒါဆို ရသေ့ကြီးကို ငါ့ဆီ ပင့်ခဲ့စေ" ဆိုတော့ မုဆိုးကြီးလည်း တောထဲက ရသေ့ကြီးကို သွားပင့်ရ တော့တာပေါ့။ မပင့်ရင်လည်း ဘုရင့်အမိန့် ဖီဆန်ရာ ကျမှာကိုး။

ရသေ့ကြီးက "ငါ လမ်း မလျှောက်နိုင်လို့ ချီခေါ်ရင် လိုက်မယ်" ဆိုတော့ မုဆိုးလည်း ရသေ့ကြီးကို ချီပြီး ခရီးဝေးကြီးကို ပင်ပန်းစွာ လာခဲ့ရတယ်။

နန်းတော်ရောက်တော့ ဘုရင်ကြီးက မြင်ပြီး "အော် ဟုတ်ပါရောလား၊ ကိုင်း ငါကိုယ်တော် ယုံပြီမို့ သွားပြန်ပို့စေ" ဆိုပြန်တော့ မုဆိုးကြီးလည်း ရသေ့ကြီးကို ချီပြီး ပြန်ပို့ ရရှာတယ်။

ရသေ့ကြီး နေတဲ့ တဲကိုလည်း ရောက်ရော မုဆိုးကြီးမှာ သေမတတ် မောပန်းနေလို့ တဲပေါ်မှာ ပက်လက် လန်သွားတယ်။ အဲ့ဒီတော့ ရသေ့ကြီးက ပြောတယ်။

"ငါ မင်းကို မှာလိုက်ပါရောလား၊ ငါနှာခေါင်းရှည်တာ အရေးမကြီးဘူး မင်း လျှာမရှည်ပါနဲ့ ဆိုတာကို ခုတော့ ဒုက္ခ ခံရပြီမလား" လို့ ပြောလိုက်ပါတယ်။

Crd

Zawgyi

လွ်ာရွည္ေသာ မုဆိုးၾကီး

ေရွးေရွးတုန္းက မုဆိုးတေယာက္ဟာ ေတာထဲကို အမဲလိုက္ သြားရင္း ရေသ့တပါးတည္း သီတင္းသုံး ေနထိုင္တဲ့ တဲအိမ္ေလးကို ေရာက္သြားခဲ့တယ္။ ရေသ့ႀကီးဟာ ထူးျခားစြာပဲ ႏွာေခါင္း ရွည္ေနတယ္။

ဒါကို မုဆိုးႀကီးက ျမင္ၿပီး "အရွင္ရေသ့ႀကီးရဲ႕ ႏွာေခါင္းႀကီးက ရွည္ေနတာ ပါလား" လို႔ ေျပာေတာ့ ရေသ့ႀကီးက "ေအး၊ ငါ့ႏွာေခါင္း ရွည္တာက အေရးမႀကီးဘူး။ မင္း လွ်ာမရွည္ေစနဲ႔" လို႔ ျပန္ေျပာ လိုက္တယ္။

မုဆိုးႀကီးလည္း အိမ္ျပန္ ေရာက္ေတာ့ သူ႔မိန္းမကို ျပန္ေျပာျပ တာေပါ့။ "မိန္းမေရ ငါဒီေန႔ ေတာထဲမွာ ထူးထူး ဆန္းဆန္း ႏွာေခါင္း ရွည္ေနတဲ့ ရေသ့ႀကီး တပါးကို ေတြ႕ခဲ့တယ္" လို႔ ေျပာျပ လိုက္တယ္။

သိတဲ့အတိုင္း ဗူးတရာသာ ပိတ္ဆို႔ဖို႔ လြယ္ေပမဲ့ ပါးစပ္ေပါက္ တခုကိုေတာ့ ပိတ္ဖို႔ရာ မလြယ္ဘူးေလ။ အဲဒီလိုနဲ႔ ရေသ့ႀကီး ႏွေခါင္း ရွည္ေနတဲ့ သတင္းဟာ တဆင့္စကား တဆင့္နား နဲ႔ပဲ ဘုရင္ႀကီးဆီကို ေရာက္သြားခဲ့တယ္။

ဒါေပမယ့္ ဘုရင္ႀကီးက မယုံပါဘူးတဲ့။ အဲ့တာကို ဘယ္သူ ေျပာတာလဲ ေပါ့။ ေျပာသူ ငါ့ေရွ႕ေတာ္ကို ေခၚလာ ဆိုေတာ့ မူးမတ္တို႔လည္း ေျပာသူမုဆိုးႀကီးကို ဘုရင့္ဆီ ေခၚလာခဲ့ ၾကရတယ္။

မုဆိုးႀကီးက ေတာထဲမွာ သူတကယ္ ေတြ႕ျမင္ခဲ့ ရတယ္လို႔ ဘုရင္ႀကီးကို ေျပာျပေတာ့ "အဲ့ဒါဆို ရေသ့ႀကီးကို ငါ့ဆီ ပင့္ခဲ့ေစ" ဆိုေတာ့ မုဆိုးႀကီးလည္း ေတာထဲက ရေသ့ႀကီးကို သြားပင့္ရ ေတာ့တာေပါ့။ မပင့္ရင္လည္း ဘုရင့္အမိန႔္ ဖီဆန္ရာ က်မွာကိုး။

ရေသ့ႀကီးက "ငါ လမ္း မေလွ်ာက္ႏိုင္လို႔ ခ်ီေခၚရင္ လိုက္မယ္" ဆိုေတာ့ မုဆိုးလည္း ရေသ့ႀကီးကို ခ်ီၿပီး ခရီးေဝးႀကီးကို ပင္ပန္းစြာ လာခဲ့ရတယ္။

နန္းေတာ္ေရာက္ေတာ့ ဘုရင္ႀကီးက ျမင္ၿပီး "ေအာ္ ဟုတ္ပါေရာလား၊ ကိုင္း ငါကိုယ္ေတာ္ ယုံၿပီမို႔ သြားျပန္ပို႔ေစ" ဆိုျပန္ေတာ့ မုဆိုးႀကီးလည္း ရေသ့ႀကီးကို ခ်ီၿပီး ျပန္ပို႔ ရရွာတယ္။

ရေသ့ႀကီး ေနတဲ့ တဲကိုလည္း ေရာက္ေရာ မုဆိုးႀကီးမွာ ေသမတတ္ ေမာပန္းေနလို႔ တဲေပၚမွာ ပက္လက္ လန္သြားတယ္။ အဲ့ဒီေတာ့ ရေသ့ႀကီးက ေျပာတယ္။

"ငါ မင္းကို မွာလိုက္ပါေရာလား၊ ငါႏွာေခါင္းရွည္တာ အေရးမႀကီးဘူး မင္း လွ်ာမရွည္ပါနဲ႔ ဆိုတာကို ခုေတာ့ ဒုကၡ ခံရၿပီမလား" လို႔ ေျပာလိုက္ပါတယ္။

Crd

Post a Comment

0 Comments