ဆရာမင်းသုခ၏ ၂၀၂၂ ခုနှစ် ၁ လပိုင်းအတွက် တစ်လစာဟောစာတမ်း

မင်္ဂလာပါ မိတ်ဆွေအားလုံးအတွက် 2022 ခုနှစ် 1 လပိုင်းအတွက် တစ်လစာဟောစာတန်းလေး တင်ပေးလိုက်ပါတယ်ခင်များ

1.1.2022 မှ 31.1.2022 ထိ ခုနှစ်ရက်သားသမီး အားလုံးအတွက် ဟောစာတန်း

မိတ်ဆွေများရဲ့ ဘဝအခက်အခဲ ကောင်းကျိုးဆိုးကျိုးများကို သေချာသိရှိနိုင်စေရန်အတွက် ဆရာမင်းသုခ ကိုယ်တိုင် ရေးသားပြုစု ပေးလိုက်ပါတယ်။ သင်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် ရှယ်လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါ။

နက္ခတ္တဗေဒ ပညာရှင်

ဗေဒင် နှင့် လက္ခဏာ ဆရာမင်းသုခ

မန္တလေးမြို

09-440243656

၇၃ လမ်း/ ၃၄-၃၅ လမ်းကြား

တနင်္ဂနွေသားသမီးများ

ဒီလအတွင်း မထင်မှတ်ထားသော ငွေများ ဝင်ကိန်းရှိသည်။ နိုင်ငံခြားနဲ့ပတ်သက်သော လုပ်ငန်းများ ၊ ဘာသာရေး နဲ့ပတ်သက်သော လုပ်ငန်းများ အဆင်ပြေ အောင်မြင်မှုရမည်။ မိတ်ဆွေ ဆရာသမားများ ကူညီမှု ရမည်။

မရည်ရွယ်ပဲ ခရီးထွက်ရ ကိန်း ရှိပါသည်။ လက်အောက်ငယ်သား (သို့) အုပ်စုနဲ့ပတ်သက် ပြီး စိတ်အနှောက်အယှက်ဖြစ် ရတတ်ပါသည်။ ငွေကြေးကတော့ အထွက်များပြီး အာမခံ ကြွေးတင်တတ်ပါသည်။ ငွေမချေးပါနှင့် အာမ မခံပါနှင့် စိတ်သောက ရောက်ရခြင်း ၊ ငွေဆုံးရှုံးရခြင်းတို့ ဖြစ်တတ်ပါသည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့် မကြာမကြာစကားများသည်က လွဲ ပြီး အဆင်ပြေနေမည်။ ငယ်ရွှယ်သူများ အချစ်ရေး ငွေကြေး ကံမကောင်းပါ။ ချစ်သူကြောင့် စိတ်သောက ရောက်ရမည့် ကာလဖြစ်ပါသည်။ မိမိအား လမ်းခွဲသွားတတ်ပါသည်။ ချစ်သူနှင့် နုတ်မဆက်ပဲ ရုတ်ရက် လမ်းခွဲရခြင်းမျိုး ကြုံရ တတ်ပါသည်။

ခြေလက် ထိခိုက်မည့်ကိန်း ရှိပါသည်။ အလုပ်အကိုင်ကောင်းသောလည်း အလုပ်ထဲ တွင် စိတ်မပါသလို ဖြစ်နေ တတ်ပါသည်။ အလိုလိုနေရင်း စိတ်တိုနေတတ်ပြီး အင်္ဂါသားသမီး/ အုပ်စု/ ဆွေမျိုးသားချင်း / အကြီး အကဲ ကြောင့် စိတ် အနှောက် အယှက်ဖြစ် ရတတ်ပါသည်။ တနင်္လာနေ့၊ သောကြာနေ့တွင် ခရီးဝေးရှောင်ပါ။ အထူးသဖြင့် ၎င်းနေ့တွင် အရှေ့အရပ် မြောက်အရပ် ခရီး ကို ရှောင်ပါ။

ယတြာ အုန်း (၆) ညွန့်+ သပြေ (၁၁) ညွန့်ကို ဘုရားမှာ ကပ်လှူပေးပါ။ အရဟံသိဒ္ဓိ ကို တစ်နေ့ ၉ ပတ် ပုတီး စိတ်ပေးပါ။ မိမိလိုအင် ဆန္ဒများ ပြည်စုံသွားပါလိမ့်မည်။

တနင်္လာသားသမီးများ

နိုင်ငံခြားနဲ့ပတ်သက်သောကိစ္စ ၊ အထည်အလိပ် နဲ့ပတ်သက်သော ကိစ္စများ အဆင်ပြေအောင်မြင်မည်။ ရပ်ဝေးခရီး ၊ နိုင်ငံခြားခရီး သွားရတတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်ကြောင့် စိတ်အနှောက်အယှက်ဖြစ် စကားများ ရတတ်ပါသည်။

မိတ်ရင်းဆွေရင်း ငွေပေးငွေယူသတိထားပါ။ ငွေချေးခြင်း အာမခံခြင်းပြုပါက စိတ်ညစ်ရမည်။ ငွေချေးထားသူများ ၊ အာမခံထား သူများ ပြန်လည်းပေးဆပ်မှု အားနည်းတာ ကြုံရတတ်ပါသည်။ ငွေကြေး အထွက်များနေတတ်သည်။ အကြွေးတင်တတ်သည်။ အကြွေးဆုံးတတ်သည်။ ငွေလိမ်ခံရတတ်ပါသည်။

အဆောက်အဦးနဲ့ပတ်သက်သောကိစ္စ လုပ်သူများ တို့လို့ တန်းလန်းနဲ့ ကြံကြာနေတတ်ပါသည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်ပါသည်။ ဝင်ထားသော ရွှေများ ပြန်ထွက်ကိန်း ရှိပါသည်။ ငယ်ရွယ်သူများ ပညာအသစ်ရခြင်း ၊ သင်းတန်းတက်ရခြင်းများ ကြုံမည်။ ချစ်သူရှိသူများ ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး စိတ်ပျက် စိတ်ရှုပ်ရတတ်ပါသည်။

ဝန်ထန်းများအနေနဲ့ လက်ရှိအလုပ်မှ တစ်ခြားအလုပ်သို့ ပြောင်းလို ရွှေ့လို စိတ်ဖြစ်တတ်ပါသည်။ ပြောင်းရတတ်ပါသည်။ ကျန်းမာရေး အနေနဲ့ အကြော၊ ကြောအောင့်ခြင်း ၊ လေအောင့် ၊ လေးဘက်နာ ၊ အဆစ်အမြစ်ကိုက်ခြင်း ဖြစ်တတ် ပါသည်။ ကျောက်ကပ် ၊ သွေးတိုး နဲ့ပတ်သက်သော ရောဂါရှင်များ သတိထားပါ။ ကျန်းမာရေး ဂရုစိုက်ပေးပါ။

ယတြာ ပိတောက် ၁၂ ညွန့် ဘုရားလှူပေးပါ။ ပိတောက်သားပုတီးနဲ့ ဗုဒ္ဓွေွါ ဂုဏ်တော်ကို တစ်နေ့ ၁၂ ပတ် စိတ်ပေးပါ။ မေတ္တာသုတ် ၊ ပဌာန်း ကို နေ့စဉ်ရွတ်ပေးပါ။

အင်္ဂါသားသမီး များ အတွက်

ဒီလအတွင်းတော့ အလုပ်အကိုင်ကောင်းမလိုလိုနဲ့ အခက်အခဲနဲ့ ကြုံတွေ့ရတတ်ပါတယ်။ မိမိ၏လုပ်ငန်းတွင် တစ်ခြားသူတစ်ယောက်ကြောင့် အဆင်မပြေကြံံ့ကြာမှုများ ဖြစ်နေတတ်ပါတယ်။ လုပ်ငန်းကိစ္စထင်သလောက် ဖြစ်မလာခြင်းများ ကြုံရတတ်ပါတယ်။ လုပ်ငန်းသစ်လုပ်သူများ ၊ အိမ် ၊ ခြံ ၊ မြေ အရောင်းအဝယ်လုပ်သူများ ချိန်းပြီး မှ ပျက်တတ်ပါတယ်။

ငွေအထွက်များနေမည်။ လောင်းကစားလုပ်သူများ အကြွေးတင်ကိန်း ရှိသောကာလ ဖြစ်ပါသည်။ အလုပ်သစ်လုပ်သူများ ၊ အိမ်ကိစ္စ လုပ်ဆောင်သူများ အဆင်ပြေမလို မပြေမလို နဲ့ ကြံံ့ကြာနေတတ်ပါသည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့်ပတ်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်ရ တတ်ပါသည်။ အချစ်ရေးနဲ့ပတ်သက်လို့ ရှေ့တိုးလို့ မရ ၊ နောက်ဆုတ်လို့ မဖြစ်တဲ့ အနေအထားမျိုးကို ကြုံရတတ်ပါတယ်။ ချစ်သူ ကြောင့် စိတ်အလို မကျ ဖြစ်ရသောကာလဖြစ်ပါသည်။

ငွေအထွက်များနေမည်။ ကျန်းမာရေးနှင့်ပတ်သက်လို့ ဆေးရုံ / ဆေးခန်းသွားရတတ်ပါသည်။ အစာအိမ်နှင့်ပတ်သက်ပြီး ကျန်းမာရေး ညံ့ခြင်း ၊ နှလုံးအားနည်းခြင်း ၊ စိတ်ဖိစီးမှုများခြင်း ၊ စိတ်သောကဖြစ်ခြင်း ၊ စိတ်အလို မကျခြင်း တို့ ဖြစ်တတ်ပါသည်။ ဆွေမျိုးသားခြင်းကြောင့်လည်း စိတ်ညစ်ရ တတ်ပါ သည်။

ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများကို ကို ငွေမချေးပါနဲ့ ဆုံးတတ်ပါတယ်။ ငွေအလိမ် ခံရတတ်ပါသည်။ ရွှေထွက်ကိန်း ရှိသည်။ လက်အောက်ငယ်သား ၊ ကိုယ့်ထက်ငယ်သော ဆွေမျိုးသားချင်း နဲ့ပတ်သက်ပြီး စိတ်ညစ်ရတတ်ပါသည်။ ခရီးထွက် ရ ကိန်း ရှိသည်။ ကိုယ်မထွက်လျှင် အိမ်မှ အကြီး အကဲ ၊ အိမ်ထောင်ဘက် ခရီးထွက်တတ်ပါသည်။ အိမ်ဆောက်မည်ကိစ္စရှိသူများ အဆင်ပြေမည်။

ယတြာ = ပန်းအဝါရောင် (၇) ပွင့်၊ ဖယောင်းတိုင် (၇) တိုင်၊ အမွှေးတိုင် (၇) တိုင် ပူဇော်ပေးပါ။

ဗုဒ္ဓဟူး သားသမီး များ

ဒီလ အတွင် စိန်ထည်ပစ္စည်း ၊ စက်ပစ္စည်း ဝင်ကိန်းရှိပါသည်။ ဆိုင်ကိစ္စ ၊ ဆိုင်ခန်းကိစ္စများ အဆင်ပြေအောင်မြင်မည်။ စပ်တူလုပ်ငန်းများ အဆင်ပြေအောင်မြင်မည်။ ဝန်ထမ်းလုပ်သူများ ရာထူးတိုးခြင်း ၊ ပြောင်းရွှေ့ရခြင်းများ ကြုံရတတ်ပါသည်။

အိမ်ပြင်စရာ ဆင်စရာ ကိစ္စပေါ်မည်။ ငွေကုန်ကြေးကျများနေတတ်ပါသည်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေသူများ အဆင်ပြေသွားတတ်ပါတယ်။ အချစ်ရေးကိစ္စတွင် ချစ်သူရှိလျှက်နှင့် ဆန်းပွင့် တတ်ပါသည်။ နိုင်ငံခြားလူမျိုးခြား နှင့် ပတ်သက်သောကိစ္စ အဆင်ပြေအောင်မြင်မည်။ လက်အောက်ငယ် ကူညီမှုကို ရတတ်ပါတယ်။

ရပ်ဝေးမှာ မိတ်ဟောင်းဆွေဟောင်း များနှင့် ပြန်တွေ့တတ်သည်။ ခရီးထွက်စရာ ကိစ္စများပေါ်တတ်ပါတယ်။ ခရီးထွက်ပြီး ပြန်လာလျှင် ညံ့နေတဲ့ကံများ ကောင်းသွားတတ်ပါသည်။ အမွေရမည့် ကိစ္စ ကြံ့ကြာနေတတ်မည် ။

ရွှေ အဟောင်းထွက်၍ အသစ်ဝင် ကိန်း ရှိပါတယ်။ ချစ်သူ ရည်းစား များ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် အဆင်ပြေ အောင်မြင်နေပါလိမ့်မည်။ ကျန်းမာရေး အနေနဲ့ အကြော ၊ အစာအိမ် ၊ ဗိုက် နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ပါ ။

ယတြာအနေနဲ့၂၄ ပစ္စည်းကို တစ်နေ့ ၂၄ ခေါက် ရွတ်ပေးပါ။ ဘုရား၏ ဗုဒ္ဓဟူးဒေါင့်မှာ ရေ သပ္ပါယ်ပါ။

ရာဟု သားသမီးများ အတွက်

မြေကိစ္စ အဆင်ပြေအောင်မြင်မည်။ ရပ်ဝေးမှာသင်းကောင်းကြားရတတ်သည်။ မိတ်ဆွေများ ၏ ကူညီမှုရရှိမည်။ စပ်တူ လုပ်ငန်း များ လုပ်ရ ကိန်း ရှိပါတယ်။

ပညာရေး အဆင်ပြေခြင်း ၊ သင်တန်းတက်ရခြင်း ၊ ဆရာသမားလို ပုဂ္ဂိုလ် များ ကူညီစောင့် ရှောက်ခြင်း ခံရတတ်ပါသည်။ ရွှေလက်ကောက်ရှိလျှင် ထွက်တတ်ပါသည်။ အလုပ်များ၍ စိတ်များရှုပ်နေရတတ်ပါမည်။ ဗုဒ္ဓဟူး ၊ စနေသားသမီး ကြောင့် စိတ်အနှောက်အယှက်များ ကြုံရတတ်ပါသည်။ ဗုဒ္ဒဟူး ၊ စနေ သားသမီး လက်အောက်ငယ်သား၊အလုပ်သမားများရှိလျှင်ထွက်သွားတတ်ပါတယ်။ စက်ပစ္စည်း ၊ ကား ၊ ဖုန်း ၊ မြေ ဝင်ကိန်း ရှိပါသည်။

ငွေကတော့ အဝင်ကြမ်း အထွက်ကြမ်းဖြစ်နေတတ်ပါသည်။ လုပ်ငန်းကောင်းပါသည်။ အလုပ်များလို့ ပင်ပန်းနေမည်။ လူအများနှင့် လုပ်ရသော လုပ်ငန်း များ ရက်ချိန်းများ ကြံကြာခြင်းချိန်းထားသောရက် မပေးနိုင်ခြင်းများ ဖြစ်တတ်ပါသည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့်ပတ်သက်၍ စိတ်ရှုပ်ရတတ်ပါသည်။ ခရီးထွက်မည် ထွက်မည်ဆိုပြီး ခရီးရက်ရွှေ့ရခြင်း ၊ ကြံကြာခြင်းများ ကြုံရတတ်ပါသည်။ သူများ အမှုအခင်း ပြဿနာများကို အကြံပေးဖြေရှင်းပေးရတတ်ပါသည်။

ချစ်သူသမီးရည်းစားများ အနေနဲ့အချစ်ရေး ကံကောင်းနေမည်။ ချစ်သူ၏ ဂရုစိုက်ချစ်ခင်မှုကို ခံရတတ်ပါသည်။ ချစ်သူမရှိသေးသူများ အချစ်သစ်တွေ့တတ်ပါသည်။

ယတြာအနေနဲ့ ဘုရားမှာ တံခွန် (၉) လက်လှူပေးပါ။ ဘာသာရေးလုပ်တတ်သူများ ဂုဏ်တော် ၉ ပါး ကို တစ်နေ့ ၉ ပတ် စိတ်ပေးပါ။

ကြာသပတေးသားသမီးများ

စီးပွားရေးလုပ်သူများ လုပ်ငန်းသစ်များလုပ်ရသော ကာလဖြစ်ပါသည်။ ငွေကြေးရင်းနှီးမြုတ်နှံံ့ ထားရသောကာလဖြစ်ပါသည်။ လုပ်ငန်းများ အောင်မြင်တတ်ပါသည်။ ငွေဝင်ကောင်း၍ လုပ်ငန်း လူစည်တတ်သော ကာလဖြစ်ပါသည်။ ငွေကြေးကိစ္စနှင်ပတ်သက်ပြီ အရင်ကထက် အဆင်ပြေမည်။ အမည်တွင် ယရလဝ ကခဂင ပါသော အကြီးအကဲတစ်ယောက် ကူညီတတ်ပါသည်။

ငွေကြေး နှင့်ပတ်သက်လို့ ရစရာရှိတာ မရခြင်း ၊ ဆုကြေးကိစ္စ နဲ့ပတ်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်ရခြင်းတို့ဖြစ်ကိန်းရှိပါသည်။ စီးရီးထုတ်ရန် ၊ စာအုပ်ထုတ်ရန် ၊ ခရီးသွားရန် ကိစ္စများ ကြံ့ကြာနေတတ်ပါသည်။ ကားကိစ္စ၊ ငွေကြေးကိစ္စ၊ ခြံကိစ္စ၊ ကုမ္မဏီကိစ္စများ၊ လယ်ကိစ္စ၊ အိမ်ဝိုင်းကိစ္စ များ အဆင်ပြေအောင်မြင်မည်။ ရွှေဝင်ကိန်းရှိပါသည်။ အိမ်ရှိ စက်ပစ္စည်း ပျက်တတ် ထွက်တတ်ပါသည်။ စာချုပ်ချူပ်ဆိုရန်ကိစ္စများ ပျက်တတ်သည်။

အရေးကြီးကိစ္စလုပ်ရန် ရှိပါက ကြာသာပတေးနေ့တွင် စတင်လုပ်ဆောင်ပါ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့် အဆင်မပြေဖြစ်မည်။ ဆွေမျိုးသားချင်းနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်ရတတ်ပါသည်။ အိမ်ထောင်ရှင် အမျိုးသားများ စန်းပွင့် ၍ အိမ်ထောင်ရှင်မ များ စိတ်ညစ်ရသော ကာလ မျိုးလည်း ဖြစ်ပါသည်။ ငယ်ရွယ်သူ မိန်းကလေးများ စန်းအားကောင်းသော ကာလ ဖြစ်သောလည်း ချစ်သူရှိသောသူများ အချစ်ရေး ကိစ္စ ချစ်သူနဲ့ အဆင်မပြေဖြစ်တတ်ပါသည်။

ယတြာ သြဇာညွန့် (၁၄) ညွန့် လှူပေးပါ။ ခွေးအစာကျွေးပါ ။ ငါး ၂၅ ကောင် လွှတ်ပေးပါ။

သောကြာသားသမီးများ အတွက်

ဒီလအတွင်း ခရီးများနေတတ်ပါသည်။ ဟိုသွားချင် ဒီသွားချင်ဖြစ်နေတတ်ပါသည်။ ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်း ၊ သစ်လုပ်ငန်း ၊ ရွှေလုပ်ငန်း ၊ လုပ်သူများ အောင်မြင်မှုရမည်။ ထွက်ထားသော ရွှေများ ပြန်ဝင် ကိန်း ရှိပါသည်။ ကျန်းမာရေး ညံ့တတ်သည်။ ဆေးခန်း ၊ ဆိုင်ခန်း ကိစ္စ အဆင်ပြေအောင်မြင်မည်။ စက်ပစ္စည်း ဝင်ကိန်း ရှိပါသည်။ ဆွေမျိုးသားချင်း ၊ အကြီးအကဲ/ အိမ်ထောင်ဘက် ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါသည်။

