တနေ့သောအခါ ကြွက်တကောင်က စိန်တပွင့်ကို မျိုသွားတော့ ပိုင်ရှင်က ကြွက်ကို ဖမ်းဖို့ လူတယောက်ကို ခိုင်းတယ်။
ကြွက်ဖမ်းသမားက ကြွက်တွေကို ဖမ်းဖို့ အစာကြွေးတဲ့ အခါ ကြွက်တွေ အများကြီး ရောက်လာတယ်။
ဒါပေမယ့် ကြွက်တကောင်ဟာ တခြား ကြွက်တွေနဲ့ မရောဘဲ သီးခြား ခွဲနေတာကို သတိထား မိတယ်။
ကြွက်ဖမ်းသမားဟာ အဲ့ဒီ ကြွက်ကို ရွေး ဖမ်းပြီး သတ်လိုက်တယ်။
အဲ့ဒီ ကြွက်ဟာ စိန်ကို မျိုသွားတဲ့ ကြွက် ဖြစ်နေတာကို အံ့သြစွာ တွေ့လိုက် ရတယ်။
စိန်ပိုင်ရှင်က အံ့သြစွာ မေးလိုက်တယ် "ခင်ဗျား ဒီကြွက်မှန်း ဘယ်လိုလုပ် သိတာလဲ"
ကြွက်ဖမ်းသမားက ပြန်ပြောတယ်။ "လွယ်ပါတယ်ဗျာ အရူးတွေ ကောင်းစားသွားရင် သူများနဲ့ မတူဘူးလေ"
crd
Zawgyi
စိန်မျိုတဲ့ကြွက်
crd
0 Comments