မျောက်ဘုရင်နှင့် မြေခွေး

ဟိုးရှေးရှေးတုန်းက တောအုပ်ကြီး တခုမှာ မျောက်တကောင်ဟာ တိရိစ္ဆာန် တွေရဲ့ အစည်းအဝေး အခမ်းနား တခု ရှေ့မှာ ကပြ ခဲ့တယ်။

ထိုအခါ ကျန်တိရိစ္ဆာန် တွေက သူ့ကို အရမ်း အထင်ကြီး သွားပြီး သူတို့ရဲ့ ဘုရင် အဖြစ် တင်မြှောက် လိုက်ကြတယ်။

အဲဒီ ကိစ္စကို မြေခွေး တကောင်က မနာလို ဖြစ်နေတယ်။ မြေခွေးဟာ အသားတုံး တတုံး ထည့်ထားတဲ့ ထောင်ချောက် တခုကို တွေ့မြင် ထားပြီး အဲဒီ ထောင်ချောက်နားကို တောဘုရင် မျောက်ကို ခေါ်ဆောင်သွားတယ်။

ပြီးတော့ မျောက်ကို "ဒါကတော့ ကျွန်ုပ် ဂရုတစိုက် ရွေးချယ်ထားတဲ့ စားကောင်းသော စားဖွယ် တမျိုးပါ။ ကျွန်ုပ် စားမည့် အစား သင့်ရဲ့ တော်ဝင် ရာထူးကို အခွင့်ထူး ပေးအပ်သော အနေဖြင့် ကျွန်ုပ်က သင့်အတွက် သိမ်းထားတာပါ။ ဒါကြောင့် သုံးဆောင်တော် မူပါ" လို့ မြေခွေးက မျောက်ကို ပြောလိုက်တယ်။

မျောက်ကလည်း အဲဒီနေရာကို မဆင်မခြင် ပျော်ရွှင်စွာ သွားလိုက်တော့ ထောင်ချောက်ထဲမှာ မိသွားပါတော့တယ်။ မျောက်ကလည်း သူ့ကို ထောင်ချောက် ဆင်တာပဲ လို့ မြေခွေးကို ပြောလိုက်တယ်။


ထိုအခါ မြေခွေးက "သင့်လို မိုက်မဲတဲ့ ကောင်က တိရိစ္ဆာန်တွေရဲ့ ဘုရင် ဖြစ်သွားတယ် ဆိုတာ အံ့ပါရဲ့ဗျာ" ဟု မြေခွေးက ပြန်ပြော လိုက်ပါတော့တယ်။


တိရိစ္ဆာန်တွေက တင်မြှောက်လိုက် လို့သာ ဘုရင် ဖြစ်နေပေမယ့် တကယ်တမ်း မှာတော့ ဦးနှောက်မရှိတဲ့ မျောက်အဖြစ်ကို ကြည့်ပြီး သင်ခန်းစာ ယူရပါမယ်။

ပုံပြင်ထဲက မျောက်လို မဖြစ်စေဖို့ သတိတရား မမေ့ဖို့လည်း လိုအပ်ပါတယ်။ အကြောင်းအရာ တခုကို စဉ်းစား ဆင်ခြင်မှု မရှိဘဲ လုပ်မိရင် ဒုက္ခ ရောက်တတ်တယ် ဆိုတဲ့ အကြောင်းကို သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။

Crd

Zawgyi

ေမ်ာက္ဘုရင္ႏွင့္ ေျမေခြး

ဟိုးေရွးေရွးတုန္းက ေတာအုပ္ႀကီး တခုမွာ ေမ်ာက္တေကာင္ဟာ တိရိစာၦန္ ေတြရဲ႕ အစည္းအေဝး အခမ္းနား တခု ေရွ႕မွာ ကျပ ခဲ့တယ္။

ထိုအခါ က်န္တိရိစာၦန္ ေတြက သူ႔ကို အရမ္း အထင္ႀကီး သြားၿပီး သူတို႔ရဲ႕ ဘုရင္ အျဖစ္ တင္ေျမႇာက္ လိုက္ၾကတယ္။

အဲဒီ ကိစၥကို ေျမေခြး တေကာင္က မနာလို ျဖစ္ေနတယ္။ ေျမေခြးဟာ အသားတုံး တတုံး ထည့္ထားတဲ့ ေထာင္ေခ်ာက္ တခုကို ေတြ႕ျမင္ ထားၿပီး အဲဒီ ေထာင္ေခ်ာက္နားကို ေတာဘုရင္ ေမ်ာက္ကို ေခၚေဆာင္သြားတယ္။

ၿပီးေတာ့ ေမ်ာက္ကို "ဒါကေတာ့ ကြၽႏ္ုပ္ ဂ႐ုတစိုက္ ေ႐ြးခ်ယ္ထားတဲ့ စားေကာင္းေသာ စားဖြယ္ တမ်ိဳးပါ။ ကြၽႏ္ုပ္ စားမည့္ အစား သင့္ရဲ႕ ေတာ္ဝင္ ရာထူးကို အခြင့္ထူး ေပးအပ္ေသာ အေနျဖင့္ ကြၽႏ္ုပ္က သင့္အတြက္ သိမ္းထားတာပါ။ ဒါေၾကာင့္ သုံးေဆာင္ေတာ္ မူပါ" လို႔ ေျမေခြးက ေမ်ာက္ကို ေျပာလိုက္တယ္။

ေမ်ာက္ကလည္း အဲဒီေနရာကို မဆင္မျခင္ ေပ်ာ္႐ႊင္စြာ သြားလိုက္ေတာ့ ေထာင္ေခ်ာက္ထဲမွာ မိသြားေတာ့တယ္။ ေမ်ာက္ကလည္း သူ႔ကို ေထာင္ေခ်ာက္ ဆင္တာပဲ လို႔ ေျမေခြးကို ေျပာလိုက္တယ္။

ထိုအခါ ေျမေခြးက "သင့္လို မိုက္မဲတဲ့ ေကာင္က တိရိစာၦန္ေတြရဲ႕ ဘုရင္ ျဖစ္သြားတယ္ ဆိုတာ အံ့ပါရဲ႕ဗ်ာ" ဟု ေျမေခြးက ျပန္ေျပာ လိုက္ပါေတာ့တယ္။

တိရိစာၦန္ေတြက တင္ေျမႇာက္လိုက္ လို႔သာ ဘုရင္ ျဖစ္ေနေပမယ့္ တကယ္တမ္း မွာေတာ့ ဦးေႏွာက္မရွိတဲ့ ေမ်ာက္အျဖစ္ကို ၾကည့္ၿပီး သင္ခန္းစာ ယူရပါမယ္။

ပုံျပင္ထဲက ေမ်ာက္လို မျဖစ္ေစဖို႔ သတိတရား မေမ့ဖို႔လည္း လိုအပ္ပါတယ္။ အေၾကာင္းအရာ တခုကို စဥ္းစား ဆင္ျခင္မႈ မရွိဘဲ လုပ္မိရင္ ဒုကၡ ေရာက္တတ္တယ္ ဆိုတဲ့ အေၾကာင္းကို သင္ခန္းစာ ေပးထားတာ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments