မျက်နှာကို ရေတစ်မျိုးတည်းနဲ့ပဲသစ်ရင် ပြောင်းလဲလာမယ့် ကောင်းကျိုး (၅) ခု

တောက်ပတဲ့ glow skin ရဖို့ skincare ပစ္စည်းပေါင်း သောင်းခြောက်ထောင်ကို အသုံးပြုရပါတယ်။ Cleanser, moisturizers, mask, oils တွေနဲ့ မျက်နှာအသားအရေကို နုပျိုအောင် လုပ်ကြရပါတယ်။ မျက်နှာအသားရေကို လုံးဝကို glow သွားစေမယ့် နည်းလမ်းတစ်ခု ရှိပါတယ်။

အဲဒီ နည်းလမ်းကိုတော့ လူအများစုက မယုံကြည်ကြပါဘူး။ အဲဒါကတော့ မျက်နှာကို ရေတစ်မျိုးတည်းနဲ့ပဲ သစ်ရမှာပါ။ မျက်နှာကို ရေတစ်မျိုးတည်းနဲ့ပဲ သစ်ရင် ဘယ်လို ကောင်းကျိုးတွေ ရလာမလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အသားအရေ ချောမွေ့လာခြင်း

Cleanser တွေက မျက်နှာပေါ်က သဘာဝအဆီတွေကို ခွာချလိုက်သလို ဖြစ်စေတာကြောင့် အသားအရေက ခြောက်လာပါတယ်။ အသားအရေက နီပြီး ခြောက်လာသလို ခံစားရရင် cleanser ကို မသုံးဘဲ ရေတစ်မျိုးတည်းနဲ့ မျက်နှာသစ်ကြည့်ပါ။

၂။ ဝက်ခြံနည်းလာခြင်း

Cleanser က မျက်နှာပေါ်က အဆီတွေကို လျော့စေမယ်လို့ လူအများက ထင်ကြပါတယ်။ တကယ်တော့ ဆန့်ကျင်ဘက်ပါပဲ။ အသားအရေက ရေဓါတ်ခန်းခြောက်နေရင် အဆီက ပိုထွက်လာမှာပါပဲ။ အဆီတွေ ပိုထွက်လာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ချွေးပေါက်တွေ ကျယ်လာပါတယ်။ အဲဒါကြောင့် မျက်နှာကို ရေအေးနဲ့ သစ်ရင် ဝက်ခြံတွေနည်းလာကို တွေ့ရမှာပါ။

၃။ ပိုမိုနုပျိုလာခြင်း

ရေအေးက မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာတာကို နှေးသွားစေပါတယ်။ မျက်နှာသစ်တဲ့အခါ ရေနွေးနဲ့သစ်ရင် အသားအရေ ပြဿနာတွေ ပိုဖြစ်လာစေလို့ ရေနွေးနဲ့ မျက်နှာမသစ်ဖို့တော့ အရေးကြီးပါတယ်။ ဆပ်ပြာနဲ့ cleanser တွေဟာ ယေဘုယျအားဖြင့် အယ်လ်ကာလိုင်း (pH 9-11) တွေပါပဲ။ အယ်လ်ကာလိုင်းတွေက အသားအရေ တင်းရင်းနေတာတွေကို လျော့ရွဲသွားစေပါတယ်။ နောက်ပိုင်းမှာတော့ အရေးအကြောင်းတွေ ပေါ်လာပါတယ်။

၄။ ဓါတ်မတည့်တာတွေ နည်းသွားခြင်း

Cleanser သုံးရင် ဓါတ်မတည့်သူ၊ အဖုတွေ ပေါက်တတ်သူတွေအတွက် ရေနဲ့ မျက်နှာသစ်တာက တကယ်အလုပ် ဖြစ်ပါတယ်။ Cleanser နဲ့ တည့်၊ မတည့်သိဖို့အတွက် လက်မှာ စမ်းသပ်ကြည့်လို့ ရပါတယ်။ တချို့ cleanser တွေက အနီကွက်တွေ ဖြစ်လာတာ၊ အဖုအပိမ့်တွေ ပေါက်လာတာတွေ ဖြစ်စေပါတယ်။

၅။ အသားအရေအတွက် အနားရသွားခြင်း

မိတ်ကပ်နဲ့ အခြား beauty product တွေကို ရေရှည်သုံးရင် အသားအရေက ထင်ထားသလောက် ကောင်းကျိုးသက်ရောက်မှုရမှာ မဟုတ်ပါဘူး။ မျက်နှာအသားအရေအတွက် မိတ်ကပ်ကို အချိန်ခဏကြာ မလိမ်းဘဲ အနားပေးဖို့လည်း လိုပါသေးတယ်။ မိတ်ကပ်မလိမ်းဘဲ နေတဲ့အချိန်မှာ မျက်နှာကို ရေနဲ့သာ သစ်ပါ။ မိတ်ကပ်မလိမ်းတဲ့အချိန်မှာ မျက်နှာကို ရေတစ်မျိုးတည်းနဲ့သစ်ရင် အသားအရေ အရမ်းကြည်လာတာကို တွေ့ရမှာပါ။

Bouns

မျက်နှာကို ရေနဲ့ သစ်တာက အမြဲတမ်းတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်နှာအသားအရေကို အနားပေးတဲ့အနေနဲ့ cleanser နဲ့မျက်နှာသစ်လိုက်၊ ရေနဲ့ မျက်နှာသစ်လိုက် တစ်လှည့်စီ လုပ်ပေးရင်တော့ ထူးခြားတဲ့ ရလဒ်ကို ရလာမှာပါ။ မျက်နှာအသားအရေအတွက် ရေများများသောက်ဖို့က အရေးအကြီးဆုံး ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments