လမင်းကြီးပေါ်က ယုန်ကလေး

ဟိုး ရှေးရှေးတုန်းကပေါ့။ လပေါ်က အဘိုးအိုဟာ တောကြီး တခုထဲကို ကြည့်လိုက်တယ်။ အဘိုးအိုဟာ တောထဲမှာ ယုန်ရယ်၊ မျောက်ရယ်၊ မြေခွေးတို့ဟာ အဆွေခင်ပွန်း ဖွဲ့ပြီး နေထိုင် ကြတာကို တွေ့လိုက် ရတယ်။

အဘိုးအိုဟာ "ဘယ်သူက အကြင်နာ တတ်ဆုံးလဲ ဆိုတာ ဆင်းပြီး စုံစမ်းဦးမှ" လို့ တွေးမိသတဲ့။ အဲဒါနဲ့ သူဟာ သူတောင်းစားအိုကြီး တယောက်အဖြစ် အယောင်ဆောင် လိုက်ပြီး တောထဲကို သွားတယ်။

"ဆာလွန်းလို့ပါ၊ ကယ်ကြပါ" ဆိုပြီး ယုန်၊ မြေခွေး၊ မျောက်တို့ ဆီမှာ အကူအညီ တောင်းတယ်။

ထိုအခါ ယုန်ရယ်၊ မျောက်ရယ်၊ မြေခွေးတို့ဟာ "အို၊ သနားစရာ သူတောင်းစားအိုကြီးပဲ" လို့ သူတို့က ပြောပြီး အစားအသောက် တခုခု ရှာပေးဖို့ ထွက်သွား ကြတယ်။

မျောက်က သစ်သီးတွေ ယူလာတယ်။ မြေခွေးက ငါးတကောင် ဖမ်းလာတယ်။ ယုန်ကတော့ ဘာမှ ရမလာဘူး။ "ဒုက္ခပါဘဲ၊ ဒုက္ခပါဘဲ၊ ငါဘာလုပ်ရမလဲ" လို့ အော်ရင်း ယုန်က အကြံ တခု ရသွားတယ်။

"ကိုမျောက် ကျနော့်ကို ထင်းရှာပေး ပါဗျာ။ ကိုမြေခွေးက မီးဖို လုပ်ပေးပါ" လို့ ပြောလိုက်တယ်။


မီးဖိုမှာ မီးရတော့ သူတောင်းစားအိုကြီးကို ယုန်က "ကျနော့်မှာ အဘိုးကို ပေးစရာ အစာတော့ မရှိပါဘူး။ ဒါကြောင့် ကျနော် မီးပုံထဲကို ခုန်ဆင်း လိုက်ပါမယ်။ ကျနော့် အသား ကျက်ရင် စားလိုက်ပါ ခင်ဗျာ" လို့ ပြောတယ်။ ပြီးတော့ ယုန်ဟာ မီးပုံထဲကို ခုန်ဆင်းဖို့ ပြင်တယ်။


အဲဒီ အချိန်မှာပဲ လပေါ်က အဘိုးအိုဟာ သူ့ရဲ့ မူလရုပ်သွင်ကို ပြန်ပြောင်း လိုက်တယ်။ အဘိုးက "သင်ဟာ အကြင်နာတတ်ဆုံး ပါပဲ။ သင့်ကိုယ်သင် အနာခံပြီး ကူညီဖို့ မလိုတော့ပါဘူး။ ငါနဲ့အတူ ထာဝရ နေထိုင်ဖို့ သင့်ကို ခေါ်သွားပါမယ်" လို့ ပြောတယ်။


အဲဒီနောက်မှာ အဘိုးအိုဟာ ယုန်ကို ပွေ့ချီပြီး လမင်းဆီကို ခေါ်သွားတယ်။ လသာတဲ့ ညမှာဆို လပေါ်မှာ အဘိုးအိုနဲ့ ကြင်နာ သနားတတ်တဲ့ ယုန်ငယ်ကို ယနေ့တိုင် တွေ့နိုင်ကြ ပါသေးတယ်။

မည်သူ့အပေါ် မဆို စေတနာကောင်း ထားပါ။ ကိုယ့်စေတနာ ကိုယ့်ကို ပြန် အကျိုးပေး ပါလိမ့်မယ်။

