မျောက်နှင့် မြည်း
ဟိုးရှေးရှေးတုန်းက တောအုပ် တခုထဲမှာ နေထိုင်ကြတဲ့ မြည်းတကောင်နဲ့ မျောက်တကောင် တို့ဟာ အငြင်း ပွားနေ ကြတယ်။
မျောက်က ပြောတယ်။ "မြက်ရဲ့ အရောင်ဟာ အစိမ်းရောင်"
မြည်းက ငြင်းတယ်။ "မဟုတ်ဘူး၊ မြက်ရဲ့ အရောင်က အနက်ရောင်"
အစိမ်းရောင်နဲ့ အနက်ရောင် ဆိုပြီး နှစ်ကောင်သား ငြင်းရင်း ရန်ဖြစ်ရင်းနဲ့ နောက်ဆုံး ခြင်္သေ့မင်းဆီ အဆုံးအဖြတ် ခံယူဖို့ ရောက်လာ ကြတယ်။
ခြင်္သေ့မင်းက မျောက်နဲ့ မြည်းရဲ့ စကားကို သေချာ နားထောင်ပြီး နောက်ဆုံးမှာ မျောက်ကို "ထောင်ခြောက်လ ကျခံစေ" လို့ အမိန့်ချ လိုက်တယ်။
မျောက်က "အရှင်ခြင်္သေ့မင်း၊ မြက်ဟာ အစိမ်းရောင် မဟုတ်လို့လား" လို့ မကျေမနပ်နဲ့ ပြန်မေးတယ်။
ခြင်္သေ့မင်းက "ဟုတ်တယ်၊ မြက်က အစိမ်းရောင် မှန်တယ်။ ဒါပေမဲ့ အသိတရား မဲ့တဲ့ မြည်းလိုကောင်နဲ့ ငြင်းခုန်လို့ မင်းကို အပြစ်ပေး ရတာ" ဆိုပြီး ပြောလိုက်ပါတယ်။
ဘဝက တိုတောင်း လွန်းလှပါတယ်။ မြည်းလို လူတွေနဲ့ ငြင်းခုန်ပြီး အချိန် မဖြုန်းပါနဲ့။
Crd
Zawgyi
မျောက်နှင့် မြည်း
Crd
Post a Comment
0 Comments