ထင်းခုတ်သမား ဘာလုပ်မလဲ

တခါတုန်းက မြစ်ငယ်တခုရဲ့ ကမ်းနားဘေးမှာ သစ်ပင်လေး တပင် ရှင်သန်နေသလို အဲဒိသစ်ပင်ရဲ့ အရိပ်ကို ခိုနေတဲ့ မိချောင်း နှစ်ကောင်ကလည်း မြစ်ထဲမှာ နေထိုင်နေကြသည်။ သစ်ပင်ရဲ့ အောက်ခြေ အခေါင်းပေါက်ထဲမှာ မြွေတကောင်ကလည်း နေထိုင်နေသလို အဲဒိမြွေကို စားချင်နေသည့် နှစ်ပေါင်းများစွာ ချောင်းနေသော ထိုနားဝန်းကျင် ကျင်လည်နေသည့် ခြင်္သေ့ကြီး တကောင်လည်း ရှိသည် ။

တနေ့တွင် ထင်းခုတ်သား လုလင်သည် ထင်းရရန် အတွက် လိုက်ရှာဖွေနေရင်း ကမ်းနာတွင် ရှင်သန်နေသော သစ်ပင်ကို ဝမ်းသာအားရ အားကြိုးမာန်တက်ဖြင့် ခုတ်လှဲနေသည် ။ ထိုအချိန် လူ၏ အနံ့ကို ရသော သစ်ခေါင်းထဲမှ မြွေသည် ကိုက်ခဲရန် ထွက်လာသောအခါ ထင်းခုတ်သား လုလင်သည် ပုဆိန်ဖြင့် ထိုမြွေကို ခုတ်ဖြတ်ဖို့ မေ့လျော့လျက် ကြောက်လန့်ကာ ပုဆိန်ကို ပြစ်ချ၍ အပင်ပေါ်သို့ အတင်း တက်ပြေးလေသည် ။

ထင်းခုတ်သမား၏ အဖြစ်ကို မြင်နေသော မိချောင်းနှစ်ကောင် ကလည်း အပင်မှ ပြုတ်ကျလာလျင် ကိုက်သတ်စားရန် အရန်သင့် စောင့်ဆိုင်းနေလေသည်။ ခြင်္သေ့ကြီးကလည်း တွင်းခေါင်းထဲမှ ထွက်လာသော မြွေကိုမြင်ကာ အခွင့်ရေးကျပြီ ဟု ဆိုတာ ထိုမြွေ၏ အဆင်းကို အောက်မှ စောင့်မျှော်နေလေသည် ။

ထင်းခုတ်သမားသည် သစ်ကိုင်းအား တွဲခိုလျှက် အခက်ခဲဖြင့် ရင်ဆိုင်နေရတဲ့ အချိန် လွတ်မြောက်ရန်အတွက် လက်နက်ဆိုတာလည်း ဘာမျှမရှိ ဦးနှောက်ကို အသုံးချပြုမှ အသက်ဘေးက လွတ်မြောက်မည်ကို သုံးသပ်မိလိုက်သည်။ အောက်ကိုပြုတ်ကျ၍ စားသောက်ရန် အသင့်စောင့်နေသော မိချောင်းနှစ်ကောင်ကို ကြည့်ကာ အားပါးတရ ဟားတိုက်ကာဖြင့် ရယ်လိုက်လေသည် ။

မိချောင်းနှစ်ကောင်သည် ထင်းခုတ်သမား၏ အဖြစ်သနစ်ကို ကြည့်၍ အသက်ဘေးနဲ့ ရင်ဆိုင်နေရတာတောင် ရယ်နိုင်သေးတယ် ဘာကြောင့်များလည်းဟု မေးမြန်းလိုက်လေ၏။ ထင်းခုတ်သမားက " ငါရယ်လိုက်ရတဲ့ အကြောင်းက တခြားမဟုတ် မြွေကိုက်၍ အောက်ကို ပြုတ်ကျခဲ့လျှင် ငါ့ခန္ဓာသည်ကား ပကတိခန္ဓာကို အနေထားမျိုး မဟုတ်တော့ အဆိပ်သင့် နေတဲ့ခန္ဓာ အဆိပ်တုံးကြီးသာ ဖြစ်တယ်

အဆိပ်တွေ ဖုံးလွှမ်းနေတဲ့ ငါ့ခန္ဓာကိုယ်ကို သင်တို့စားသောက်ခဲ့ရင် ငါ့လိုပဲ သင်တို့လည်း မကြာမီအချိန်မှာ အဆိပ်သင့်လို့ သေရတော့မည် ကို တွေး၍ ဒါကို မသိရလေသလား ဟု သင်တို့ရဲ့ အတွေးခေါ်ဉာဏ်သည် နုံချာလွန်းလှ၍ ငါသည် ရယ်မောရခြင်း ဖြစ်တယ် " လို့ ဖြေလေ၏။

မိချောင်းနှစ်ကောင်သည် ဖြစ်လာမယ့် ဖြစ်စဉ်ကို ပြန်သုံးသပ် လိုက်သောအခါ လုလင်ပြောတာ ဟုတ်နေတာပဲ ဆိုကာဖြင့် မိချောင်းများသည် ထိန့်လန့်ကာ နေလေ၏။

ထင်းခုတ်သမား လုလင်သည် မြွေဘက်သို့ လှည့်၍ " အသင်မြွေမင်း ငါ့ကို သင် ကိုက်လိုက ကိုက်လို့ရပါသည် သို့သော်လည်း ငါသေသလို သင်လည်း ခြင်္သေ့က ပြန်လည် ကိုက်သတ်၍ သေရမည့်သူသာ ဖြစ်၏ " လို့ ပြောလိုက်လေသော အခါ ခြင်္သေ့ကလည်း

" လုလင်ပြောတာ မှန်၏ သင့်ကို စားချင်သည်မှာ နှစ်ပေါင်းများမက စောင့်စားခဲ့ရသည် သည်နေ့တော့ စောင့်ရကျိုးနပ်ပြီ " လို့ ခြင်္သေ့က မြွေကို ပြောလိုက်သောအခါ မြွေကလည်း " ခြင်္သေ့ကြီး သင်ဟာ ငါ့ကို သုံးချက်လောက် ကိုက်ပါက သင့်ကို ငါတချက်လောက်တော့ ပြန်ကိုက်နိုင်သေး၏ သင့်ကြောင့် ငါသေရသလို သင်လည်း ငါ့ရဲ့အဆိပ်ကြောင့် သေရမည် မဟုတ်လား " ဟု မြွေက ပြောပြလေ၏ ။

အားလုံးဟာ အပြန်အလှန် သေရတော့မည်ကို ကြောက်လန့်ကြသော အခါ မိချောင်းက " အသင်လုလင် ငါတို့သည် အဆိပ်သင့်နေသော သင့်ခန္ဓာကိုယ်အား လုံးဝ အလိုမရှိ ။ " ခြင်္သေ့ကြီးကလည်း " အသင်မြွေမင်း တဝမ်းဝရုံဖြင့် ငါ့အသက်အား မလဲနိုင် " ။ မြွေကလည်း " အသင်လုလင် ငါမသိသော ငါ့အသက်အန္တရာယ်ကို သင်ဖော်ပြပေး၏ ၊ ကျေးဇူးရှင် ဖြစ်သော သင့်အား ငါသည်မကိုက်လို " ဟု ဆိုကြကာ အားလုံး နောက်ဆုတ် လိုက်ကြလေသည် ။

တယောက်နှင့် တယောက် အသက်အန္တရာယ် အခက်ခဲတို့ကို အတူဖြေရှင်းကြ၍ ဒီပုံပြင်ထဲက သတ္တဝါလေးများသည် မေတ္တာတွေ ဂဟေဆက် ပေါင်းဖတ်ကာ သင့်မြတ်သွားကြလို့ တသက်လုံး အတူတကွ နေထိုင် သွားကြလေသည်။

လူတိုင်းမှာ အခက်အခဲဆိုတာ ရှိပါတယ် ။ အခက်အခဲတို့ဖြင့် ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ မိတ်ဆွေ အပေါင်းတို့နှင့် အတူတကွ ပေါင်းဖော်ဖြေရှင်းသင့် သလို ဘဝအတွက် ပြဿနာတွေကို ကိုယ်ရဲ့ တကယ့်ရန်သူ ဖြစ်နေသော်လည်း သူပါဝင်မှသာ အဆင်ပြေမယ် ဆိုရင်လည်း အတူတကွ ရင်ဆိုင် ဖြေရှင်းရမည်သာ ဖြစ်သည် ။

crd

Post a Comment

0 Comments