ခေတ်ဟောင်းမှာ ချန်ထားသင့်ပြီဖြစ်တဲ့ မိတ်ကပ်လိမ်းခြယ်နည်း (၆) မျိုး

မိတ်ကပ်လိမ်းခြယ်နည်းတွေက တစ်နှစ်နဲ့တစ်နှစ် မတူဘဲ ပြောင်းလဲနေပါတယ်။ တချို့ makeup trick တွေက ခေတ်ဟောင်းမှာ ကျန်ခဲ့ပါပြီ။ ခေတ်ဟောင်းမှာ ချန်ထားသင့်တဲ့ မိတ်ကပ်လိမ်းခြယ်နည်း တစ်ချို့ကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ မျက်လုံးကို အနက်ရောင် အလွန်ခြယ်ခြင်း

ဘယ်အရာမှမဆို အလွန်အကျွံ လုပ်တာက မကောင်းပါဘူး။ သင့်မျက်လုံးတစ်ဝိုက်မှာ အနက်ရောင်၊ မီးခိုးရောင်တွေ အလွန်အကျွံ လိမ်းခြယ်တာက သင့်ရဲ့လှပတဲ့မျက်နှာလေးကို မပေါ်လွင်စေတော့ပါဘူး။ ဒေါသကြီးတဲ့အသွင်၊ စိတ်အလိုမကျတဲ့အသွင် ဖြစ်သွားစေပါတယ်။

၂။ နှုတ်ခမ်းအပြင်ဘက်အထိ နှုတ်ခမ်းနီဆိုးခြင်း

အရင်တုန်းကတော့ နှုတ်ခမ်းဖူးဖူး ပြည့်ပြည့်လေး ဖြစ်စေဖို့ နှုတ်ခမ်းနီကို နှုတ်ခမ်းဘေးသားတွေအထိရောက်အောင် ဆိုးကြပါတယ်။ အဲဒီလို နှုတ်ခမ်းဘေးသားတွေအထိရောက်အောင် ဆိုးတာက လူတိုင်းနဲ့ မလိုက်ဖက်ပါဘူး။ မလှတဲ့အပြင် ဆပ်ကပ်ထဲက လူပြက်နဲ့ ပိုတူသွားမှာပါ။

၃။ မျက်တောင်ကို အလွန်ကော့ခြင်း

မျက်တောင်ကော့တာက ကိုယ့်ရဲ့အလှကို ပိုပေါ်လွင်စေပါတယ်။ Mascara တွေ အရမ်းသုံးပြီး မျက်တောင်ကို ကော့ထားတာက ခေတ်ဟောင်းမှာ ကျန်ခဲ့ပါပြီ။ သဘာဝဆန်တဲ့ မျက်တောင်ကသာ သင့်အလှကို ပိုပြီး ပေါ်လွင်စေမှာပါ။

၄။ အရမ်းထူတဲ့မျက်ခုံး သို့မဟုတ် အရမ်းပါးတဲ့ မျက်ခုံး

မျက်ခုံးက မျက်နှာအလှအပအတွက် မရှိမဖြစ် လိုအပ်တဲ့အရာပါ။ ဒါပေမယ့် မျက်ခုံးကို အရမ်းထူအောင် ဆွဲထားရင်၊ အရမ်းသေးအောင် ဆွဲထားရင် သင့်အလှက သဘာဝ မဆန်တော့ဘဲ ရှိရင်းစွဲအလှတောင် ပျက်သွားမှာပါ။

၅။ အသားညိုတဲ့အသွင်

အသားညိုတဲ့သူက ဖြူချင်ပြီး ဖြူတဲ့သူက ညိုချင်ကြပါတယ်။ သဘာဝအတိုင်း အသားညိုချင်ရင် နေပူဆာလှုံလို့ ရပါတယ်။ ဒါပေမယ့် မိတ်ကပ်တွေ သုံးပြီး အသားညိုအောင်လုပ်ရင် အရောင်တွေ မညီမညာနဲ့ ကြောက်စရာ ကောင်းသွားစေပါတယ်။

၆။ Vamp makeup

Vamp makeup လိမ်းခြယ်နည်း ကို ဖင်ရှင်မဂ္ဂဇင်းတွေနဲ့ ဖက်ရှင်ရှိူးတွေမှာ သုံးကြပါတယ်။ ဒါပေမယ့် ပြင်ပအချိန်မှာ vamp makeup လိမ်းခြယ်နည်းကို သုံးရင်တော့ သင့်အလှက အရိုင်းဆန်သွားမှာပါ။ ပြီးတော့ အိုမင်းတဲ့အသွင်ကို ဆောင်ပြီး ဒေါသကြီးသူ တစ်ယောက်အဖြစ် မြင်ရစေမှာပါ။

သင့်ကိုအချိန်တိုင်း ကျက်သရေရှိရှိ လှနေစေဖို့

- သဘာဝဆန်ဆန် လိမ်းခြယ်ပါ။

- မိတ်ကပ်ကို ခပ်ပါးပါး လိမ်းခြယ်ပါ။

- မျက်နှာရဲ့ အလှဆုံးအစိတ်အပိုင်းကိုသာ ပေါ်လွင်အောင် လိမ်းခြယ်ပါ။

- ယုံကြည်မှုရှိရှိ နေထိုင်ပါ။

Zombie (lovemedia)

Post a Comment

0 Comments