Crd

Zawgyi

လမင္းျကီးေပါ္က ယုန္ကေလး

ဟိုး ေရွးေရွးတုန္းကေပါ့။ လေပၚက အဘိုးအိုဟာ ေတာႀကီး တခုထဲကို ၾကည့္လိုက္တယ္။ အဘိုးအိုဟာ ေတာထဲမွာ ယုန္ရယ္၊ ေမ်ာက္ရယ္၊ ေျမေခြးတို႔ဟာ အေဆြခင္ပြန္း ဖြဲ႕ၿပီး ေနထိုင္ ၾကတာကို ေတြ႕လိုက္ ရတယ္။

အဘိုးအိုဟာ "ဘယ္သူက အၾကင္နာ တတ္ဆုံးလဲ ဆိုတာ ဆင္းၿပီး စုံစမ္းဦးမွ" လို႔ ေတြးမိသတဲ့။ အဲဒါနဲ႔ သူဟာ သူေတာင္းစားအိုႀကီး တေယာက္အျဖစ္ အေယာင္ေဆာင္ လိုက္ၿပီး ေတာထဲကို သြားတယ္။

"ဆာလြန္းလို႔ပါ၊ ကယ္ၾကပါ" ဆိုၿပီး ယုန္၊ ေျမေခြး၊ ေမ်ာက္တို႔ ဆီမွာ အကူအညီ ေတာင္းတယ္။

ထိုအခါ ယုန္ရယ္၊ ေမ်ာက္ရယ္၊ ေျမေခြးတို႔ဟာ "အို၊ သနားစရာ သူေတာင္းစားအိုႀကီးပဲ" လို႔ သူတို႔က ေျပာၿပီး အစားအေသာက္ တခုခု ရွာေပးဖို႔ ထြက္သြား ၾကတယ္။

ေမ်ာက္က သစ္သီးေတြ ယူလာတယ္။ ေျမေခြးက ငါးတေကာင္ ဖမ္းလာတယ္။ ယုန္ကေတာ့ ဘာမွ ရမလာဘူး။ "ဒုကၡပါဘဲ၊ ဒုကၡပါဘဲ၊ ငါဘာလုပ္ရမလဲ" လို႔ ေအာ္ရင္း ယုန္က အႀကံ တခု ရသြားတယ္။

"ကိုေမ်ာက္ က်ေနာ့္ကို ထင္းရွာေပး ပါဗ်ာ။ ကိုေျမေခြးက မီးဖို လုပ္ေပးပါ" လို႔ ေျပာလိုက္တယ္။

မီးဖိုမွာ မီးရေတာ့ သူေတာင္းစားအိုႀကီးကို ယုန္က "က်ေနာ့္မွာ အဘိုးကို ေပးစရာ အစာေတာ့ မရွိပါဘူး။ ဒါေၾကာင့္ က်ေနာ္ မီးပုံထဲကို ခုန္ဆင္း လိုက္ပါမယ္။ က်ေနာ့္ အသား က်က္ရင္ စားလိုက္ပါ ခင္ဗ်ာ" လို႔ ေျပာတယ္။ ၿပီးေတာ့ ယုန္ဟာ မီးပုံထဲကို ခုန္ဆင္းဖို႔ ျပင္တယ္။

အဲဒီ အခ်ိန္မွာပဲ လေပၚက အဘိုးအိုဟာ သူ႔ရဲ႕ မူလ႐ုပ္သြင္ကို ျပန္ေျပာင္း လိုက္တယ္။ အဘိုးက "သင္ဟာ အၾကင္နာတတ္ဆုံး ပါပဲ။ သင့္ကိုယ္သင္ အနာခံၿပီး ကူညီဖို႔ မလိုေတာ့ပါဘူး။ ငါနဲ႔အတူ ထာဝရ ေနထိုင္ဖို႔ သင့္ကို ေခၚသြားပါမယ္" လို႔ ေျပာတယ္။

အဲဒီေနာက္မွာ အဘိုးအိုဟာ ယုန္ကို ေပြ႕ခ်ီၿပီး လမင္းဆီကို ေခၚသြားတယ္။ လသာတဲ့ ညမွာဆို လေပၚမွာ အဘိုးအိုနဲ႔ ၾကင္နာ သနားတတ္တဲ့ ယုန္ငယ္ကို ယေန႔တိုင္ ေတြ႕ႏိုင္ၾက ပါေသးတယ္။

မည္သူ႔အေပၚ မဆို ေစတနာေကာင္း ထားပါ။ ကိုယ့္ေစတနာ ကိုယ့္ကို ျပန္ အက်ိဳးေပး ပါလိမ့္မယ္။

Crd

Post a Comment

0 Comments