တနင်္ဂနွေ ၊ ကြာသပတေး သား အိမ်ထောင်ဘက် ရှိလျှင် စန်းပွင့်တတ်ပါသည်။ ငွေ အသုံးအစွဲ များတတ်ပါသည်။ တနင်္ဂနွေ ၊ ကြာသပတေး သမီး များကို ငွေမချေးပါနှင့် ဆုံးတတ်ပါသည်။ ဝင်သမျှ ငွေ ထွက်ကိန်း ရှိပါသည်။ စပ်တူကိစ္စ ၊ စက်ပစ္စည်း ကိစ္စဖြင့် ရှိသမျှ ငွေ ထွက်ကိန်း ရှိပါသည်။ လုပ်ငန်း တိုးချဲ့သူများ ရင်းနှီးမြုတ်နှံထားရသော ကာလဖြစ်ပါသည်။ အကျိုးအမြတ်မရနိုင်သေးပါ။ ပစ္စည်းများ ရှိပြီး ငွေ ပြန် ငွေနည်းနေသော ကာလ ဖြစ်ပါသည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး အဆင်မပြေဖြစ်မှုများ ကြားမှ နားလည်မှု လေးများ ပြန်ရတတ်ပါသည်။ ချစ်သူရည်းစားများ အနေနဲ့ ချစ်သူ၏ စားပြီးနာမလည် လုပ်တာမျိုး ခံရတတ်ပါသည်။ ချစ်သူသည် မိမိမဟုတ်သော တစ်ခြားကောင်မလေး တစ်ယောက်နှင့် အီစီကလီ ဖြစ်နေသည့် သတင်းကြားရတတ်ပါသည်။ ချစ်သူ စန်းပွင့်လို့ သဝင်တိုဖြစ်နေရမည့်ကိန်းရှိပါသည်။

ယတြာ သပြေပန်းလှူပေးပါ။ သောက်တော်ရေ ၄ ခွက် လှူပေးပါ။ သီလရှင်ကို သင်္ကန်း လှူပေးလိုက်ပါ။

စနေသားသမီးများ အနေနဲ့

ငွေကြေးကံကောင်းနေသလိုလို နဲ့ ပြန်ကုန်သွားတတ်ပါသည်။ ခရီးများ ထွက်ရကိန်းရှိပါသည်။ မိတ်ရင်းဆွေရင်း ငွေချေးငှားခြင်း သတိထားပါ။ ချေးထားသောငွေ ပြန်ပေးရန် ကတိပျက်တတ်ပါသည်။ ဝန်ထမ်းလုပ်သူများအနေနဲ့ အလုပ်အကိုင် ပြောင်းရတော့ မလိုလိုနှင့် မပြောင်းဖြစ်ပဲ ရှိနေတတ်ပါသည်။

နိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်း ၊ငွေ ၊ကျောက် ၊ ကား ၊ ကွန်ပျူတာ ၊ ကုန်စုံဆိုင်လုပ်ငန်းများ အကျိုးပေးအောင်မြင်မည် ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့်ပတ်သက်ပြီး အဆင်ပြေနေတတ်ပါတယ်။ အိမ်ဆောက်မည့်သူများ ကြံံ့ကြာတတ်ပါသည်။ ချစ်သူရှိသူများ ကံကောင်းမလိုလိုနှင့် ချစ်သူနဲ့ အဆင်မပြေဖြစ်တတ်ပါသည်။

မထင်မှတ်ပဲ ခရီးထွက်ဖြစ်တတ်ပါသည်။ ဆရာသမား ၊ အကြီး အကဲ ၊ မိတ်ရင်းဆွေရင်းကြောင့် စိတ်ညစ်ရတတ်ပါသည်။ ဝန်ထမ်းလုပ်သူများ အလုပ်ထဲ တွင် မနာလို သူ များကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါသည်။ အလုပ်ပြောင်းချင်သလို မပြောင်းချင်သလိုဖြစ်တတ်ပါတယ်။

စီးပွားရေးလုပ်သူများ အတင်မကျ ဖြစ်နေမည်။ စက်ပစ္စည်းနဲ့ပတ်သတ်သော လုပ်ငန်း ၊ဆိုင်လုပ်ငန်း ၊ ဆေးလုပ်ငန်း ၊စပ်တူလုပ်ငန်းများ ဝင်ငွေအားနည်းနေမည်။ အလကားနေရင် စိတ်ရှုပ်နေမှု ၊ စိတ်လေနေမှုများ ဖြစ်နေတတ်ပါသည်။

ယတြာ မိမိ၏ မွေးနေ့တွင် ငှက်လွှတ်ပေးပါ။ ငါးအစာကြွေးပါ။ ခို အစာကြွေးပါ။

Sir Min Thu Kha

Post a Comment

0 Comments